Coronavirus Update

ထင်မှတ်မထားတဲ့ ကိုဗစ်ရောဂါ လက္ခဏာ ခံစားခဲ့ရတဲ့ Ellen DeGeneres

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် အစီအစဉ် တင်ဆက်သူ Ellen DeGenere ဟာ COVID-19 ကူးစက်ခံခဲ့ရကြောင်း ကြေညာခဲ့ပြီး သီတင်းတပတ်အကြာမှာပဲ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ သတင်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တုန်းက Instagram မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ တင်ဆက်သူ DeGeneres က သူ့အတွက် ဆုတောင်းပေးခဲ့ကြသူ အားလုံးကို ပထမဆုံး ကျေးဇူးတင်စကား ဆိုခဲ့ပြီး အခုတော့ ရာနှုန်းပြည့် သက်သာနေပါပြီလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူက ထင်မှတ်မထားတဲ့ အဖျားရောဂါ လက္ခဏာဖြစ်တဲ့ ကျောကုန်း နာကျင်မှု ဝေဒနာကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

သူက “ရှင်တို့ကို မပြောပြရသေးတဲ့ အရာတခုကတော့ ပြင်းထန်တဲ့ ကျောကုန်းနာကျင်မှုကို ကျမ ခံစားခဲ့ရတယ်ဆိုတာပါပဲ။ အဲ့ဒါက ရောဂါလက္ခဏာ ဆိုတာကို မသိခဲ့ဘဲ ကျမက ကျောကုန်းနာနေတယ်လို့ပဲ လူတချို့ကို ပြောခဲ့မိပါတယ်။ ဘယ်သူ သိမှာလဲ ဒီလိုဖြစ်လာမယ်ဆိုတာ။ ကျောကုန်းနာကျင်မှုက တော်တော်လေးကို ဆိုးရွားပါတယ်” လို့ ဗီဒီယိုထဲမှာ ပြောကြားခဲ့ပါတယ်။

အသက် ၆၂ နှစ်အရွယ် DeGeneres က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သူ COVID-19 ကူးစက်ခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးတဲ့နောက် အခုတော့ အခြေအနေ ပြန်ကောင်းပြီ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ သူရဲ့ Follower တွေအနေနဲ့လည်း ကျန်းမာ ဘေးကင်းစေဖို့ ခွန်အားပေးခဲ့ပါတယ်။ အခုသူ့ရဲ့ Talk Show အစီအစဉ်ဖြစ်တဲ့ “The Ellen DeGeneres Show” ရိုက်ကူးရေးကိုလည်း ဇန်နဝါရီလအထိ ရပ်ဆိုင်းထားပါတယ်။

တင်ဆက်သူ DeGeneres ဟာ အခု၂၀၂၀ ပြည့်နှစ်အတွင်းမှာ COVID-19 ကူးစက်မှုလို ခက်ခဲကြမ်းတမ်းမှု တခုတည်းကို ဖြတ်သန်းခဲ့ရတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း သူ့ရဲ့ အစီအစဉ်ဟာ ကြမ်းတမ်းခက်ထန်တဲ့ လုပ်ငန်း ပတ်ဝန်းကျင်ဖြစ်ကြောင်း စွပ်စွဲခံခဲ့ရပြီး DeGeneres ကိုယ်တိုင်ကလည်း စိတ်ဓာတ် ယုတ်မာ နိမ့်ကျသူဖြစ်တဲ့အကြောင်း စွပ်စွဲခဲ့ခဲ့ရပါတယ်။ အဲ့ဒီအတွက်ကြောင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေက သူ့ဘက်ကနေ ကာကွယ်ပြောကြားပေးခဲ့ရပါတယ်။

အစီအစဉ် အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အဲ့ဒီအစီအစဉ်ရဲ့ ထိပ်တန်းထုတ်လုပ်သူ ၃ ဦး နုတ်ထွက်ခဲ့ရပြီး DeGeneres ကတော့ အပြောင်းအလဲတွေ လုပ်သွားမှာ ဖြစ်ပြီး ကဏ္ဍသစ်တခုမှာ စတင်မှာ ဖြစ်တယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။

Ref: cnalifestyle

Did you find apk for android? You can find new Free Android Games and apps.
Loading