Coronavirus Update

မလေးရှားနိုင်ငံကို Pfizer-BioNTech ကာကွယ်ဆေး ဖေဖော်ဝါရီတွင် ရောက်မည်

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံဟာ Pfizer-BioNTech ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအသုတ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထဲ ရောက်ရှိလာမယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ Bernama နေ ဒီဇင်ဘာ ၁၉ ရက်က ဖော်ပြသွားပါတယ်။

မလေးရှားနိုင်ငံဟာ Pfizer-BioNTech ဗိုင်းရပ်စ် ကာကွယ်ဆေး ၁၂ ဒသမ ၈ သန်း ဝယ်ယူဖို့ သဘောတူထားတယ်လို့ နိုဝင်ဘာလက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သဘောတူညီထားချက်အရ Pfizer ကနေ ကာကွယ်ဆေး ပထမအသုတ်ကို ၂၀၂၁ ခုနှစ် ပထမလေးလပတ် အတွင်းမှာ ပေးပို့သွားမှာ ဖြစ်ပါတယ်။ ပထမအသုတ် ၁၂ ဒသမ ၈ သန်းပြီးတာနဲ့ ၁ ဒသမ ၇ သန်း၊ ၅ ဒသမ ၈ သန်းနဲ့ ၄ ဒသမ ၃ သန်း ဆက်တိုက်ဆိုသလို ပို့ဆောင်ပေးသွားမှာပါ။

အစိုးရတာဝန်ရှိသူတွေဘက်က နောက်ထပ် စိတ်ချရတဲ့ ကာကွယ်ဆေး ရရှိအောင် တခြားဆေးဝါးကုမ္ပဏီတွေနဲ့လည်း ပြောဆို ဆွေးနွေးထားတယ်လို့ မလေးရှား ကုန်သွယ်ရေးဝန်ကြီး Mohamed Azmin Ali က ဆိုပါတယ်။

“မလေးရှားအစိုးရက ဆေးဝါးပမာဏ အလုံအလောက်ရအောင် ကြိုးစား အားထုတ်ပေးနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အကြံပေးချက်အရ ကာကွယ်ဆေးထိုးဖို့ လိုအပ်တဲ့ လူဦးရေ ပမာဏအတိုင်းရအောင် လုပ်ဆောင်နေပါတယ်” လို့ ဝန်ကြီး Mohamed Azmin က ပြောပြသွားပါတယ်။

မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin

နိုင်ငံရဲ့ သန်း ၃၀ ကျော်သော လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း (၉ ဒသမ ၆ သန်း) လောက်ပဲ ၂၀၂၁ ခုနှစ်ထဲမှာ ကာကွယ်ဆေး ထိုးပေးနိုင်မယ်လို့ ဝန်ကြီးချုပ် Muhyiddin Yassin က ပြောပါတယ်။ အစိုးရဘက်က လက်ရှိမှာ ကာကွယ်ဆေးအတွက် သဘောတူညီချက် ၂ ခု ချုပ်ဆိုထားတယ်လို့ ဆိုပါတယ်။ Pfizer-BioNTech နဲ့ ကုလသမဂ္ဂရဲ့ COVAX အစီအစဉ်ကနေ နိုင်ငံအတွက် ၁၀ ရာခိုင်နှုန်းလောက် ရရှိနိုင်မှာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံသားတိုင်းကို ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမှာဖြစ်ပြီး၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ အခံရှိသူ အသက်ရွယ်ကြီးသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ COVID-19 လှိုင်းသစ်ကြောင့် ကူစက်မှုနှုန်းမြင့်တက်နေပြီး၊ လက်ရှိချိန်ထိ ကူးစက်ခံထားရသူပေါင်း ၉၁,၉၆၉ ဦးနဲ့ သေဆုံးသူ ၄၃၃ ဦးရှိပြီ ဖြစ်ပါတယ်။

Pfizer-BioNTech ကာကွယ်ဆေးကို အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ ဂျပန်၊ ဂျာမနီ၊ ကနေဒါနဲ့ ဆွစ်ဇာလန်နိုင်ငံတွေက အသိမှတ်ပြုထားပြီး ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကနေ ၂၀၂၀ ခုနှစ်အကုန်မှာ သန်း ၅၀ ကျော် ထုတ်လုပ်သွားမှာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှာ ၁ ဒသမ ၃ ဘီလီယံ ထုတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

WHO ရဲ့ အချက်အလက်တွေအရ COVID-19 ကပ်ရောဂါကြီးကို အပြီးတိုင် ရပ်တန့်သွားဖို့ဆိုရင် ကာကွယ်ဆေး အမျိုးအစား ၁၅၀ ကျော်လောက် ထွက်နိုင်မှ ကမ္ဘာ့လူဦးရေ အကုန်လုံး လုံလောက်နိုင်မယ်လို့ ဆိုပါတယ်။

Ref: CNA

Did you find apk for android? You can find new Free Android Games and apps.
Loading