• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ယူကေမှာ ပထမဆုံးအကြိမ် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

by Aurora
8 December 2020
in Coronavirus Update
A A
ယူကေမှာ ပထမဆုံး ကိုဗစ် ကာကွယ်ဆေး ထိုးခဲ့တဲ့ အမျိုးသမီး

ယူကေမှာ ပထမဆုံး ကိုဗစ် ကာကွယ်ဆေး ထိုးခဲ့တဲ့ အမျိုးသမီး

9.1k
VIEWS
Share on FacebookShare on Twitter

ယူကေဟာ COVID-19 ကာကွယ်ဆေးကို ကပ်ရောဂါကာလအတွင်း အထင်ကရ ဖြစ်ရပ်အဖြစ် ဆေးဝါး စမ်းသပ်ရေးပြင်ပ ပထမဆုံး ထိုးနှံပေးလိုက်တဲ့ အနောက်အုပ်စု နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါပြီ။ Pfizer နဲ့ BioNTech ဆေးကို ပထမဆုံး ထိုးနှံခွင့်ရသူက အသက် ၉၀ နှစ်အရွယ် Margaret Keenan ပါ။

ယူကေမှာ ခွင့်ပြုပေးခဲ့ပြီး ၁ ပတ် မပြည့်ခင်မှာပဲ ဒီဇင်ဘာ ၈ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီ ၃၁ မိနစ်မှာ Coventry က တက္ကသိုလ်ဆေးရုံမှာ ထိုးနှံခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
368
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
821
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

နောက်တပတ်မှာ အသက် ၉၁ နှစ်ပြည့်တော့မယ့် Margaret က ပထမဆုံး ထိုးနှံခွင့်ရတဲ့အတွက် အခွင့်ထူး ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ “ကျမ ရချင်တဲ့ အကောင်းဆုံး မွေးနေ့အကြို လက်ဆောင်ပါပဲ။ အခုဆို New Year မှာ မိသားစု၊ မိတ်ဆွေ အပေါင်းသင်းတွေနဲ့ အတူတူ ဖြတ်သန်းနိုင်တော့မယ်” လို့ ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေကို ဦးစားပေး ထိုးနှံသွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးရာမှာ ကူညီနေတဲ့ သူနာပြုဆရာမ May Parsons ကတော့ အခုလို သမိုင်းဝင် ဆေးထိုးနှံရေးမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

“အရင်လတွေတုန်းက NHS မှာ အလုပ်လုပ်နေရတာ အရမ်းကို ပင်ပန်းဆင်းရဲခဲ့တာပါ။ အခုတော့ မျှော်လင့်ချက်လမ်းစကို မြင်နေရပါပြီ” လို့ မစ္စ Parsons က ပြောပါတယ်။

ယူကေဟာ COVID-19 ကာကွယ်ဆေးကို သန်း ၄၀ မှာယူထားပြီး ပထမသုတ်အနေနဲ့ ၈၀၀,၀၀၀ စတင်ထိုးနှံပေးနေတာပါ။ ဆေးကို ၃ ပတ်အကြာ ၂ ကြိမ် ထိုးနှံပေးရမှာဖြစ်လို့ နိုင်ငံရဲ့ လူဦးရေ သုံးပုံတပုံနီးပါး လုံလောက်မှု ရှိတယ်လို့ ဆိုပါတယ်။

နောက်ထပ် COVID-19 ကာကွယ်ဆေး Moderna ကို ၇ သန်း မှာယူထားပြီး လာမယ့်အပတ်မှာ အရေးပေါ် အသုံးပြုခွင့် ပေးသွားဖို့ ရှိပါတယ်။ အင်္ဂလန်တဝှမ်းမှာတော့ ကာကွယ်ဆေးထိုးဖို့ ဆေးရုံ ၅၀ ကျော် ပြင်ဆင်ထားသလို၊ ဝေလနဲ့ စကော့တလန်မှာတော့ ဆေးရုံ ဒါဇင်နဲ့ချီ ပြင်ဆင်နေပါတယ်။

ပထမဆုံး ထိုးနှံခဲ့တဲ့ အဘွား Keenan က နောက် ၃ ပတ်နဲ့ ၄ ပတ်အကြာမှာ ဒုတိယအကြိမ် ထိုးနှံဖို့ ဆေးရုံကို ပြန်လာရမှာပါ။ အစိုးရက ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေအရ ပထမတကြိမ် ဆေးထိုးပြီးသူတိုင်းကို နောက်တကြိမ် ထိုးနှံရမယ့် ချိန်းဆိုချက် ပါဝင်တဲ့ Credit card အရွယ်အစား ကာကွယ်ဆေး အချက်အလက် မှတ်တမ်း ပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်မှာ အသက် ၈၀ နှင့်အထက် အဘိုးအဘွားတွေနဲ့ သက်ကြီး စောင့်ရှောက်ရေးဂေဟာရှိ ဝန်ထမ်းတွေ၊ Social worker တွေနဲ့ ရှေ့တန်းကနေ ကာကွယ်ကုသပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ခေါ်ယူထားပါတယ်။

အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာန (FDA) ကလည်း Pfizer ရဲ့ ကာကွယ်ဆေးကို ယူကေရဲ့ MHRA အတိုင်း အရေးပေါ်သုံးစွဲခွင့်ပြုဖို့ လာမယ့်အပတ်မှာ ခွင့်ပြုပေးသွားဖွယ်ရှိပါတယ်။ European Medicines Agency ကတော့ ဒီဇင်ဘာ ၂၉ ရက်မှာ သုံးစွဲခွင့်ပြုဖို့အတွက် ဆုံးဖြတ်သွားမယ်လို့ ကြေညာထားပါတယ်။

Ref: edition.cnn

You may also like these stories:

တောင်ကိုရီးယားအစိုးရက ကိုဗစ် ကာကွယ်ဆေး ၄၄ သန်းစာ ကြိုတင် မှာယူထား

ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုလိုက်တဲ့ ဒုတိယမြောက်နိုင်ငံ ဘာရိန်း

Your Thoughts …
Tags: Covid-19 ကာကွယ်ဆေးယူကေ
Aurora

Aurora

Contributor

Similar Picks:

မန္တလေးတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို အကြမ်းဖက် ဖမ်းဆီး ရိုက်နှက်ခဲ့သည့် အာဏာသိမ်းတပ်  / ဧရာဝတီ

အာဏာသိမ်း စစ်တပ် လူ့အခွင့်အရေး လေးစားလိုက်နာရန် နိုင်ငံတကာ သတိပေးထုတ်ပြန်

by ဧရာဝတီ
15 October 2021
9.5k

အာဏာသိမ်း စစ်တပ်အနေဖြင့် လူ့အခွင့်အရေး လေးစားလိုက်နာရန်နှင့် နိုင်ငံခြားသားများနှင့် မမျှမတ ဖမ်းဆီးထား သူများအား ချက်ချင်း လွှတ်ပေးရန် အမေရိကန် အပါအဝင် နိုင်ငံအချို့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

Brit ဂီတဆုပေးပွဲ

ဗြိတိန်မှာ လူဦးရေ ထောင်ကျော် ပါဝင်မယ့် ဂီတဆုပေးပွဲ မေလထဲ ကျင်းပမည်

by Aurora
26 April 2021
9.7k

ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ ဇွန် ၂၁ ရက်နောက်ပိုင်း ကိုဗစ် မတိုင်ခင် အချိန်အတိုင်း ပြန်ရောက်စေရမယ်လို့ ပြောထားတဲ့ ကတိအတိုင်း စတင်စမ်းသပ် လုပ်ဆောင်နေတာပါ။

ကိုဗစ် ကာကွယ်ဆေးသစ် Novavax

ယူကေမှာ ကိုဗစ် ကာကွယ်ဆေးသစ် Novavax ၉၀ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိ

by Aurora
2 February 2021
8.6k

ယူကေမှာ စမ်းသပ်ချက်အရ Novavax ဟာ ထိရောက်မှု ၉၅ ရာခိုင်နှုန်းလောက်ရှိတဲ့ Pfizer BioNTech နဲ့ Moderna ဆေးတွေ နီးပါး ထိရောက်မှု အာနိသင် ရှိတယ်လို့ ဆိုပါတယ်။

အိမ်မွေးတိရစ္ဆာန်ကနေ လူကို ဗိုင်းရပ်စ်ကူးတယ်ဆိုတဲ့အချက်ကိုတော့ သက်သေ မရှိသေးပါဘူး။

ယူကေမှာ ပထမဆုံးအကြိမ် အိမ်မွေးကြောင်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်

by Aurora
28 July 2020
26k

တာဝန်ရှိသူတွေကတော့ ကြောင်ကနေ လူကို ဗိုင်းရပ်စ်ကူးစက်တာမျိုး သက်သေပြစရာ မရှိတဲ့အပြင် တခြား အိမ်မွေးတိရစ္ဆာန်တွေကနေလည်း ကူးစက်တာမျိုး မရှိသေးဘူးလို့ ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်ဟာ အရှေ့အာရှနိုင်ငံတွေထဲ ယူကေဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း တွေ့ရှိတဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။

ထိုင်ဝမ်မှာ ယူကေ ဗိုင်းရပ်စ်မျိုးကွဲသစ် ၅ ဦးမြောက် ကူးစက်ထားသူ တွေ့ရှိ

by Aurora
8 January 2021
2.2k

မျိုးကွဲသစ် ကူးစက်ခံထားရသူ ၅ ဦးထဲမှာ အသက် ၇၀ ကျော်အရွယ် ဗြိတိန်နိုင်ငံသားတဦးသာ ပြင်းထန် လက္ခဏာတွေ ပြနေပြီး ကျန် ၄ ဦးကတော့ အခြေအနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ပြင်သစ်မှာလည်း COVID-19 အမျိုးအစားသစ် ကူးစက်ခံထားရသူ တွေ့ရှိထားပါတယ်။

COVID-19 အမျိုးအစားသစ် ယူကေ အပါအဝင် ၁၆ နိုင်ငံမှာ ကူးစက်ပျံ့နှံ့

by Aurora
28 December 2020
2.6k

လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ COVID-19 အမျိုးအစားသစ် ကူးစက်ခံနေရတာ ယူကေ အပါအဝင် ၁၆ နိုင်ငံထိ ရှိလာပါပြီ။

Next Post
မစ်ဆုဘိရှိသည် ရန်ကုန် မြို့ပတ်ရထားလမ်းအတွက် တွဲ ၆၆ တွဲ နှင့် ရန်ကုန်-မန္တလေး ရထားလမ်းအတွက် တွဲ ၁၈၀ ရောင်းချမည်ဖြစ်သည်

မစ်ဆုဘိရှိက မြန်မာကို ရထားတွဲများ ရောင်းချမည်

အဆိုတော် တင်ဇာမော်  /  Tin Zar Maw's Facebook

ရန်ကုန်တက္ကသိုလ် ရာပြည့်အတွက် တင်ဇာမော်ရဲ့ သီချင်းအသစ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.3k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate