လူဦးရေ ၁.၃ ဘီလျံရှိသော အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် နိုင်ငံတကာ အသိုင်းအဝန်းကို ကူညီရန် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးအရင်းဖြင့် ထုတ်လုပ်ရန်ရည်ရွယ်ထားသည်။
ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကာတာ၊ ဘူတန်၊ ဆွစ်ဇာလန်၊ ဘာရိန်း၊ သြစတြီးယားနှင့် တောင်ကိုရီးယားတို့ကလည်း အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်ကြောင်း ဖေါ်ပြခဲ့သည်။ အိန္ဒိယ နိုင်ငံသည် ကာကွယ်ဆေးများကို အနောက်နိုင်ငံများထက် ပိုမိုဈေးသက်သာစွာ ထုတ်လုပ်နိုင်ပြီး နှိုင်းယှဉ်ချက်အားဖြင့် ပူနွေးသော အပူချိန်တွင်ထားနိုင်သည့် mRNA ကုထုံးနည်းလမ်းကာကွယ်ဆေးကို စမ်းသပ်နေသည်။
လွန်ခဲ့သောအပတ်က အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟက်စီနာ တို့ ဗီဒိယိုဖြင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး အိန္ဒိယတွင် ကာကွယ်ဆေး ထုတ်လုပ်ရရှိသောအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း ရရှိမည်ဖြစ်ကြောင်း မိုဒီက အာမခံခဲ့သည်။
အိန္ဒိယနိုင်ငံသည် ပြည်တွင်းတွင် ထုတ်လုပ်သည့် Covaxin နှင့် Covishield အပါအဝင် ကာကွယ်ဆေး အလောင်းအလျာ ၆ မျိုးကို အဆင့်အမျိုးမျိုးတွင် စမ်းသပ်နေသည်။
အခြားအိမ်နီးချင်းနိုင်ငံများသည်လည်း ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထုတ်လုပ်သော နိုင်ငံဖြစ်သည့် အိန္ဒိယကို အားကိုနေသည်။ ဘူတန်ဝန်ကြီးချုပ် လိုတေး ရှာရင်းကလည်း မိုဒီတက်ရောက်သည့် ဗီဒီယို ဆွေးနွေးပွဲတွင် ပြည်တွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအတွင်း မိုဒီ၏ ခေါင်းဆောင်မှုကို ချီးကျူးပြောကြားသည်။ ကာကွယ်ဆေးထုတ်လုပ်သောအခါ ဘူတန်နိုင်ငံအတွက် ကာကွယ်ဆေးရမည်ဖြစ်ကြောင်း မိုဒီက အာမခံသောကြောင့် ရှာရင်းက ကျေးဇူတင်ကြောင်းပြောသည်။
အိန္ဒိယနိုင်ငံသည် ပြည်တွင်းတွင် ထုတ်လုပ်သည့် Covaxin နှင့် Covishield အပါအဝင် ကာကွယ်ဆေး အလောင်းအလျာ ၆ မျိုးကို အဆင့်အမျိုးမျိုးတွင် စမ်းသပ်နေသည်။
Covaxin ကို ဟိုက်ဒရာဘတ် အခြေစိုက် Bharat Biotech နှင့် အိန္ဒိယ ဆေးသုတေသနကောင်စီက ပူးပေါင်းထုတ်လုပ်နေပြီး Covishield ကို Serum Institute of India နှင့် ထုတ်လုပ်ရေး မိတ်ဖက်ဖြစ်သည့် Oxford University နှင့် အမေရိကန် ဆေးဝါးလုပ်ငန်း AstraZeneca တို့က ထုတ်လုပ်သည်။ ရုရှားနိုင်ငံမှ Sputnik V ကာကွယ်ဆေးကိုလည်း Dr. Reddy’s Laboratories နှင့် ပူးပေါင်းစမ်းသပ်မှု ပြုလုပ်နေသည်။
နိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်ရေး အားထုတ်မှုကို တက်ကြွစွာစောင့်ကြည့်လေ့လာနေသော မိုဒီက ကမ္ဘာ့ကာကွယ်ထုတ်လုပ်ရေးလုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်းကို လုပ်ကိုင်နေသော အိန္ဒိယသည် ကမ္ဘာကို ကူးစက်ရောဂါမှ ဆွဲထုတ်ရန် အသင့်ရှိကြောင်းပြောသည်။ စက်တင်ဘာလ နှောင်းပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပြောကြားရာတွင်မိုဒီက အကျပ်အတည်းကို လူသားအားလုံး ရင်ဆိုင်ရန်အတွက် အိန္ဒိယ နိုင်ငံ၏ ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိနိုင်သည့် စွမ်းရည်ဖြင့် ကူညီမည်ဖြစ်ကြောင်းပြောသည်။
သို့သော် ပြည်တွင်းတွင်လည်း ကမ္ဘာတဝန်း ကူးစက်ရောဂါဖြစ်နေသောကြောင့် မိုဒီအစိုးရသည် အိမ်နီးချင်းနိုင်ငံများသို့ ကာကွယ်ဆေးကူညီရေးကို အာရုံစိုက်ခွင့် မပေးဘဲ ရှိနေသည်။ အိန္ဒိယနိုင်ငံတွင် ရောဂါကူးစက်မှုပေါင်း ၁၀ သန်းကျော်ပြီး ကမ္ဘာတွင် အမေရိကန် ပြီးလျှင် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်နေသည်။ သေဆုံးသူပေါင်းလည်း ၁၄၆၀၀၀ ကျော်ပြီဖြစ်သည်။
အခြားနိုင်ငံများကို ကူညီရန်ကြိုးစားနေသော်လည်း အိန္ဒိယနိုင်ငံသည် ပြည်သူ သန်း ၃၀၀ ကို သြဂုတ်လခန့်တွင် ကျယ်ပြန့်သော ကာကွယ်ဆေးဖြန့်ချိရေး စီမံချက်ကို ရေးဆွဲနေသည်။
အိန္ဒိယနိုင်ငံသည် အချို့နိုင်ငံများက စိတ်ဝင်စားပါက ထိုန်ိုင်ငံများနှင့် ကာကွယ်ဆေး ပူးတွဲထုတ်လုပ်နိုင်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဟာ့ရှ် ဗာဒန် ရှရင်ဂလာပြောသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ပြည်ပတင်ပို့နိုင်ရေးအတွက် ကာကွယ်ဆေး ပိုမိုထုတ်လုပ်ရန် နောက်ထပ်စွမ်းရည်တည်ဆောက်ရေးအတွက် အားဖြည့် စီမံချက်တခု လိုကောင်းလိုနိုင်သည်။
အိန္ဒိယနိုင်ငံသည် အချို့နိုင်ငံများက စိတ်ဝင်စားပါက ထိုန်ိုင်ငံများနှင့် ကာကွယ်ဆေး ပူးတွဲထုတ်လုပ်နိုင်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဟာ့ရှ် ဗာဒန် ရှရင်ဂလာပြောသည်။
“ကာကွယ်ဆေးရရှိရေးအတွက် နိုင်ငံအများအပြားက အိန္ဒိယကို ချဉ်းကပ်ကြတယ်” ဟု သူပြောပြီး အိန္ဒိယသည် အခြားနိုင်ငံများ ကာကွယ်ဆေးကို ကိုင်တွယ်နိုင်ရန် အအေးပေး စနစ်များ သိုလှောင်ရေး စွမ်းရည် အဆင့်မြှင့်တင်ရာတွင် ကူညီနိုင်ကြောင်း ရှင်းပြသည်။
အမေရိကန် ဆေးဝါးလုပ်ငန်း Pfizer က ထုတ်လုပ်သည့် ကာကွယ်ဆေးကဲ့သို့သော ကာကွယ်ဆေးများကို အနုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ် အောက်တွင် သိုလှောင်ရန်လိုပြီး ထိုကိစ္စသည် အန္တာတိကထက် ပိုမိုပူနွေးသော နိုင်ငံများတွင် ကာကွယ်ဆေးဖြန့်ချိရေးအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်စေသည်။
“အိန္ဒိယက တောင်အာရှက အိမ်နီးချင်းတွေကို အရင်ပေးမယ်လို့ပြောထားတယ်။ ဒါဆိုရင် တော်တော်လေး လုံလောက်နေပြီ။ အလုံးအရင်းနဲ့သာ ထုတ်လုပ်နိုင်ရင် အာဖရိကကိုလည်းပေးနိုင်တယ်။ အာဖရိကကို အိန္ဒိယက ဆေးတွေပို့နေတာ နှစ်ပေါင်းများစွာကြာပြီ။ ဒီကာကွယ်ဆေး သံတမန်ရေးရာကြောင့် အိန္ဒိယဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ အခြားဆေးဝါးထုတ်လုပ်ရာ အချက်အခြားနေရာအဖြစ် အိန္ဒိယရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်တယ်”
“အိန္ဒိယမှာ မှီခိုအားထား ယုံကြည်လောက်တဲ့ ဆေးအမြောက်အမြား ထုတ်လုပ်န်ိုင်တဲ့စွမ်းရည်ရှိတယ်။ ဒါက ကုန်ကျစရိတ်သက်သာစေပြီး များများထုတ်လေ ဈေးပေါလေပဲ ” ဟု O.P. Jindal Global University မှ သေနင်္ဂဗျူဟာရေးရာပါမောက္ခ ကန်ကက်ဂျဟာက Nikkei Asia သို့ပြောသည်။
Covaxin ကာကွယ်ဆေးကို စမ်းသပ်အောင်မြင်ပါက အိန္ဒိယသည် ထိုဆေးကို တကမ္ဘာလုံးသို့ ပို့ပေးနိုင်ကြောင်း သူပြောသည်။
“အိန္ဒိယက တောင်အာရှက အိမ်နီးချင်းတွေကို အရင်ပေးမယ်လို့ပြောထားတယ်။ ဒါဆိုရင် တော်တော်လေး လုံလောက်နေပြီ။ အလုံးအရင်းနဲ့သာ ထုတ်လုပ်နိုင်ရင် အာဖရိကကိုလည်းပေးနိုင်တယ်။ အာဖရိကကို အိန္ဒိယက ဆေးတွေပို့နေတာ နှစ်ပေါင်းများစွာကြာပြီ။ ဒီကာကွယ်ဆေး သံတမန်ရေးရာကြောင့် အိန္ဒိယဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ အခြားဆေးဝါးထုတ်လုပ်ရာ အချက်အခြားနေရာအဖြစ် အိန္ဒိယရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်တယ်” ဟု သူပြောသည်။
အိန္ဒိယနိုင်ငံသည် အနောက်နိုင်ငံများက ထုတ်လုပ်သည့် ကာကွယ်ဆေးထက် ဈေးသက်သာသော ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီး ထိုဆေးကို အပူပိုင်းအခြေအနေများတွင် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သူပြောသည်။
တချိန်တည်းတွင် အိန္ဒိယနိုင်ငံ ပြည်တွင်းထုတ် mRNA ကိုဗစ်ကာကွယ်ဆေးဖြစ်သည့် HGCO 19 သည် လူသားများတွင် စမ်သပ်ရန် နိုင်ငံ ဆေးဝါးကွပ်ကဲရေးအဖွဲ့က အတည်ပြုလိုက်သောကာကွယ်ဆေးဖြစ်သည်။ ထိုကွာကွယ်ဆေးကို ပူနေးမြို့အခြေစိုက် Gennova ဆေးဝါးလုပ်ငန်းကဖေါ်ထုတ်နေခြင်းဖြစ်ပြီး ထို လုပ်ငန်းကို အစိုးရ၏ ဇီဝနည်းပညာဌာက ကူညီနေသည်။
ထုံးစံအားဖြင့် mRNA ကိုဗစ်ကာကွယ်ဆေးများသည် အလွန်အေးသော အခြေအနေတွင် ထိန်းသိမ်းထားရန် လိုသော်လည်း အိန္ဒိယနိုင်ငံက ထုတ်လုပ်နေသည့်ဆေးသည် သိုလှောင်ရန် များစွာ ပိုမိုလွယ်ကူမည်ဖြစ်သည်။
“အရေးကြီးတာကတော့ ဒီကာကွယ်ဆေးက အောင်မြင်ရင် Pfizer နဲ့ တခြားဆေးတွေလို မဟုတ်ဘဲ သာမန် အအေးပေး အခြေအနေမှာ ( ၂ မှ ၈ ဒီဂရီ ဆဲလ်စီးယပ်) မှာ သိုလှောင်နိုင်တယ်” ဟု အိန္ဒိယ အစိုးရ၏ ထိပ်တန်းကျန်းမာရေး အကြံပေး ဗီကေ ပေါလ် ပြောသည်။
လက်ရှိအချိန် အိန္ဒိယတွင် လူသားများတွင် စမ်းသပ်နေသည့် ကာကွယ်ဆေး ၆ မျိုးအကြောင်းကိုလည်း ပေါလ် ပြောသည်။ “အစီအစဉ်တွေ ဆက်တိုက်ရှိနေတာကို တွေ့ရတယ်။ ဒါဟာ အရေးကြီးတဲ့ ဖြစ်ပေါ်တိုးတက်မှုပဲ” ဟုလည်း သူပြောသည်။
“ဝင်ငွေနိမ့်နဲ့ အလယ်အလတ်နိုင်ငံတွေ ကာကွယ်ဆေးရရှိရေးအတွက် အိန္ဒိယက အရေးပါတဲ့ အခန်းက ပါဝင်လိမ့်မယ်။ ဒီနိုင်ငံအများအပြားဟာ အနာဂတ်မှာ သူတို့ရဲ့ ကာကွယ်ဆေး လိုအပ်ချက်အတွက် အိန္ဒိယကို မှီခိုရလိမ့်မယ်”
ထို့အပြင် Serum Institute, Pfizer နှင့် Bharat Biotech တို့သည် ၎င်းတို့၏ ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုနိုင်ရန် အိန္ဒိဆေးဝါးလုပ်ငန်း ကြီးကြပ်သူများကို လျှောက်ထားကြကြောင်း သူပြောသည်။
“ဝင်ငွေနိမ့်နဲ့ အလယ်အလတ်နိုင်ငံတွေ ကာကွယ်ဆေးရရှိရေးအတွက် အိန္ဒိယက အရေးပါတဲ့ အခန်းက ပါဝင်လိမ့်မယ်။ ဒီနိုင်ငံအများအပြားဟာ အနာဂတ်မှာ သူတို့ရဲ့ ကာကွယ်ဆေး လိုအပ်ချက်အတွက် အိန္ဒိယကို မှီခိုရလိမ့်မယ်” ဟု နယူးဒေလီရှိ Lady Hardinge Medical College မှ ဆေးပညာပါမောက္ခ ဂန်ရှယမ် ပန်တေးပြောသည်။
အိန္ဒိယသည် ကာကွယ်ဆေးများကို လိုအပ်သည့် အပူချိန်တွင် သိုလှောင်နိုင်ရန် အအေးပေးစနစ်ကို မြှင့်တင်ရန်လည်း ရည်ရွယ်ထားသည်။ လူဇင်းဘတ် အခြေစိုက် ဆေးဝါးလုပ်ငန်းသုံး ရေခဲသေတ္တာ နှင့် သယ်ယူပို့ဆောင်ရေး ထည့်သွင်းစရာများ ထုတ်လုပ်သူ B Medical Systems သည် အစိုးရ၏ အကူအညီဖြင့် အိန္ဒိယတွင် စက်ရုံတရုံတည်ဆောက်ရန် မျှော်လင့်နေသည်။
“ကျနော်တို့ နည်းပညာတွေက အနုတ် ၈၀ ဒီဂရီ ဆဲလ်စီးယပ်ကနေ အပေါင်း ၂၅ ဒီဂရီ ဆဲလ်စီးယပ် အထိ လိုတဲ့ ဘယ်အရာကိုမဆို သိုလှောင်ထားနိုင်တယ်” ဟု ဒုတိယအမှုဆောင်အရာရှိချုပ် ဂျက်စယ် ဒိုရှီပြောသည်။ စီမံကိန်းအရ B Medical ၏ ပထမဆုံး လူဇင်းဘတ်နိုင်ငံပြင်ပ စက်ရုံကို အိန္ဒိယတွင် ထူထောင်ပြီး မတ်လတွင် ထိုစက်ရုံလည်ပတ်မည်ဖြစ်ကြောင်း ဒိုရှီပြောသည်။
(Nikkei Asia မှ Vaccine powerhouse India markets affordable COVID shots for Asia ကို ဘာသာပြန်ဆိုသည်။)
အိန္ဒိယထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၅ သန်း မြန်မာဝယ်ယူမည်
ကိုဗစ်ကာကွယ်ဆေးအတွက် ဒေါ်လာ ၁ ဘီလျံရရှိရေး မြန်မာကြိုးစားနေ
မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဧပြီလတွင် စ ထိုးနိုင်