• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ကိုဗစ်ကာကွယ်ဆေးများ တိုင်းနှင့်ပြည်နယ်များသို့ မနက်ဖြန်မှစ၍ ဖြန့်ဝေမည်

by သဇင်လှိုင်
22 January 2021
in Coronavirus Update
A A
ရန်ကုန်လေဆိပ်သို့ ယနေ့ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများ (ဓာတ်ပုံ - အိန္ဒိယသံရုံး)

ရန်ကုန်လေဆိပ်သို့ ယနေ့ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများ (ဓာတ်ပုံ - အိန္ဒိယသံရုံး)

11.6k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံမှ ရောက်ရှိလာသည့် ကိုဗစ်ကာကွယ်ဆေးများကို မနက်ဖြန်မှ စတင်ကာ တိုင်းနှင့်ပြည်နယ် အသီးသီးသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး COVISHIELD ၁ သန်းခွဲသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် Air India လေယာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
625
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
154
ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

11 May 2025
87

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် က “ဒီကာကွယ်ဆေးတွေကို ဗဟိုကာကွယ်ဆေး သိုလှောင်ရေး အအေးခန်းကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီကနေပြီးတော့ ပြည်နယ်နဲ့ တိုင်း အသီးသီးကိုလည်းပဲ မနက်ဖြန်မှာဆိုရင် စပြီး ဖြန့်ဝေသွားမှာပဲ ဖြစ်ပါတယ်” ဟုပြောသည်။

ကာကွယ်ဆေးထိုးနှံပေးမည့် ကျန်းမာရေး ဝန်ထမ်းများကိုလည်း ယခင်က သင်တန်းများပေးပြီး ဖြစ်သော်လည်း မနက်ဖြန်မှ စ၍ သင်တန်းထပ်မံပို့ချပေးပြီးနောက်တွင် ဦးစားပေးသတ်မှတ်ထားသည့် အုပ်စုအလိုက် ဇန်နဝါရီလမကုန်ခင် စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ရန်ကုန်လေဆိပ်သို့ ယနေ့ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများ (ဓာတ်ပုံ – အိန္ဒိယသံရုံး)

ကာကွယ်ဆေးစတင် ထိုးနှံပေးမည့် အုပ်စုတွင် ကျန်းမာရေး ဝန်ထမ်းများ၊ ကိုဗစ်ကုသတိုက်ဖျက်ရေးတွင် ပါဝင်နေသည့် စေတနာ့ဝန်ထမ်းများ၊ နိုင်ငံတော် အကြီးအကဲများ၊ အစိုးရယန္တရား ပုံမှန်လည်ပတ်နိုင်ရန်အတွက်  အဓိကကျသည့် အစိုးရဝန်ထမ်းများ၊ အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ အပြင် COVID-19 ရောဂါ ကူးစက်လွယ်သည့် အုပ်စုနှင့် ကူးစက်ခံရပြီးနောက် အသေအပျောက်များနိုင်သည့် အုပ်စုများ ပါဝင်သည်။

နိုင်ငံပုံမှန် ပြန်လည်ပတ်ရန်အတွက် နိုင်ငံတော်အကြီးအကဲများနှင့် အစိုးရဝန်ထမ်းများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပြီး ထိုကဲ့သို့ ပုံမှန်လည်ပတ်နိုင်မှသာ ပြည်သူများသက်သာမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒီလိုကာကွယ်ဆေးတွေ ရောက်ရှိလာတာနဲ့အမျှ ဘယ်သူတွေ၊ ဘယ်အုပ်စုတွေကို ဦးစားပေးပြီးတော့ ထိုးရမလဲဆိုတာ ကျမတို့ သေသေချာချာ စဉ်းစားရပါတယ်။ ”

ဇန်နဝါရီလ ၂၁ ရက်က COVID-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း၌ ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် က “ဒီလိုကာကွယ်ဆေးတွေ ရောက်ရှိလာတာနဲ့အမျှ ဘယ်သူတွေ၊ ဘယ်အုပ်စုတွေကို ဦးစားပေးပြီးတော့ ထိုးရမလဲဆိုတာ ကျမတို့ သေသေချာချာ စဉ်းစားရပါတယ်။ ဒီလိုစဉ်းစားတဲ့နေရာမှာ ကိစ္စရပ် နှစ်ခုကို ကျမတို့ ချိန်ဆပြီး လုပ်ရပါတယ်။ တခုက ကျမတို့နိုင်ငံပုံမှန် လည်ပတ်နိုင်ရေးအတွက် အဓိကကျတဲ့ အုပ်စုတွေ။ ဘာဖြစ်လို့လဲဆိုတေ့ ကျမတို့နိုင်ငံ ပြန်လည်ပြီးတော့ ပုံမှန်လည်ပတ်နိုင်မှ ပြည်သူတွေ သက်သာမှာ ဖြစ်ပါတယ်။ အဲဒီအုပ်စုတွေအတွက်လည်း အရေးကြီးပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “နောက်တအုပ်စုကတော့ ရောဂါရရှိမှု လွယ်တဲ့ အုပ်စု၊ ရောဂါအခံအားနည်းတဲ့အုပ်စုပေါ့။ နောက်ပြီးတော့လည်း ပြန့်ပွားစေမှုနှုန်းကို များနိုင်တဲ့ အုပ်စုတွေ ဒီအုပ်စုနှစ်ခုကြားမှာ ချိန်ခွင်လျှာညီမျှအောင်လို့ ကျမတို့ စဉ်းစားရပါတယ်” ဟု ပြောသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်အတွက် အစိုးရ ဝန်ကြီးဌာနများတွင် စာရင်းကောက်ယူမှုများလည်း စတင်နေပြီ ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ၎င်းတို့ဌာနအတွင်းရှိ ဝန်ထမ်းများ၏ အသေးစိတ်အချက်အလက်များကို တင်ပြရမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုသည်။

ရန်ကုန်လေဆိပ်သို့ ယနေ့ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများ (ဓာတ်ပုံ – အိန္ဒိယသံရုံး)

ဦးကိုလေးဝင်း က “အသက်အရွယ်ပေါ် မူတည်ပြီးတော့ ဆေးထိုးတဲ့ အခါမှာ ဦးစားပေး အစီအစဉ် သတ်မှတ်ဖို့ အတွက် လုပ်တာ။ ဦးစားပေး သတ်မှတ်ရဦးမှာ။ အခုမှ အသက် ၁၈ နှစ်ကျော် အလုပ်ဝင်ကာစလူနဲ့ ကျန်းမာသန်စွမ်းပြီးတော့ အငယ်တွေထက်စာရင် ပင်စင်ယူခါနီးလူတွေကို ပိုဦးစားပေးရမှာပေါ့။ အဲဒီစာရင်းကိုတောင်းတာ။ အသေးစိတ် တယောက်ချင်းရဲ့ စာရင်းအသေးစိတ် စာရင်းတွေက ၂၇ ရက်နေ့မှာ ပေးရမှာ ဖြစ်တယ်” ဟု ရှင်းပြသည်။

ပထမဦးစားပေးအုပ်စု ပြီးသည့်နောက်တွင် ရောဂါဖြစ်ပွားမှု များပြားရာ နေရာများဖြစ်သည့် လူဦးရေထူထပ်သော နေရာများကို ထိုးနှံပေးရန် စီစဉ်နေသည့်အပြင် ကာကွယ်ဆေးထိုးနှံပေးမည့် အုပ်စုများကိုလည်း ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကာကွယ်ဆေးတွေ ထပ်ပြီးရောက်လာတာနဲ့အမျှ ကျမတို့ တဖြည်းဖြည်းနဲ့ တဆင့်ပြီးတဆင့် ရောဂါပြန့်ပွားမှုကို ကာကွယ်ဖို့အတွက် အရေးကြီးတဲ့ နေရာများ၊ ကျမတို့ နိုင်ငံရဲ့ ယန္တရားပြန်လည်ပြီး ပုံမှန်လည်ပတ်နိုင်ဖို့ အတွက် အရေးကြီးတဲ့ နေရာများကို ဦးစားပေးပြီးတော့ အစီအစဉ်တွေ ချမှတ်သွားမှာ ဖြစ်ပါတယ်။ အစီအစဉ်တွေ ချမှတ်တာနဲ့ အမျှ ကျမတို့ ပြည်သူကို အသိပေးမှာပါ။ ဘယ်လိုကြောင့် ဘယ်သူ၊ ဘယ်အုပ်စုတွေကို ကျမတို့ ဦးစားပေးမှာလဲ ဆိုတာကိုလည်း ပြည်သူတွေကို အသိပေး ချပြပေးမှာဖြစ်ပါတယ်” ဟုဆိုသည်။

ယနေ့ရောက်ရှိလာသော ကာကွယ်ဆေး  ၁ သန်းခွဲသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့သော လက်ဆောင် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံသံရုံးက ထုတ်ပြန်သည်။ ထို့ပြင်  မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး  သန်း ၃၀ ဝယ်ယူရန် သဘောတူထားပြီး ၁၅ သန်းအတွက် ငွေပေးချေပြီးလည်း ဖြစ်သည်။

မတ်လ ၂၃ ရက်မှ ဇန်နဝါရီ ၂၁ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၆,၁၆၆ ဦး ရှိ နေပြီ ဖြစ်ကာ သေဆုံးသူ ၃,၀၁၃ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၁၉,၉၇၃ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် ကိုဗစ်ကာကွယ်ဆေး အထိုးခံမည်

“ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေးချင်ပါတယ်”

 

Your Thoughts …
Tags: Covishieldကိုဗစ်ကာကွယ်ဆေးဒေါ်အောင်ဆန်းစုကြည်အိန္ဒိယ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.1k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.3k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
အလှမယ် သင်းသင်း / Thin Thin's Facebook

အလှမယ်ပြိုင်ပွဲ ၃ ပွဲအတွက် သိန်း ၅၀ ကျော် ကုန်ကျခံခဲ့ရတဲ့ သင်းသင်း

မောင်တော ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် အောင်သုခကျေးရွာသား၂ ဦး / ဒေသခံတဦး

မောင်တောဒေသခံ ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် အဖွဲ့မှာ ARSA ဖြစ်နိုင်ဟုဆို

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

2 days ago
5.1k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.7k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0
  • ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate