Coronavirus Update

ကမ္ဘာတဝှမ်း COVID-19 ကူးစက်လူနာပေါင်း သန်း ၅၀ ကျော်ပြီ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပြီးနောက် ကူးစက်လူနာပေါင်း သန်း ၅၀ ကျော်လွန်သွားပါပြီ။ အောက်တိုဘာလဟာ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းရဲ့ ကူးစက်မှုနှုန်းအများဆုံးလဖြစ်ပြီး ရက် ၃၀ အတွင်းမှာ လက်ရှိ ကူးစက်ခံရသူ အားလုံးရဲ့ ၄ ပုံ ၁ ပုံ အရေအတွက်ထိ ရှိခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုအများဆုံး အမေရိကန်နိုင်ငံကတော့ အဆိုးဆုံး ကူးစက်ခံနေရပြီး နေ့စဉ် ကူးစက်လူနာပေါင်း ၁၀၀,၀၀၀ ကျော်ထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ဥရောပနိုင်ငံတွေမှာလည်း ကူးစက်မှု နှုန်း တဟုန်ထိုး မြင့်တက်လာတဲ့ နိုင်ငံအရေအတွက်တွေ ပိုများလာပါတယ်။

လွန်ခဲ့တဲ့ တပတ်အတွင်း ကမ္ဘာတဝှမ်း COVID-19 ကူးစက်လူနာပေါင်း ၅၄၀,၀၀၀ ကျော် စံချိန်တင် ကူးစက်ခံရပြီးနောက် စုစုပေါင်း ၅၀,၇၃၉,၅၁၆ ကျော် ရှိလာခဲ့တာပါ။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံကနေ စတင်ကူးစက်ခဲ့တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါကြောင့် သေဆုံးသူဟာ ၁,၂၆၂,၁၄၇ ဦး ရှိသွားပါပြီ။

COVID-19 ကူးစက်မှုနှုန်းဟာ လတ်တလော ကာလအတွင်းမှာ လျင်လျင်မြန်မြန် မြင့်တက်နေပါတယ်။ ကမ္ဘာပေါ်မှာ ကူးစက်လူနာ သန်း ၃၀ ကနေ ၄၀ ရောက်တဲ့အထိ ရက်ပေါင်း ၃၂ ရက် ရှည်ကြာခဲ့ပေမယ့် သန်း ၄၀ ကနေ သန်း ၅၀ ကျော်လွန်သွားတဲ့အထိ ရက်ပေါင်း ၂၁ ရက်သာ ကြာမြင့်ခဲ့ပါတယ်။

ဥရောပတိုက်ဟာ ယခင် ကူးစက်မှု အဆိုးဆုံး လက်တင်အမေရိကနိုင်ငံတွေကို ကျော်လွန်ပြီး တကမ္ဘာလုံးရဲ့ COVID-19 သေဆုံးလူနာ ၂၄ ရာခိုင်နှုန်းထိ ရှိလာပါပြီ။ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ဥရောပနိုင်ငံတွေမှာ ၃ ရက်အတွင်း ကူးစက်လူနာ ၁ သန်းနှုန်း မြင့်တက်နေပြီး ဒါဟာ တကမ္ဘာလုံးအတိုင်းအတာရဲ့ ၅၁ ရာခိုင်နှုန်းထိ ရှိလာတယ်လို့ ဆိုပါတယ်။

 

ပြင်သစ်နိုင်ငံဟာ လတ်တလော ရက်သတ္တပတ်အတွင်းမှာ နေ့စဉ် ကူးစက်ခံလူနာပေါင်း ၅၅,၀၀၀ နီးပါး ရှိလာပြီး ကမ္ဘာပေါ်မှာ ဒုတိယ ကူးစက်လူနာ အများဆုံး အိန္ဒိယနိုင်ငံထက်တောင် ကူးစက်မှုနှုန်း မြင့်တက်နေပါတယ်။ အထူးသဖြင့် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နိုင်ငံတွေဟာ COVID-19 ဒုတိယလှိုင်းကာလရဲ့ အဆိုးဆုံးဒဏ် ခံနေရပါတယ်။

နေ့စဉ် ကူးစက်မှုနှုန်း ၁၀၀,၀၀၀ ကျော်လာတဲ့ အမေရိကန်နိုင်ငံတဝှမ်း ကူးစက်မှုတွေဟာ ရွေးကောက်ပွဲကာလအတွင်းမှာ စတင်မြင့်တက်လာခဲ့တာပါ။ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရဆိုရင် နိုဝင်ဘာ ၇ ရက် တနေ့တည်း ကူးစက်မှုနှုန်း ၁၃၀,၀၀၀ ကျော်နဲ့ စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။

အာရှတိုက်မှာတော့ COVID-19 ကူးစက်မှု ဒုတိယအများဆုံး အိန္ဒိယနိုင်ငံဟာ ဟိန္ဒိူဘာသာရေးပွဲတော် ကာလအတွင်း စက်တင်ဘာလကစလို့ နေ့စဉ်ကူးစက်မှုနှုန်းတွေ တဖြည်းဖြည်း ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။ စုစုပေါင်း ကူးစက်လူနာ ၈ ဒသမ ၅ သန်းကျော်ရှိပြီး နေ့စဉ် ကူးစက်မှုနှုန်း ၄၆,၀၀၀ ဝန်းကျင်သာ ရှိပါတယ်။

Ref: Reuters

You may also like these stories:

မလေးရှားမှာ ကိုဗစ် ကူးစက်မှု များလာတာကြောင့် Lockdown ကာလ ထပ်တိုးမြင့်

တရုတ်နိုင်ငံတွင်းသို့ ကိုဗစ် ကူးစက်မှုများတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ပင်

အမေရိကန်မှာ ရွေးကောက်ပွဲကာလအတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading