Coronavirus Update

နိုင်ငံဦးစားပေး ကာကွယ်ဆေး ဝယ်ယူမှုတွေကို ကုလအတွင်းရေးမှူးချုပ် သတိပေး

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံဖို့အတွက် တကမ္ဘာလုံးက စောင့်ဆိုင်းနေချိန်မှာ ဆင်းရဲတဲ့ ပြည်သူတွေကို ဖယ်ခွာပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတွေက ကိုယ့်နိုင်ငံဉ်ီးစာပေး ကာကွယ်ဆေး ရရှိရေးမူဝါဒတွေ အလျင်အမြန် ကြီးထွားလာနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုလိုက်ပါတယ်။

ဗိုင်းရပ်စ် ကာကွယ်ဆေးဟာ လူတိုင်း၊ နေရာတိုင်း ရရှိနိုင်မယ့် ကမ္ဘာသုံးပစ္စည်းတခု ဖြစ်လာရမှာဖြစ်ပြီး အထူးသဖြင့် အာဖရိကတိုက်လို နေရာမျိုးတွေက ရရှိဖို့ ပိုလိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ COVAX (ကမ္ဘာ့ပေါ်က ဆင်းရဲဆုံးပြည်သူတွေဆီထိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပေးပို့နိုင်ဖို့ ရည်ရွယ်ထားတဲ့ စီမံချက်) အတွက် နောက် ၂ လအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ တောင်းခံလိုက်ပါတယ်။

အာဖရိကသမဂ္ဂနဲ့ တွေ့ဆုံ ဆွေးနွေးပွဲအပြီး အတွင်းရေးမှူးချုပ် Guterres က COVAX ကသာ အာဖရိကတိုက်နဲ့ တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရောက်ရှိနိုင်ဖို့ အာမခံပေးနိုင်မယ့် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း အရင်ပတ်က ကုလသမဂ္ဂ ထိပ်တန်းခေါင်းဆောင်းများအဆင့် အစည်းအဝေးမှာ COVID-19 ကပ်ရောဂါကြီး ပြီးဆုံးဖို့ မျှော်လင့်ချက်ရောင်ခြည် မြင်နေရပြီလို့ ပြောကြားခဲ့သလို၊ ကာကွယ်ဆေးကလည်း တဦးတယောက်တည်းအတွက် မဟုတ်ဘဲ ကမ္ဘာသုံးပစ္စည်း ဖြစ်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ယူကေ နဲ့ ရုရှားနိုင်ငံတွေမှာ အရေးပေါ်အသုံးပြုခွင့်တွေ ပေးခဲ့ပြီး COVID-19 ကာကွယ်ဆေးကို စတင်ထိုးနှံနေသလို၊ ကူးစက်မှုအများဆုံး အမေရိကန်မှာလည်း ကာကွယ်ဆေး ထိုးနှံခွင့်ပေးဖို့ လာမယ့် ရက်ပိုင်းမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ကနေဒါနိုင်ငံကလည်း Pfizer ကာကွယ်ဆေးကို ခွင့်ပြုပေးလိုက်ပြီလို့ ဒီဇင်ဘာ ၉ ရက်က ကြေညာလိုက်ပါတယ်။

အတွင်းရေးမှူးချုပ် Guterres က အာဖရိကတိုက်ရှိ ၅၄ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂ ဒသမ ၃ သန်းကျော် ရှိတယ်လို့ တရားဝင် ထုတ်ပြန်ထားပြီး သေဆုံးသူကတော့ ၅၅,၀၀၀ ကျော် ရှိနေပါပြီ။ တကမ္ဘာလုံးမှာ ကပ်ရောဂါကြီး ပြီးဆုံးသွားဖို့ဆိုရင် နေရာတိုင်း အထူးသဖြင့် ကပ်ရောဂါအခြေအနေကြောင့် ငွေကြေး ကျပ်တည်းနေတဲ့ အာဖရိကနိုင်ငံတွေဆီပါ ရရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အာဖရိက ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စင်တာရှိ ဒါရိုက်တာ John Nkengasong ကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်ကုန်ပိုင်းလောက်ထိ အာဖရိကနိုင်ငံတွေမှာ စတင်ထိုးနှံနိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။ “ကာကွယ်ဆေး ရနေပြီဆိုတာတောင် အာဖရိကနိုင်ငံတွေက လျစ်လျူရှုခံထားနေရတယ်” လို့ ဆိုပါတယ်။

“အကယ်၍ အာဖရိကတိုက်ကို ကာကွယ်ဆေး မပေးနိုင်ဘူးဆိုရင် ကမ္ဘာ့ကပ်ရောဂါကြီးကို တိုက်ဖျက်နိုင်မှာ မဟုတ်ဘူး” လို့ အတွင်းရေးမှူးချုပ် Guterres က ထပ်မံ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုပေါင်း သန်း ၇၀ ကျော်လွန်သွားပါပြီ။ သေဆုံးသူကတော့ ၁ ဒသမ ၅ သန်းကျော် ရှိကာ သန်း ၅၀ နီးပါး ပြန်လည် သက်သာလာနေပြီလို့ ဆိုပါတယ်။

Ref: The Korea Times

You may also like these stories:

ဗြိတိန်မှာ ထိုးနှံပေးနေတဲ့ ကိုဗစ် ကာကွယ်ဆေးနဲ့ ဓာတ်မတည့်သူတွေ ရှိလာ

ယူကေမှာ ပထမဆုံးအကြိမ် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

တောင်ကိုရီးယားအစိုးရက ကိုဗစ် ကာကွယ်ဆေး ၄၄ သန်းစာ ကြိုတင် မှာယူထား

Did you find apk for android? You can find new Free Android Games and apps.
Loading