Coronavirus Update

အမေရိကန်အနှံ့ ကိုဗစ် ကာကွယ်ဆေး ဖြန့်ဝေရေးပိုင်းမှာ ကူညီဖို့ Amazon ကမ်းလှမ်း

Want create site? Find Free WordPress Themes and plugins.

အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတသစ် ဂျိုး ဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သမ္မတ တာဝန် စတင်ထမ်းဆောင်ပြီး နာရီပိုင်းအတွင်းမှာပဲ သမ္မတဟောင်း ဒေါ် နယ်ထရမ့် လက်ထက်က မူဝါဒတချို့ကို ပြောင်းလဲမှုတွေ စတင်လိုက်ပါတယ်။

သမ္မတသစ် လက်ထက် အတည်ပြုပေးလိုက်တဲ့ထဲမှာ အမေရိကန် ဖက်ဒရယ်အစိုးရ လက်အောက်ရှိ နယ်နိမိတ် အားလုံး နှာခေါင်းစည်း Mask မဖြစ်မနေ ဝတ်ဆင်ရမယ့် ထုတ်ပြန်ချက်အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO မှ နုတ်ထွက်မှုကို ပြန်လည် ပယ်ဖျက်လိုက်ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံတဝန်း ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံနိုင်ရေးအတွက်လည်း အဓိကထား လုပ်ဆောင်သွားဖို့ ရှိပါတယ်။

Amazon ရဲ့ Retail Unit ပိုင်း စီအီးအိုဖြစ်လာသူ Dave Clark က ကာကွယ်ဆေး သယ်ယူပို့ဆောင် ဖြန့်ဝေရေးပိုင်းမှာ ကူညီပေးဖို့ ကမ်းလှမ်းကြောင်း သမ္မတနဲ့ ဒုသမ္မတတို့ထံ ဂုဏ်ပြုစကားပေးပို့ရာမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။

Amazon ရဲ့ Retail Unit ပိုင်း စီအီးအို Dave Clarkကာကွယ်ဆေး စတင်ထိုးနှံပေးနေတဲ့ ဒီဇင်ဘာလကတည်းက မစ္စတာ Clark ဟာ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးစင်တာ CDC ကို ကူညီပေးမယ့်အကြောင်း ပြောဆိုလာခဲ့တာပါ။ Amazon ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း ဆီယက်တဲလ်မှာရှိတဲ့ ရုံးချုပ်နဲ့ တခြားရုံးခွဲရှိ ဝန်ထမ်းတွေဟာ အိမ်ကနေ အလုပ်လုပ်နေကြပြီး၊ ကုမ္ပဏီရဲ့ ဂိုဒေါင်၊ Cloud-computing ဒေတာစင်တာနဲ့ Whole Food Markets တွေကို ဖွင့်လှစ်ထားဆဲ ဖြစ်ပါတယ်။

Amazon ဟာ တခြား ခွင့်ပြုချက်ရ ဆေးဝါးတွေကို ဖြန့်ဖြူးပေးနေတဲ့ ဆေးဝါးလုပ်ငန်းတွေနဲ့လည်း စာချုပ်ချုပ်ဆို လုပ်ဆောင်နေတာဖြစ်တယ်လို့ Clark က ဆိုပါတယ်။ “ကာကွယ်ဆေးရပြီ ဆိုတာနဲ့ ကျနော်တို့ဘက်က ချက်ချင်း ပြင်ဆင်ပေးနိုင်တယ်။ Amazon မှာ လုပ်ငန်းပိုင်း၊ နည်းပညာပိုင်း၊ ဆက်သွယ်ရေးပိုင်းတွေမှာ ကျွမ်းကျင်ပညာရှင်တွေ ရှိလို့ ကာကွယ်ဆေး ဖြန့်ဖြူးရေးပိုင်းကို ကူညီပေးနိုင်တယ်” လို့ Clark က ပြောပြသွားပါတယ်။

ဘိုင်ဒင်ရဲ့ ဝန်ထမ်းဟောင်းတဦးဖြစ်သူ လက်ရှိ Amazon ရဲ့ ပေါ်လစီနဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် Jay Carney ကလည်း ယခင်လက Bloomberg ရုပ်သံနဲ့ အင်တာဗျူးမှာ ကုမ္ပဏီဘက်က ကူညီလုပ်ဆောင်ပေးဖို့ တာဝန်ရှိသူတွေထံ ကမ်းလှမ်းထားကြောင်း ပြောပြခဲ့ပါတယ်။

အမေရိကန်မှာ ကူးစက်ရောဂါ စတင်ချိန်ကတည်းက နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ပုဂ္ဂိုလ်လိက ကုမ္ပဏီကြီးဟာ ဝန်ထမ်းတွေကို Social distancing နဲ့အညီ လုပ်ဆောင်ဖို့အတွက် လုပ်ငန်းခွင်ကို ချိန်ညှိပေးထားပါတယ်။ ဒါပေမဲ့လည်း မနှစ်က ကပ်ရောဂါကာလ ၆ လအတွင်း Amazon ဝန်ထမ်း ၂၀,၀၀၀ ကျော်လောက် ဗိုင်းရပ်စ် ကူးစက်ခံရချိန်မှာ ကုမ္ပဏီဘက်က လုံလောက်တဲ့ ဖြေရှင်းချက်မျိုး မပေးနိုင်ခဲ့ပါဘူး။

Ref: Aljazeera

You may also like these stories:

ဂျပန်မှာ ယူကေ ခရီးသွားရာဇဝင် မရှိဘဲ ဗိုင်းရပ်စ်မျိုးကွဲသစ် ၃ ဦး ကူးစက်ခံရ

သီရိလင်္ကာမှာ ကိုဗစ် ကာကွယ်ဆေးရည် သောက်ခဲ့တဲ့ ဝန်ကြီး ဗိုင်းရပ်စ် ကူးစက်ခံရ

ပြင်သစ်မှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း ၆ ပတ်ကျော်အကြာမှာ မြင့်တက်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading