ရန်ကုန်မြို့ရှိ ရွှေသံလွင် ဘိုးဘွားရိပ်သာမှ လူ ၈၆ ဦးတွင် ကိုဗစ်-၁၉ ကူးစက်ထားခံရကြောင်း စမ်းသပ်တွေ့ရှိသည်ဟု ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်များ၏ အဆိုအရ သိရသည်။
ထိုဘိုးဘွားရိပ်သာသည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိပြီး အသက် ၇၀ မှ ၉၀ ကြား ဘိုးဘွား ၆၆ ဦးကို လက်ခံထားကြောင်း မြို့နယ် ကျန်းမာရေး အာဏာပိုင်များ၏ အဆိုအရ သိရသည်။
ထိုရိပ်သာတွင် နေထိုင်သော ဝန်ထမ်းအများစုပါဝင်သည့် အခြားသူ ၅၆ ဦးလည်း ရှိသည်။
ဝန်ထမ်း ၅ ဦးနှင့် ၎င်းတို့၏ ဆွေမျိုးများ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကူးစက်ခံရပြီးနောက် ကြာသပတေးနေ့အထိ ဘိုးဘွား ၆၆ ဦးအနက် ၆၂ ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း မြို့နယ်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အေးမူယာကျော်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
နာတာရှည်ရောဂါရှိသည့် သက်ကြီးရွယ်အို လေးဦးအပါအဝင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၈၆ ဦးကို ရန်ကုန်မြို့ သုဝဏ္ဏရှိ ယာယီ ကိုဗစ်-၁၉ ကုသရေးစခန်းတွင် ကုသပေးနေပြီး ရိပ်သာမှ ဘိုးဘွား ၄၈ ဦးနှင့် ဝန်ထမ်း ၂၂ ဦးကို သာကေတမြို့နယ် ဖေါ်ကျွန်းပလာဇာမှ ယာယီဆေးရုံတွင် ကုသပေးနေသည်။
သွေတိုးနှင့် ဆီးချိုအပါအဝင် ရောဂါအခံရှိ သက်ကြီးရွယ်အို ကိုဗစ်-၁၉ လူနာများကို ရန်ကုန်ရှိ လှည်းကူးမြို့နယ်မှ ဖေါင်ကြီး ကိုဗစ်-၁၉ ကုသရေးယာယီစခန်းတွင် ကုသပေးနေကြောင်း ဒေါက်တာအေးမူယာကျော်ပြောသည်။
ကူးစက်ခံရသော ရိပ်သာဝန်ထမ်း ၂ ဦးကိုလည်း ဖေါင်ကြီးကိုဗစ်-၁၉ ကုသရေးစခန်းတွင် ကုသပေးနေသည်။ ဆေးရုံရှိ သက်ကြီးရွယ်အိုလူနာ ၁၀ ဦးကို စောင့်ရှောက်ရန် ထိုလူနာ ၂ ဦးကို တာဝန်ပေးထားသည်။
“သက်ကြီးရွယ်အိုလူနာတွေမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာ မပြဘူး” ဟု ဒေါက်တာအေးမူယာကျော်ပြောသည်။
ကူးစက်ခံရသော ရိပ်သာမှ အခြားဝန်ထမ်း ၂၆ ဦးနှင့် ဘိုးဘွား ၄ ဦး တို့ကို ထိုစင်တာတွင်ပင် သီးခြားခွဲထားစောင့်ကြည့်နေသည်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများ၏ ၆၆ ရာခိုင်နှုန်းသည် အသက် ၆၀ အထက်များဖြစ်ကြောင်း ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် တလတအတွင်း ပထမဆုံး ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုတွေ့ရှိသည့် သြဂုတ်လ ၁၆ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းနှင့် ရင်ဆိုင်နေရသည်။
သြဂုတ်လ ၁၆ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှု ၃၅၆၅၁ ခုနှင့် သေဆုံးမှု ၈၇၄ ခု ရင်ဆိုင်ရပြီး မတ်လ ၂၃ ရက်နေ့နှင့် သြဂုတ်လ ၁၆ ရက်အတွင်းက ကူးစက်မှု ၃၇၄ ခုနှင့် သေဆုံးမှု ၆ မှုသာရှိသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
တနင်္လာနေ့နံနက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့်သေးဆုံးသူ ၈၈၀ နှင့် ပြန်လည်ကောင်းမွန်လာသူ ၁၇၀၇၆ ဦးအပါအဝင် ကူးစက်မှု ၃၆၀၂၅ ရှိသည်။
ကိုဗစ်-၁၉ အဓိက ကူးစက်ရာ ရန်ကုန်တွင် တနင်္ဂနွေနေ့မွန်းတည့်ချိန်အထိ ကူးစက်မှု ၂၈၅၂၆ ခုရှိပြီး ရခိုင်ပြည်နယ်တွင် ကူးစက်မှု ၂၅၀၀ ကျော်ဖြင့် ဒုတိယအများဆုံးရှိနေသည်။
You may also like these stories:
သွေးရည်ကြည်လှူဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်
ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားရာနေ အသက် ၆၀ ကျော်သူများ ကြိုတင်မဲပေးနိုင်
ကိုဗစ်လူနာတချို့ မိသားစုဝင် လိုက်ပါစောင့်ရှောက်နိုင်