Coronavirus Update

ဂျပန်မှာ COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်

Want create site? Find Free WordPress Themes and plugins.

နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပြန်မြင့်တက်လာနေတဲ့ ဂျပန်နိုင်ငံမှာ COVID-19 ကာကွယ်ဆေးတွေကို အခမဲ့ ထိုးနှံပေးသွားမယ်လို့ အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။ ၁၂၆ သန်းသော ပြည်သူအားလုံးအတွက် ကာကွယ်ဆေးကို အစိုးရက အကုန်ကျခံပေးသွားမှာပါ။

လက်ရှိမှာတော့ ယူကေမှာ စတင်ထိုးနှံတော့မယ့် Pfizer နဲ့ BioNTech ပူးပေါင်းထုတ်လုပ်မယ့် ကာကွယ်ဆေးကို သန်း ၆၀ အတွက် ပြင်ဆင်နေပြီး Moderna ကထုတ်မယ့် ကာကွယ်ဆေးကိုတော့ ၂၅ သန်းအတွက် ပြင်ဆင်နေပါတယ်။ AstraZeneca ကာကွယ်ဆေးကိုတော့ သန်း ၁၂၀ စာ မှာယူသွားဖို့ ရှိနေပါတယ်။

Pfizer နဲ့ Moderna ဆေးတွေကတော့ စမ်းသပ်ရေးပိုင်း အောင်မြင်ပြီးနောက် အမေရိကန်နဲ့ ဥရောပတိုက်မှာ အရေးပေါ်အသုံးပြုခွင့်တွေ လျှောက်ထားဆဲ အခြေအနေကို ရောက်နေပါပြီ။

ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် ဆေးရုံတွေမှာ မနိုင်မနင်း ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးခဲ့သလို၊ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း တိုင်းပြည်မှာ အမြင့်ဆုံး တပ်လှန့်သတိပေးပြီး ၂ ပတ် အကြာမှာ အထက်လွှတ်တော်က ပြည်သူတွေကို ကာကွယ်ဆေး အခမဲ့ထိုးနှံပေးဖို့ကို အတည်ပြုပေးခဲ့တာပါ။

ဂျပန်နိုင်ငံမှာ နေ့စဉ် ကူးစက်မှုနှုန်းတွေ မြင့်တက်လာပြီး ကူးစက်ခံရသူပေါင်း ၁၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၁၀၀ ကျော်နေပေမယ့် ဘယ်နေရာကိုမှ တင်းကျပ်တဲ့ Lockdown ချ ကန့်သတ်တာမျိုး မပြုလုပ်သေးပါဘူး။ မကြာခင် ရက်သတ္တပတ်ကစလို့ နိုင်ငံတဝှမ်း ကူးစက်မှုတွေ မြင့်တက်လာပြီး တတိယလှိုင်းအစကို ရင်ဆိုင်နေရပါတယ်။

တိုကျိုမြို့တော်မှာလည်း ဒီဇင်ဘာ ၂ ရက်က ကူးစက်မှု ၅၀၀ ကျော်ရှိခဲ့ပြီး အရင်ရက်တွေထက် ကူးစက်မှုနှုန်း မြင့်တက်လာပါတယ်။ နိုဝင်ဘာ တလလုံးမှာတော့ ကူးစက်ခံလူနာ ၁၀,၀၀၀ နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း နိုဝင်ဘာ ၁၉ ရက်ကစလို့ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အခြေအနေကို စတုတ္ထဆင့် တပ်လှန့် သတိပေးထားခဲ့ပါတယ်။

တိုကျိုမြို့တော်တဝိုက် ဒေသခံတွေကို မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ အရက်၊ ဘီယာဆိုင်တွေကို ပုံမှန်ထက် အချိန်စောပိတ်ကြဖို့ တိုကျိုအုပ်ချုပ်ရေးမှူးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ကူးစက်မှုအများဆုံး အသက်အရွယ်ကတော့ ၂၀ ကျော် အရွယ်တွေဖြစ်ပြီး အဲဒီ့နောက်မှာတော့ ၃၀ ကျော်နဲ့ ၄၀ ကျော် အရွယ်တွေလည်း ဒုတိယအများဆုံး ကူးစက်ခံနေရပါတယ်။

တနိုင်ငံလုံးမှာတော့ နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ချက်အရ ၂,၀၀၀ ကျော် ကူးစက်ခံရပြီး သေဆုံးသူ ၄၁ ဦး ရှိခဲ့ပါတယ်။ ဒါဟာ တနိုင်ငံလုံးမှာ ကူးစက်မှု ၂,၀၀၀ ဝန်းကျင် ရှိလာတာ ၉ ရက် ဆက်တိုက်ဖြစ်လာပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။

Ref: France 24 , Japan Times

You may also like these stories:

ယူကေရဲ့ ကာကွယ်ဆေး ခွင့်ပြုချက်ဟာ အလျင်စလိုနိုင်တယ်လို့ ဝေဖန်ခံရ

ကမ္ဘာမှာ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ပထမဆုံး ခွင့်ပြုလိုက်တဲ့ ယူကေ

အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးက ဘာ့ကြောင့် ကမ္ဘာကို ပိုအကျိုးများစေနိုင်သလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading