“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့ အုပ်ချုပ်သည့် အထူးဒေသ(၂)နှင့် အထူးဒေသ(၄)တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု များလာသဖြင့် ဒေသတွင်း နေ ထိုင်သူ အားလုံးကို စစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအား ပိုက်စိပ်တိုက် ရှာဖွေနေသည်ဟု သတင်း ရရှိ သည်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူများကို ကုသပေးရန် ပိုက်စိပ်တိုက် ရှာဖွေနေသည့် အထူးဒေသ (၂) နှင့် အထူးဒေသ (၄) သည် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွင် တည်ရှိပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် ဒေသများ ဖြစ် သည်။
UWSA နှင့် NDAA သည် ၁၉၈၉ ခုနှစ်ကတည်းက အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားကာ ၎င်းတို့ဒေသကို အစိုးရ၏ စွက်ဖက်မှု မရှိဘဲ အုပ်ချုပ်နေပြီး လက်ရှိတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း များကို ၎င်းတို့ ဒေသ အာဏာပိုင်များ၏ အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက UWSA ၏ ဌာချုပ်စိုက်ရာလည်းဖြစ်၊ ဝ မြို့တော်လည်း ဖြစ်သည့် ပန်ဆန်းမြို့ ကို ဇန်နဝါရီ ၇ ရက်မှစ၍ Lockdown ချကာ မြို့တွင်း နေထိုင်သူအားလုံးကို ရောဂါပိုး ရှိမရှိ စစ်ဆေးမည်သတင်းမှာ မှန် ကန်ပါသည်ဟု ပြောသည်။
ဝ ဒေသတွင်း ရောဂါပိုး ကူးစက်ခံရသူဦးရေတွေ့ရှိမှုမှာ တနေ့ထက်တနေ့ များလာပြီး ဇန်နဝါရီ ၅ ရက် တရက်တည်းတွင် ထပ်တိုးလူနာ ၆၉ ဦး ရှိသည်။
ဦးညီရမ်းက “Lockdown ကာလ ဘယ်တော့ပြီးမလဲ ဆိုတာကတော့ မသိပါဘူး။ ရလာတဲ့ ရလဒ်တွေအပေါ်မှာ မူတည်ပါ တယ်” ဟု ဆိုသည်။
ဒေသတွင်း လူအားလုံးကို စစ်ဆေးသည့် အစီအစဉ် ပြုလုပ်ရခြင်းမှာ ဝဒေသတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူဦး ရေမှာ တနေ့ထက်တနေ့ တိုးလာခြင်းကြောင့် ဖြစ်သည်ဟုလည်း ဦးညီရမ်းက ပြောဆိုသည်။
ပန်ဆန်း တမြို့တည်းသာမဟုတ်ဘဲ ဝ မြောက်ပိုင်း ဒေသဟု လူသိများသည့် မိုင်းပေါက်၊ ဟိုတောင်းနှင့် မိုင်းဖျန်မြို့ရှိ နေ ထိုင်သူအားလုံးကိုလည်း တပြိုင်တည်း ရောဂါပိုး စစ်ဆေးနေခြင်း ဖြစ်သည်ဟု သိရသည်။
ဝ ဒေသ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ၂၀၂၀ ဒီဇင်ဘာ ၁၇ ရက်မှ ယနေ့ထိ လူဦးရေ ၈၆၀၀၀ ကျော် ကို ရောဂါကူးစက်ခံရခြင်း ရှိ မရှိ စစ်ဆေးရာ ၁၃၅ ဦးမှာ ရောဂါပိုး ရှိကြောင်း တွေ့ရှိထားသည်။
ဝ ဒေသတွင်း ရောဂါပိုး ကူးစက်ခံရသူဦးရေတွေ့ရှိမှုမှာ တနေ့ထက်တနေ့ များလာပြီး ဇန်နဝါရီ ၅ ရက် တရက်တည်းတွင် ထပ်တိုးလူနာ ၆၉ ဦး ရှိသည်။
ဝ ဒေသ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့၏ထုတ်ပြန်ချက်အရ ရောဂါပိုး ကူးစက်ခံထားရသူ အများစုမှာ တရုတ်နိုင်ငံဘက်မှ လာရောက် နေထိုင်သည့် တရုတ်လူမျိုးများ ဖြစ်သည်။
ဇန်နဝါရီ ၆ ရက်တွင် ဝ ဒေသတွင်း အရေးပေါ် သတိပေးချက်၂ စောင် ထုတ်ပြန်ကြေညာထားပြီး ထိုသတိပေးချက်ထဲတွင် ပြည်သူများ အာခေါင်၊ နှာခေါင်းတို့ဖတ် စစ်ဆေးရန် ဓာတ်ခွဲခန်း တာဝန်ရှိသူဝန်ထမ်းများက လိုက်လံ နှိုးဆော်မည်ဖြစ်သ ဖြင့် ပူးပေါင်း ပါဝင်ကြရန်၊ စစ်ဆေးပြီးသူများကလည်း နေအိမ်တွင်သာ နေထိုင်ပြီး အပြင်သို့ လုံးဝ သွားလာခြင်း မပြုရန် ထည့်သွင်း ရေးသားထားသည်။
ရောဂါပိုး စစ်ဆေးရာတွင် မည်သူတဦးတယောက်မှ မကျန်ခဲ့စေရန်အတွက် အားလုံးက လာရောက် စစ်ဆေးခံရန်၊ အိမ်ရှင် များအနေဖြင့်လည်း မိမိထံတွင် အိမ်ငှားနေထိုင်သူများရှိပါက ရောဂါပိုး လာစစ်ဆေးရန် ပြောဆိုရမည်ဖြစ်ကာ မစစ်ဆေး ဘဲ ကျန်ခဲ့ပါက အိမ်ရှင်များကို ထိရောက်စွာ အရေးယူမည်ဟုလည်း ဝ ဒေသ၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။
ဝ ဒေသတွင်း ရောဂါပိုး ကူးစက်ခံထားရသူများကို ၎င်းတို့ ဒေသတွင်း ပြင်ဆင်ထားသည့် ကိုဗစ်-၁၉ ရောဂါပိုးကုသရေး စင်တာများတွင်သာ ကုသနေသည်ဟု သိရသည်။
ပန်ဆန်းမြို့တွင် တရုတ်နိုင်ငံဘက်မှ လှူဒါန်းထားသည့် ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးသည့် စက်ဖြင့် ဖွင့်လှစ်ထား သည့် ဓာတ်ခွဲခန်း တခုရှိပြီး ကုသရေးပိုင်း အတွက်လည်း တရုတ်နိုင်ငံ၊ မိုင်းလင်မြို့ကြက်ခြေနီအသင်းမှ ဆေးဝါးကျွမ်း ကျင် ပညာရှင်အဖွဲ့က ဝ ကျန်းမာရေးဌာနမှ ဆရာဝန်အဖွဲ့ကို လာရောက် ကူညီပေးပြီး ရောဂါကုသရေး၊ ထိန်းချုပ်ရေးပိုင်း များကို ဆောင်ရွက်လျက် ရှိသည်။
NDAA အုပ်ချုပ်သည့် အထူးဒေသ(၄)တွင်လည်း အရေးကြီး အခြေအနေဟု ကြေညာထားပြီး၂၀၂၀ ဒီဇင်ဘာ ဒုတိယပတ် မှ စ၍ ဒေသတွင်း နေထိုင်သူ အားလုံးကို ရောဂါပိုး ရှိမရှိ စစ်ဆေးလျက် ရှိသည်။
အထူးဒေသ (၄) ၏ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က “ကျနော်တို့ ထိန်းတာတော့ အေးအေးဆေးဆေး ဖြစ်နေ ပြီ။ ပြန့်ပွားတာတော့ မရှိတော့ဘူး။ ကျနော်တို့ မိုင်းလားဒေသမှာ ၈၅၀၀၀ ကျော်ကို စစ်ဆေးပြီးပြီ။ နောက် ဆီလူး၊ နမ့်ပန်း ဘက်ကို မနက်ဖြန်က စပြီး စစ်ဆေးမယ်။ အဲဒါပြီးမှ တခွင်လုံး အခြေအနေကို ကောင်းကောင်း သိပါမယ်။ လောလော ဆယ်ကတော့ အားလုံး အေးအေးပါပဲ” ဟု ပြောသည်။
မိုင်းလားမြို့ ဧရိယာအတွင်း ရောဂါပိုး စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများ တွေ့ရှိသော်လည်း လူနာ ဦးရေ အတိအကျကို ထုတ်ဖော်ပြောဆိုရန် မရှိပါဟု ဦးကြည်မြင့်က ဆိုသည်။
အထူးဒေသ (၄) အတွင်း နေထိုင်သူအားလုံးမှာ ဒေသအလိုက် စစ်ဆေးရေးအဖွဲ့မှ လာရောက် စစ်ဆေးပေးချိန်တွင် တယောက်မကျန် ရောဂါပိုး ရှိ မရှိ စစ်ဆေးရမည်
ရောဂါပိုး တွေ့ရှိသူများကို မိုင်းလားမြို့ရှိ ကုသရေးစင်တာတွင်သာ ကုသနေပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ် နိုင်သည့် အခြေအနေတွင် ရှိပါသည်ဟုလည်း ဦးကြည်မြင့်က ပြောသည်။
အထူးဒေသ (၄) အတွင်း နေထိုင်သူအားလုံးမှာ ဒေသအလိုက် စစ်ဆေးရေးအဖွဲ့မှ လာရောက် စစ်ဆေးပေးချိန်တွင် တယောက်မကျန် ရောဂါပိုး ရှိ မရှိ စစ်ဆေးရမည် ဟုလည်း သိရသည်။
လာရောက် စစ်ဆေးခံခြင်း မပြုလုပ်ဘဲ ကျန်နေသူရှိပါက လာရောက်တိုင်ကြားနိုင်ပြီး တိုင်ကြားသူကို မြန်မာငွေ ၆ သောင်း ကျော်နှင့် ညီမျှသည့် ယွမ် ၃၀၀ ဆုငွေ ချီးမြှင့်မည်ဟုလည်း ထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ဦးကြည်မြင့်က “ဆေးတွေ ကုသဆေးတွေ တခြား လိုအပ်တဲ့ ပစ္စည်းတွေ တပ်မတော်က ၄ ခါ လာလှူပါ တယ်။ အစိုးရကလည်း မြန်မာလုပ်သားတွေ စောင့်ကြည့်ပေးတုန်းက ကျနော်တို့ကို ဆန်ဖိုး လာပေးတယ်။ တရုတ်ဘက်က လည်း ကြီးကြီးကျယ်ကျယ် ကူညီပေးတယ်။ ဆေးတွေ ထပ်ခါထပ်ခါ ပေးတဲ့အပြင် သူတို့ဆေးအဖွဲ့လူတွေ အခုထိ အလှည့် ကျလာတယ်” ဟု ပြောသည်။
အထူးဒေသ(၄) တွင်လည်း ဝ ဒေသကဲ့သို့ပင် တရုတ်နိုင်ငံဘက်မှ ဆေးပညာရှင်အဖွဲ့များမှ လာရောက်ပြီး ရောဂါ ရှာဖွေ ရေး၊ ကုသရေးပိုင်းများတွင် ကူညီပေးလျက် ရှိသည်ဟု သိရသည်။
တရုတ်နိုင်ငံဘက်မှ စေလွှတ်သည့် ဆေးပညာရှင် အဖွဲ့များမှာ တဖွဲ့ပြီးတဖွဲ့ အလှည့်ကျစနစ်ဖြင့်၂၀၂၀ ဖေဖော်ဝါရီက တည်းက မိုင်းလားနှင့်ပန်ဆန်းမြို့တို့တွင် ရောက်ရှိကာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးကို ကူညီပေးနေခြင်း ဖြစ်သည်။
အထူးဒေသ (၄) ၏ ဒု ဥက္ကဋ္ဌ တဦးလည်း ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ဦးစီးအဖွဲ့တွင်လည်း တာဝန်ခံ ဖြစ်သည့် ဦးထိန်လင်းက၂၀၂၁ ခုနှစ် နှစ်သစ်ကူးတွင် ဒေသတွင်း ရောဂါထိန်းချုပ်ရေးအတွက် တာဝန်ထမ်း ဆောင်နေသူ အားလုံးကို ဂုဏ်ပြုလွှာတစောင် ပေးပို့ကြောင်း ထုတ်ပြန်ရာတွင် ၎င်းတို့ ဒေသတွင်း ရောဂါထိန်းချုပ်ရန်မှာ အရေးကြီး အခြေအနေ ရောက်နေသည့်အပြင် ရောဂါကာကွယ်ရေး လုပ်ငန်းများမှာလည်း ရှုပ်ထွေး ခက်ခဲလှပါသည်ဟု ထည့်သွင်း ရေးသားထားသည်။
အထူးဒေသ (၄)တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် လူနာများကို ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးခြင်း ပြုလုပ်သည့် အပြင် တဖက်တွင်လည်း ကုန်ဈေးနှုန်း တည်ငြိမ်စေရန် အထူးဒေသ(၄) အာဏာပိုင်များက ၎င်းတို့ သိုလှောင်ထားသည့် အခြေခံ စားသောက်ကုန်များကို ထုတ်ရောင်းပေးခြင်း၊ ကိုဗစ်- ၁၉ ကာလအတွင်း လုပ်ငန်းများ ရပ်တန့်ထားရသဖြင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် ဒေသခံများ၊ လူနာနှင့် ထိစပ်သဖြင့် ကွာရန်တင်းစင်တာများတွင် နေထိုင်နေသူများကို နေ့စဉ် အခမဲ့ စားနပ်ရိက္ခာ ထောက်ပံ့ခြင်းများကိုလည်း ပြုလုပ်လျက် ရှိသည်ဟု သိရသည်။
အထူးဒေသ (၂) နှင့် အထူးဒေသ (၄) သည် ၂၀၂၀ နိုဝင်ဘာအထိ ရောဂါကူးစက်ခံရသူတဦးမှ မရှိခဲ့ပါ။
ရောဂါပိုး ကူးစက်ခံထားရသူမှာ တရုတ်နိုင်ငံသူတဦးဖြစ်ကာ မိုင်းလားမြို့တွင် စက်တင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၈ ရက်ထိ နေထိုင်ခဲ့သူ ဖြစ်သည်။
၂၀၂၀ ဒီဇင်ဘာ ဒုတိယပတ်မှ စ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိနေသူတဦးနှင့် မိုင်းလားမြို့တွင် နေထိုင်သူများကြား ဆက်စပ်မှု များ ရှိနေသည်ကို စတင် တွေ့ရှိခြင်း ဖြစ်သည်။
ရောဂါပိုး ကူးစက်ခံထားရသူမှာ တရုတ်နိုင်ငံသူတဦးဖြစ်ကာ မိုင်းလားမြို့တွင် စက်တင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၈ ရက်ထိ နေထိုင်ခဲ့သူ ဖြစ်သည်။
၎င်းသည် ဒီဇင်ဘာ ၉ ရက်တွင် မိုင်းလားမြို့မှ အထူးဒေသ (၂) မိုင်းပေါက်မြို့သို့ ရောက်လာကာ ၅ ရက် နေထိုင်ခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်တွင် မိုင်းပေါက်မြို့မှတဆင့် ပန်ဆန်းမြို့သို့သွားပြီး တရုတ်နိုင်ငံဘက်သို့ ပြန်သွားရာ နယ်စပ်ဂိတ်တွင် ကိုဗစ် -၁၉ ရောဂါပိုး စစ်ဆေးရာ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။
ထိုမှတဆင့် မိုင်းလား၊ မိုင်းပေါက်နှင့် ပန်ဆန်းမြို့တို့တွင်လည်း ရောဂါကူးစက်သူများ ရှိနိုင်သဖြင့် သံသယရှိသူများ၊ ထို အမျိုးသမီးနှင့် ဆက်စပ်ခဲ့သူများကို စစ်ဆေးရာ ရောဂါကူးစက်ခံထားရသူများ တွေ့ရှိလာခြင်း ဖြစ်သည်။
You may also like these stories:
တရုတ် အကူအညီဖြင့် ကိုဗစ် စစ်ဆေးသည့် ဓာတ်ခွဲခန်း တခု “ဝ” ပိုင်ဆိုင်
“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်မြို့တွင် တရုတ်နိုင်ငံသား ၂ ဦး ကိုဗစ်ကူးခံရ
တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးများ ကာရံမှု ကိုဗစ်ကာလ ယာယီဟု အကြောင်းပြ