ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ၏ မူလအစကို စုံစမ်းစစ်ဆေးမည့် အဖွဲ့တဖွဲ့ကို တရုတ်နိုင်ငံက ပြည်ဝင်ခွင့် ပိတ်ပင်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောသည်။ ၎င်းမှာ ကုလသမဂ္ဂအေဂျင်စီ တခု ဖြစ်သည့် WHO ၏ ရှားရှားပါးပါး ပြစ်တင် ဝေဖန်မှု တခုဖြစ်သည်။
တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်သော ခွင့်ပြုချက်ကို တရုတ်အာဏာပိုင်များက အတည်ပြုခြင်းမရှိဟု ပြောသောအချိန်တွင် ကုလသမဂ္ဂအဖွဲ့မှ ပညာရှင် ၂ ဦး မှာ ဝူဟန်သို့ သွားရန် သူတို့၏ မိခင်နိုင်ငံများမှ ထွက်ခွာလာခဲ့ကြပြီး ဖြစ်သည်ဟု WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောသည်။
အဆိုပါ အစီအစဉ်များကို တရုတ်နိုင်ငံနှင့် ကြိုတင် သဘောတူညီထားပြီး ဖြစ်သည်။
“ဒီသတင်းကြောင့် ကျနော် အလွန်စိတ်ပျက်မိပါတယ်” ဟု Tedros Adhanom Ghebreyesus က ဂျီနီဗာမြို့၌ ဇန်နဝါရီလ ၅ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။ “တရုတ်အဆင့်မြင့်အရာရှိတွေနဲ့ ကျနော် ဆက်သွယ်ပြီးပါပြီ။ ဒီလုပ်ငန်းက WHO နဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အတွက် ဦးစားပေးကိစ္စတခု ဖြစ် တယ်ဆိုတာ နောက်တကြိမ် ထပ်ပြီး ရှင်းလင်းအောင် ပြောကြားခဲ့ပါတယ်။”
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဝူဟန်၌ ပထမဆုံး တွေ့ရှိခဲ့ရပြီး အမျိုးအမည် မဖော်ပြနိုင်သည့် မျိုးစိတ်တမျိုးထံမှ လူသားများထံသို့ ကူးစက်လာခဲ့ဖွယ်ရာရှိသော ဗိုင်းရပ်စ်၏ မူလအစကို စုံစမ်းစစ်ဆေးရန် ကမ္ဘာပေါ်မှ ပညာရှင်များ ပါဝင်သော အဖွဲ့ တခုကို အဓိက နေရာများသို့ ဝင်ရောက်ရေး ခွင့်ပြုပေးရန် WHO မှ တာဝန်ရှိသူများက ကာလ ကြာမြင့်စွာကတည်းက စေ့စပ်ညှိနှိုင်းနေခဲ့သည်။
WHO အနေဖြင့် “အဆိုပါ လုပ်ငန်းကို ဖြစ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်ရန် စိတ်အားထက်သန်နေကြောင်း” နှင့် “ဖြစ်နိုင်သမျှ အစောဆုံး တာဝန်ချထားပေးရန်” တရုတ်အစိုးရက ၎င်း၏ ပြည်တွင်းလုပ်ထုံးလုပ်နည်းများကို အရှိန်မြှင့်နေကြောင်း အာမခံချက် ရရှိထားသည်ဟု Tedros Adhanom Ghebreyesus က ပြောသည်။
ဗီဇာပြဿနာများ ရှိပြီး အဖွဲ့ ဝင်တဦး အိမ်ပြန်သွားခဲ့ရကြောင်း WHO မှ ကျန်းမာရေး အရေးပေါ်အစီအစဉ်၏ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ Michael Ryan က ပြောသည်။ အခြားတဦးမှာ ခရီးစဉ် အကူးအပြောင်းအတွက် တတိယနိုင်ငံ တခုတွင် စောင့်ဆိုင်းနေရကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဝူဟန်၌ ပထမဆုံး တွေ့ရှိခဲ့ရပြီး အမျိုးအမည် မဖော်ပြနိုင်သည့် မျိုးစိတ်တမျိုးထံမှ လူသားများထံသို့ ကူးစက်လာခဲ့ဖွယ်ရာရှိသော ဗိုင်းရပ်စ်၏ မူလအစကို စုံစမ်းစစ်ဆေးရန် ကမ္ဘာပေါ်မှ ပညာရှင်များ ပါဝင်သော အဖွဲ့ တခုကို အဓိက နေရာများသို့ ဝင်ရောက်ရေး ခွင့်ပြုပေးရန် WHO မှ တာဝန်ရှိသူများက ကာလ ကြာမြင့်စွာကတည်းက စေ့စပ်ညှိနှိုင်းနေခဲ့သည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးမှု တခု ပြုလုပ်ရန် တောင်းဆိုသော ဆုံးဖြတ်ချက်တခုကို နိုင်ငံပေါင်း ၁၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် မေလတွင် WHO က စုံစမ်းစစ်ဆေးမှု ပြုလုပ်ရေးကို သဘောတူခဲ့သည်။
၎င်းသည် “ထောက်ပံ့ပို့ဆောင်ရေးနှင့် ဗျူရိုကရေစီဆိုင်ရာ ပြဿနာတခု သက်သက်သာ ဖြစ်လိမ့်မည်” ဟု အဖွဲ့ အနေဖြင့် မျှော်လင့်ကြောင်းနှင့် နောက်လာမည့်နာရီများတွင်း ကောင်းမွန်သော ယုံကြည်မှုနှင့်အတူ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ကာ စစ်ဆေးရေး အဖွဲ့ကို အမြန်ဆုံး တာဝန်ချထားပေးနိုင်ရေး ပြန်လည်လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ဒေါက်တာ Michael Ryan က ပြောသည်။
ကူးစက်ရောဂါ၏ ကနဦး အဆင့်များတွင် တရုတ်နိုင်ငံ၏ ကိုင်တွယ်မှုအား ဝေဖန် မှုများကို အမေရိကန်နှင့် သြစတြေးလျတို့က ဦးဆောင်ခဲ့ကြသည်။ တရုတ်အစိုးရက ရောဂါ၏ ပြင်းထန်မှုကို လျော့တွက်ခဲ့ပြီး ထိရောက်သော တုန့်ပြန်မှုတခု ပြုလုပ်ရန် အလွန်နောက်ကျသည့် အချိန်အထိ တားဆီးနေခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကပ်ရောဂါကူးစက်မှုအတွက် တရုတ်နိုင်ငံကို ထပ်တလဲလဲ အပြစ်တင် ဝေဖန်ခဲ့ပြီး အမေရိကန် နိုင်ငံအနေဖြင့် WHO နှင့် ဆက်ဆံမှုကို ရပ်ဆိုင်းပစ်မည်ဟု ကြေငြာခဲ့သည်။ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၎င်းတွင် ရှိသော သတင်းအချက်အလက်များကို လုံလောက်စွာ ထုတ်ပြန်ပေးခဲ့ခြင်း မရှိဘဲ ကမ္ဘာကို လမ်းလွဲစေရန် WHO ကို ဖိအားပေးခဲ့သည်ဟုလည်း ပြောသည်။
တရုတ်နိုင်ငံမှ WHO ၏ လုပ်ဆောင်မှုများတွင် ပွင့်လင်းမြင်သာမှု ရှိရေး အမေရိကန်ပြည်ထောင်စုက တောင်းဆိုခဲ့သည်။ နိုဝင်ဘာလတွင် အမေရိကန် ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှု ဌာနမှ Garrett Grigsby က တရုတ်နိုင်ငံအပေါ် စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများမှာ “ပွင့်လင်းမြင်သာသော နည်းလမ်းဖြင့် ညှိနှိုင်းထားခြင်း မဟုတ်ကြောင်း” နှင့် “စုံစမ်းစစ်ဆေးမှု ကိုယ်တိုင်က ၎င်း၏ တာဝန်ဝတ္တရားနှင့်ကိုက်ညီမှု မရှိကြောင်း” WHO ညီလာခံတွင် ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို တမင်တကာ ဖုံးကွယ်ထားပြီး ရောဂါစတင်ဖြစ်ပွားချိန် မှစ၍ ကြိုတင်သိရှိခဲ့သည်ဆိုသော အမေရိကန်နှင့် အခြားအနောက်နိုင်ငံများ၏ စွပ်စွဲချက်များကို တရုတ် အစိုးရက အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရှိခဲ့သည့် ဟူဘဲ့ Hubei ပြည်နယ်ရှိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ ပြီးခဲ့သည့်နှစ်တွင် CNN က ရရှိသော လျှို့ဝှက်စာရွက်စာတမ်းများအရ တရုတ်အာဏာပိုင်များက ရောဂါဖြစ်ပွားမှု အစောပိုင်း အဆင့်အတွင်း ကနဦးပိုင်းတွင် ကူးစက်ခံရမှု အရေအတွက်ကို အမှန်တကယ် ရရှိသည့် အရေအတွက်ထက် လျှော့ပေါ့ပြခြင်း အားဖြင့် ကမ္ဘာသို့ ပိုမို အကောင်းမြင်စေသည့် အချက်အလက်များကို မည်သို့ ပေးခဲ့ကြောင်းကို တွေ့ရှိခဲ့ရသည်။
ဗိုင်းရပ်စ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို တမင်တကာ ဖုံးကွယ်ထားပြီး ရောဂါစတင်ဖြစ်ပွားချိန် မှစ၍ ကြိုတင်သိရှိခဲ့သည်ဆိုသော အမေရိကန်နှင့် အခြားအနောက်နိုင်ငံများ၏ စွပ်စွဲချက်များကို တရုတ် အစိုးရက အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်။
တရုတ်နိုင်ငံက WHO အဖွဲ့ကို ကြိုဆိုမည် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ဇန်နဝါရီလ ၄ နေ့တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်း အရ သိရသည်။
ဇန်နဝါရီလ ၄ ရက်နေ့က တရုတ်ဆိုရှယ်မီဒီယာများတွင် ဗိုင်းရပ်စ်ကို မြို့ကြီးအများအပြား၌ နိုင်ငံခြား ကုန်အမှတ် တံဆိပ်များ အပါအဝင် ကား အစိတ်အပိုင်း အထုပ်အပိုးများပေါ်တွင် တွေ့ရှိခဲ့သည်ဟု သတင်းများပျံ့နှံ့ နေသည်။
ဗိုင်းရပ်စ်က တိုင်းပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်လာမည်ကို စိုးရိမ်သည့်အတွက် လပေါင်းများစွာအတွင်း တရုတ်နိုင်ငံက ပြည်ပမှ တင်သွင်းသော အေးခဲကုန်ပစ္စည်းများကို စမ်းသပ်ခြင်းနှင့် ပိုးသတ်ခြင်းများ ပြုလုပ်နေခဲ့သည်။ ကျွမ်းကျင်သူများကပင်လျှင် ရောဂါကူးစက်မှု၏ အလားအလာရှိသော အရင်းအမြစ်အဖြစ် ထိုအချက်ကို သံသယရှိနေကြဆဲ ဖြစ်သည်။
“အစားအစာ သို့မဟုတ် အစားအစာ ထုပ်ပိုးမှုမှ တဆင့် လူများသို့ Covid-19 ကို ကူးစက်နိုင်ဖွယ်ရာ အလွန် နည်းပါးသည်” ဟု WHO ကပြောသည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ကလည်း ထိုသို့ ဖြစ်နိုင်သည့် အန္တရယ် အလွန်နည်း သည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။ ထိုကဲ့သို့သော ကူးစက်မှုအတွက် သက်သေ အထောက်အထား မရှိကြောင်း WHO နှင့် CDC တို့ ၂ ဖွဲ့လုံးက အခိုင်အမာ ပြောဆိုကြသည်။
သွင်းကုန် ကန့်သတ်ချက်များနှင့် ပတ်သက်၍ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် တရုတ်နိုင်ငံအား တိုင်ကြား အရေးယူရန် နိုင်ငံများက ခြိမ်းခြောက်မှုများပင် ရှိခဲ့သည်။
ကိုးကား ။ ။ CNN
You may also like these stories:
ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေးတွင် အများပြည်သူ ပါဝင်လှူဒါန်းရန် အစိုးရ ဖိတ်ခေါ်
မြန်မာနိုင်ငံမှာ ထုတ်တဲ့ ကိုဗစ်ကုသဆေး စိတ်ချရသလား
တရုတ် ကိုဗစ်ကာကွယ်ဆေးအကြောင်း သိရသမျှ