• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

သြစတြေးလျမှာ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှု တွေ့ပြီးနောက် ပြည်ဝင်ခွင့် တင်းကျပ်

by Aurora
10 January 2021
in Coronavirus Update
A A
COVID-19 မျိုးကွဲသစ် တွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ဝင်လာမယ့် ခရီးသွားတွေကို အထူးကြပ်မတ် ဆောင်ရွက်နေတာပါ။

COVID-19 မျိုးကွဲသစ် တွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ဝင်လာမယ့် ခရီးသွားတွေကို အထူးကြပ်မတ် ဆောင်ရွက်နေတာပါ။

3.1k
VIEWS
Share on FacebookShare on Twitter

သြစတြေးလျ ကျန်းမာရေးတာဝန်ရှိသူတွေက တောင်အာဖရိကနဲ့ ဗြိတိန်မှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှုကို အထူးသတိထား စောင့်ကြည့်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ COVID-19 မျိုးကွဲသစ် တွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ဝင်လာမယ့် ခရီးသွားတွေကို အထူးကြပ်မတ် ဆောင်ရွက်နေတာပါ။

ပြင်းထန် COVID-19 မျိုးကွဲသစ် တွေ့ခဲ့ရပြီးနောက် Queensland ပြည်နယ်၊ မြို့တော် Brisbane မှာ ဇန်နဝါရီ ၉ ရက်နေ့က တင်းကျပ်တဲ့ ၃ ရက်ကြာ Lockdown ချလိုက်ပါတယ်။ တောင်အာဖရိကမှာ တွေ့ရတဲ့ အဆိုပါ မျိုးကွဲသစ် ကူးစက်မှုကို သြစတြေးလျရဲ့အကြီးဆုံး ဆစ်ဒနီမြို့မှာ တွေ့ရှိခဲ့တာပါ။ ဟိုတယ် Quarantine ဝင်နေသူမှာ တောင်အာဖရိက ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်နေကြောင်း ဆေးစစ် တွေ့ရှိခဲ့ပါတယ်။

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
161
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k
မြိတ်မြို့

မြိတ်မြို့

11 May 2025
606

သြစတြေးလျနိုင်ငံဟာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အောင်မြင်အောင် လုပ်ဆောင်ထားနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၂၈,၆၀၀ နီးပါးနဲ့ သေဆုံးသူ ၉၀၉ ဦးရှိပါတယ်။ ပြည်နယ် တခုချင်းစီတိုင်းမှာလည်း ကူးစက်မှု သုံးည ဖြစ်သွားတဲ့အထိ ထိန်းချုပ်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ကမ္ဘာ့အနှံ့ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုတွေ များလာချိန်မှာ အစိုးရ တာဝန်ရှိသူတွေဘက်က နိုင်ငံအတွင်း ဝင်လာမယ့် နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို အမြင့်ဆုံးအဆင့် စောင့်ကြည့်နေပြီး COVID-19 ကင်းစင်ကြောင်း ထောက်ခံချက် လက်မှတ်အပြင် သတ်မှတ်ထားတဲ့ ဟိုတယ် Quarantine အစီအစဉ်တွေကိုပါ လိုက်နာရမှာ ဖြစ်ပါတယ်။

“ခရီးသွားလာရာကတဆင့် လူထုထဲကို ဗိုင်းရပ်စ်ကူးစက်မှုတွေ အနည်းနဲ့အများ ပျံ့နှံ့သွားနိုင်တယ်” လို့ New South Wales ပြည်နယ်အုပ်ချုပ်သူ Gladys Berejiklian က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

“ကူးစက်မှုတွေ လျော့ကျအောင် ဘယ်လိုနည်းမျိုးမဆို လုပ်ရမှာပါ။ အထူးသဖြင့် ကူးစက်နေတဲ့ မျိုးဗီဇကွဲတွေအကြောင်း ပိုသိလာအောင် လုပ်ရမယ်” လို့ Berejiklian က ဆိုပါတယ်။

သြစတြေးလျနိုင်ငံဟာ မတ်လကစလို့ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပေမယ့် အကန့်အသတ်နဲ့ ခွင့်ပြုပေးထားပါသေးတယ်။ ပြည်ပက ဆိုက်ရောက်လာသူတိုင်း ၂ ပတ်ကြာ ဟိုတယ် Quarantine မဖြစ်မနေ ဝင်ရမှာပါ။ ပြည်နယ်ကြီးတခုဖြစ်တဲ့ New South Wales မှာလည်း ဇန်နဝါရီ ၉ ရက် ထုတ်ပြန်ချက်အရ ပြည်တွင်းကူးစက်မှု ၁ ခု တွေ့ရပါတယ်။ ကူးစက်မှုအသစ်တွေကြောင့် ၃ ပတ်ကြာ ချမှတ်ထားတဲ့ Lockdown လည်း မကြာခင် ပြီးဆုံးတော့မှာပါ။

ဗြိတိန် ဗိုင်းရပ်စ်မျိုးကွဲသစ်နဲ့ ဆက်စပ်ပြီး ၃ ရက်ကြာ Lockdown ချထားတဲ့ Queensland ပြည်နယ်မှာလည်း ကူးစက်မှုတွေ ထပ်တွေ့လာရင် Lockdown ကာလ ထပ်တိုးမြင့်သွားဖို့ ရှိပါတယ်။ “အခုလို Lockdown ချလိုက်တာ ဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့်ပါ။ လူထုတွင်းမှာပါ ပထမဆုံးအကြိမ် ကူးစက်မှုတွေ့လာရတယ်” လို့ Queensland ကျန်းမာရေးဌာန အကြီးအကဲ Jeannette Young က ဆိုပါတယ်။

Ref: Reuters

Your Thoughts …
Tags: ပြည်ဝင်ခွင့်ဗိုင်းရပ်စ်
Aurora

Aurora

Contributor

Similar Picks:

အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

by စောအောင်ထွန်း
9 March 2025
2k

ဗိုင်းရပ်စ်ပိုးဟာ ပင်လယ်စာတွေအပါအဝင် မသန့်ရှင်းတဲ့ အစားအသောက်တွေကနေတဆင့် ခန္ဓာကိုယ်ထဲရောက်လာကာ အူနံရံနဲ့ လည်ချောင်းမှာရှိတဲ့ အရေပြားတွေကနေတဆင့် သွေးထဲစီးဝင်ပြီး အသည်းထိရောက်ကာ အသည်းရောင်ရမ်းခြင်းကို ဖြစ်ပေါ် စေတာ ဖြစ်ပါတယ်

မျောက်ကျောက်ရောဂါကို လျစ်လျူရှုခဲ့သောကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်

မျောက်ကျောက်ရောဂါကို လျစ်လျူရှုခဲ့သောကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်

by Wolfgang Preiser, Cheryl Baxter နှင့် Jean Nachega
28 August 2024
1.4k

လက်ရှိ Mpox ဖြစ်ပွားမှု အရှိန်မြင့်လာခြင်းက ဖော်ပြနေသည်မှာ အဆိုးဆုံးအခြေအနေမှ လွန်မြောက်ပြီဟု ကျေနပ်နေခြင်းသည် မှားယွင်းနေကြောင်းပင် ဖြစ်သည်။

သြစတြေးလျမှ ပျောက်ဆုံးနေသော ဗိုင်းရပ်စ်နမူနာများအကြောင်း သိကောင်းစရာ

သြစတြေးလျမှ ပျောက်ဆုံးနေသော ဗိုင်းရပ်စ်နမူနာများအကြောင်း သိကောင်းစရာ

by ဧရာဝတီ
15 December 2024
1.2k

အအေးပေးစက်တခု ချို့ယွင်းရာမှ ၂၀၂၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ထိုကျိုးပေါက်မှုကို ၂၀၂၃ ခုနှစ် စာရင်းစစ်ဆေးသည့်အခါမှ သိရသည်။

ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံ / သက်ထွန်းနိုင် / ဧရာဝတီ

ရန်ကုန်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကလေးငယ်များကြား ပျံ့နှံ့နေ

by ဧရာဝတီ
14 July 2023
4.6k

ကုသရေးပိုင်းတွင်လည်း ဆရာဝန် အများအပြား အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ထားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရ‌ ခြင်းများကြောင့် ကျန်းမာရေး စနစ်ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိဘဲ ယခင်က နိုင်နိုင်နင်းနင်း ကုသနိုင်သည့် အဆုတ်ရောင်၊ လေပြွန်ရောင် ရောဂါများမှာ ယခုအခြေအနေတွင်...

အီးယူနိုင်ငံတွေအနေနဲ့ COVID-19 ကူးစက်မှု လျော့ကျနေတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့်ပေးဖို့ အပြီးသတ် စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းအပါအဝင် နိုင်ငံ ၁၅ နိုင်ငံအား အီးယူသို့ ဝင်ခွင့်ပြု

by ညီညီသူ
1 July 2020
5.6k

အီးယူနိုင်ငံတွေအနေနဲ့ လက်တင်အမေရိကနဲ့ အမေရိကန်ပြည်ထောင်စုကို ပြည်ဝင်ခွင့်ပြုသေးမှာ မဟုတ်သလို ဘရာဇီးနဲ့ ရုရှားနိုင်ငံကိုလည်း ပြည်ဝင်ခွင့် ကန့်သတ်ထားဆဲပါပဲ။

“တရုတ် ဟာဝိုင်အီ” လို့ တင်စားကြတဲ့ ဟိုင်နန်ကျွန်း

ခရီးသွားတွေနဲ့ ပြန်လည် သက်ဝင်လာတဲ့ တရုတ် ဟာဝိုင်အီ

by Aurora
12 December 2020
5.7k

နိုင်ငံရဲ့ တောင်ဘက်စွန်းပိုင်းမှာရှိတဲ့ ဒီကျွန်းလေးပေါ်မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပြည်တွင်းခရီးသွား အရေအတွက် ကျဆင်းသွားခဲ့ပါသေးတယ်။

Next Post
ဂျပန်နိုင်ငံတဝှမ်း ပြည်တွင်း ကူးစက်မှုတွေကြောင့် တိုကျိုနဲ့ အနီးဝန်းကျင်ဒေသတွေကို အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

ဂျပန်မှာ နောက်ထပ် မျိုးဗီဇကွဲအသစ် ကူးစက်မှု တွေ့ရှိ

ဖျော်ဖြေပွဲများနှင့် ညဈေးတန်းများက ထိုင်ဝမ်တွင် ပုံမှန်ဖြစ်သည် / Financial Times

ကိုရိုနာဗိုင်းရပ် ကင်းစင်အောင် ထိုင်ဝမ် ဘယ်လိုစီစဉ်သလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate