• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်ပြီ

by Aurora
11 November 2020
in Coronavirus Update
A A
အမေရိကန်နိုင်ငံဟာ COVID-19 ကာကွယ်ဆေးကို စောင့်မျှော်နေချိန်မှာပဲ ကူးစက်နှုန်းတွေ တရိပ်ရိပ် မြင့်တက်နေပါတယ်။

အမေရိကန်နိုင်ငံဟာ COVID-19 ကာကွယ်ဆေးကို စောင့်မျှော်နေချိန်မှာပဲ ကူးစက်နှုန်းတွေ တရိပ်ရိပ် မြင့်တက်နေပါတယ်။

3.5k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်ခံရသူ ၁၀ သန်း ကျော်လွန်တဲ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါပြီ။ ဒါဟာ စတင်ကူးစက်ချိန်ကစလို့ ၁၀ လအတွင်းမှာပဲ ယခုလို အတိုင်းအတာထိ ရောက်လာခဲ့တာဖြစ်တယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကူးစက်မှုနှုန်း ဆက်တိုက်ဆိုသလို မြင့်တက်နေတဲ့ အမေရိကန်မှာ ၁၀ ရက်တည်းနဲ့ ၁ သန်းကျော် ကူးစက်ခံရတာပါ။ ဒါဟာ အရင်ကထက် ကူးစက်မှုအရေအတွက် အချိန်တိုအတွင်း မြန်လာတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံတွင်းက ပြည်နယ် ၄၃ ခုမှာ ယခင်အပတ်ကထက် ကူးစက်မှုနှုန်း မြင့်တက်လာတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်က ဖော်ပြထားပါတယ်။

RelatedPosts

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.2k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k
မော်လမြိုင်မြို့

မော်လမြိုင်မြို့

8 June 2025
642

ပြည်နယ်တွေမှာ ကူးစက်မှု ရာခိုင်နှုန်း ယခင်အပတ်တွေကထက် ၃၄ ရာခိုင်နှုန်း မြင့်တက်လာပေမယ့် ဆေးစစ်နှုန်းကတော့ ၇ ဒသမ ၄၁ ရာခိုင်နှုန်းသာ တိုးတက်လာပါတယ်။ “ဒီ့ထက်ပိုပြီး ဆေးစစ်မှုနှုန်း ပိုများဖို့ လိုနေပါပြီ။ အခုက ရောဂါကူးစက်မှုနှုန်းက ဆေးစစ်နှုန်းထက် ပိုမြန်မြန်တက်နေတယ်” လို့ ဟားဗတ်တက္ကသိုလ်၊ ဆေးပညာဌာန ပါမောက္ခ ဒေါက်တာ Rochelle Walensky က ဆိုပါတယ်။

ကူးစက်မှုနှုန်းတွေ မြင့်တက်လာသလို သေဆုံးနှုန်းလည်း မြင့်တက်လာကာ စုစုပေါင်း ၂၃၈,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အခုလို COVID-19 ကူးစက်မှုနှုန်း၊ သေဆုံးနှုန်းတွေ မြင့်တက်လာချိန်မှာ ကာကွယ်ဆေး မျှော်လင့်ချက် ရောင်ခြည်တွေလည်း မြင်တွေ့နေရပါပြီ။

အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer က စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်မှာ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ နိုဝင်ဘာ ၉ ရက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါဟာ စေတနာ့ဝန်ထမ်း ၄၃,၀၀၀ ကျော်ကို စမ်းသပ်ခဲ့ရာမှာ အခုလို အောင်မြင်မှုရလဒ် ထွက်ပေါ်လာခဲ့တာပါ။ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဌာနက ခွင့်ပြုချက်ရမယ်ဆိုရင် ဒီနှစ်ထဲမှာပဲ သန်း ၅၀ ကျော် ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

အမေရိကန်နိုင်ငံဟာ COVID-19 ကာကွယ်ဆေးကို စောင့်မျှော်နေချိန်မှာပဲ စတင်ကူးစက်ခံရချိန်တည်းက တခါမှ မကြုံတွေ့ဖူးတဲ့ ကူးစက်နှုန်းတွေနဲ့ တရိပ်ရိပ် မြင့်တက်နေပါတယ်။ ယခင်အပတ်ကစပြီး ကူးစက်မှု ၁၀၀,၀၀၀ ကျော်မှာ ဆက်တိုက်ရှိနေပြီး ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၇ ရက်ကဆို ရင် ၂၄ နာရီအတွင်း ကူးစက်လူနာပေါင်း ၁၃၀,၀၀၀ နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ အပတ်ကစပြီး ပြည်နယ် ၂၃ ခုမှာ စံချိန်တင် ကူးစက်မှုနှုန်းတွေ ရှိလာခဲ့ပါတယ်။ သေဆုံးနှုန်းတွေလည်း မြင့်လာတယ်။ ဒီအတိုင်းဆိုရင် ရှေ့လာမယ့်အပတ်တွေမှာ COVID-19 ကူးစက်မှုက ဘယ်လိုဖြစ်လာနိုင်မလဲ စဉ်းစားကြည့်လို့တောင် ရနေပြီ” လို့ ဒေါက်တာ Walensky က ဆိုပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်

ရွေးချယ်တင်မြှောက်ခံရတဲ့ အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း တာဝန် စယူပြီဆိုတာနဲ့ နိုင်ငံတွင်းမှာ ကြုံတွေ့ခံစားနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအရေးကို ဦးစားပေး ကိုင်တွယ် ဖြေရှင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ဒန်ဟာ COVID-19 ကူးစက်ပျံ့နှံ့တာကို ကာကွယ်နိုင်ဖို့အတွက် ပြည်နယ် ၅၀ စလုံးမှာ နှာခေါင်းစည်း Mask တပ်ရမယ့် စည်းမျဉ်းပြဌာန်းဖို့အတွက် လုပ်ဆောင်သွားချင်တဲ့ ဆန္ဒရှိနေပါတယ်။ လက်ရှိမှာတော့ ပြည်နယ်အားလုံး နီးပါးမှာ Mask စဉ်းမျဉ်းတွေ ရှိနေပေမယ့် တချို့ပြည်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ထားတာမျိုး မရှိသေးပါဘူး။

“Mask တပ်ကြဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။ ဒါဟာ ကိုယ့်အတွက်၊ အနီးနားကသူတွေ ကောင်းဖို့အတွက်ပါ။ နိုင်ငံရေးအရ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံကို အခြေအနေဆိုးကနေ ဆွဲတင်နိုင်ဖို့ အားလုံး Mask တပ်ကြပါ” လို့ ရွေးချယ်ခံ သမ္မတ ဂျိုးဘိုင်ဒန်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

Ref: edition.cnn

You may also like these stories:

တရုတ်နိုင်ငံတွင်းသို့ ကိုဗစ် ကူးစက်မှုများတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ပင်

ကမ္ဘာတဝှမ်း COVID-19 ကူးစက်လူနာပေါင်း သန်း ၅၀ ကျော်ပြီ

Pfizer ရဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ၉၀ ရာခိုင်နှုန်းအောင်မြင်

Your Thoughts …
Tags: Maskကူးစက်မှုဂျိုးဘိုင်ဒန်အမေရိကန်နိုင်ငံ
Aurora

Aurora

Contributor

Similar Picks:

ကမ်မလာ ဟဲရစ် နောက်ကွယ်က ဆီလီကွန် ဗယ်လီ ရဲ့ အချမ်းသာဆုံး အမျိုးသမီး တဦး

ကမ်မလာ ဟဲရစ် နောက်ကွယ်က ဆီလီကွန် ဗယ်လီ ရဲ့ အချမ်းသာဆုံး အမျိုးသမီး တဦး

by ဧရာဝတီ
29 September 2024
1.7k

ဂျိုးဘိုင်ဒန်ကို သမ္မတ ပြိုင်ဆိုင်မှု လမ်းကြောင်းကနေ ထွက်ခွာစေပြီး ဟဲရစ် အတွက် လမ်းကြောင်း ပွင့်စေခဲ့မှုမှာ မစ္စ ပေါ်ဝဲက နောက်ကွယ်ကနေ အရေးပါတဲ့ အဓိကနေရာက ပါဝင်ခဲ့တယ် လို့လည်း…

ထရမ့်က ဂျိုးဘိုင်ဒန် လက်ထက် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပြဌာန်းချက် တချို့ကို ရုပ်သိမ်း

ထရမ့်က ဂျိုးဘိုင်ဒန် လက်ထက် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပြဌာန်းချက် တချို့ကို ရုပ်သိမ်း

by ဧရာဝတီ
2 February 2025
555

ဗဟိုတရားရုံးက ပိတ်ပင်ခဲ့တဲ့ ဘိုင်ဒန်ရဲ့ ဥပဒေ ပြဌာန်းချက်ကို ဒေါ်နယ်ထရမ့် ခန့်အပ်ထားတဲ့ ပို့ဆောင်ရေး ဝန်ကြီး Sean Duffy က ပြန်လည် ပြင်ဆင်ဖို့ အတည်ပြုခဲ့တာပါ။

စစ်တပ်ရဲ့အကြမ်းဖက်မှုကို မထောက်ခံဖို့ တရုတ်အစိုးရကို တောင်းဆို (ရုပ်/သံ)

စစ်တပ်ရဲ့အကြမ်းဖက်မှုကို မထောက်ခံဖို့ တရုတ်အစိုးရကို တောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
3 November 2024
346

စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ သတ်ဖြတ်မှုတွေကို တရုတ်အနေနဲ့ထောက်ခံအားပေးတာတွေ မလုပ်ဖို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက အသိပေး ဆန္ဒထုတ်ဖော်လိုက်ကြပါတယ်။

ကျနော်တို့မှာ ကျနော်တို့ပဲရှိတယ် (ရုပ်/သံ)

ကျနော်တို့မှာ ကျနော်တို့ပဲရှိတယ် (ရုပ်/သံ)

by ဧရာဝတီ
21 October 2024
277

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး တိုက်ပွဲမှာ ပြည်သူတွေဟာ နည်းအမျိုးမျိုးနဲ့ ပါဝင်နေကြပါတယ်။ ဒီအထဲမှာ တပိုင်တနိုင်စျေးရောင်းပြီး ရန်ပုံငွေရှာပေးနေကြတဲ့ ပြည်သူတွေလည်း ပါဝင်ပါတယ်။

လေဘာတီရုပ်ထုရဲ့ သရဖူမှာ ပါဝင်တဲ့ အချွန် ၇ ခုဟာ တိုက်ကြီးခုနှစ်တိုက်ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်

လူအများစု မသိသေးတဲ့ အမေရိကန် ပြည်ထောင်စု အကြောင်း

by ဟယ်လ်သင်
25 June 2018
13.6k

အမေရိကန်နိုင်ငံမှာ တနေ့ကို ပျမ်းမျှအားဖြင့် ကြက်သားစားသုံးမှုနှုန်းဟာ ကြက်အကောင်ရေ ၂၂ သန်း အထိ ရှိပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း  / ဧရာဝတီ

ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြိုးပမ်းမှု မြန်မာနှင့် မဆိုင်ဟု စစ်ကောင်စီ ကြေညာ

by ဧရာဝတီ
10 August 2021
21.9k

ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်စဉ်သည် အမေရိကန်နိုင်ငံအတွင်း လက်ခံ နေထိုင်ခွင့်ပြု ထားသူများ အကြား ဖြစ်ပွားသည့် ပြည်တွင်း ဖြစ်စဉ်သာဖြစ်သောကြောင့် အမေရိကန်နိုင်ငံ၏ ဥပဒေအရ တရားစီ ရင်ခြင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Next Post
ဝါရင့်သရုပ်ဆောင် Song Jae Ho

ကိုရီးယား ဝါရင့်သရုပ်ဆောင် Song Jae Ho ကွယ်လွန်

စတော့ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်ပြီး အကောင်းမြင် တုံ့ပြန်ခဲ့ကြသည် / Getty Images 

Pfizer အမေရိကန် ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate