Coronavirus Update

ဗြိတိန်မှာ မတူညီတဲ့ ကာကွယ်ဆေး ၂ မျိုး ထိုးနှံရေး စမ်းသပ်

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံတဲ့အခါ မတူညီတဲ့ ဆေး ၂ မျိုး ထိုးနိုင်အောင် စတင် စမ်းသပ်နေပါပြီ။ လက်ရှိမှာ ထိုးနှံပေးနေတဲ့ Pfizer နဲ့ AstraZeneca ဆေးတွေကို ပေါင်းစပ်ပြီး ထိုးနှံတဲ့အခါ ကိုယ်ခံအား တုံ့ပြန်မှုကို စမ်းသပ်နေတာပါ။

ဗြိတိန်သုတေသီတွေက ကမ္ဘာတဝန်း ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပေးတဲ့အခါ မတူညီတဲ့ ကာကွယ်ဆေး တမျိုးစီ ထိုးနှံနိုင်ခဲ့မယ်ဆိုရင် ပိုပြီး လွယ်ကူလာနိုင်တယ်လို့ ဆိုပါတယ်။ အစောပိုင်း စမ်းသပ်ချက် ရလဒ်တွေကို ဇွန်လလယ်လောက်မှာ သိရှိရမှာပါ။

စမ်းသပ်မှုမှာ အရင်ဆုံး Pfizer ကာကွယ်ဆေး တကြိမ် ထိုးပေးပြီး နောက်တကြိမ်ကို AstraZeneca ဆေးထိုးသလို၊ အပြန်အလှန် AstraZeneca ကို အရင်ထိုး၊ Pfizer ကို နောက်မှာ ထိုးကာ ကိုယ်ခံအား တုံ့ပြန်မှုတွေကို စောင့်ကြည့်ခဲ့ကြပါတယ်။

အဆိုပါ ကာကွယ်ဆေး နှစ်မျိုးလုံးကို ဗြိတိန်မှာ ၁၂ ပတ်ကြားနဲ့ ၂ ကြိမ် ထိုးနှံဖို့ ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ နောက်ထပ် ခွင့်ပြုပေးမယ့် ကာကွယ်ဆေး အသစ်တွေကိုလည်း စမ်းသပ်မှုထဲ ထည့်သွင်းလုပ်ဆောင်သွားဖို့ ရှိပါတယ်။

မတူညီတဲ့ ကာကွယ်ဆေး ၂ မျိုး စမ်းသပ်ချက်အတွက် လူ ၈၀၀ ကျော်လောက် ပါဝင်ခဲ့တယ်လို့ သုတေသနအဖွဲ့က ဆိုပါတယ်။ ဒါဟာ ကာကွယ်ဆေး တမျိုးစီ ထိရောက်မှု ပမာဏ စမ်းသပ်ခဲ့တဲ့ အရေအတွက်ထက် နည်းလွန်းနေပါတယ်။

အဆိုပါ စမ်းသပ်ချက်ဟာ မျိုးမတူ ကာကွယ်ဆေး ထိုးနှံမှုအတွက် လုံလောက်တဲ့ ရလဒ်အလုံးစုံကို မပေးနိုင်ပေမယ့် သုတေသီတွေက ပဋိပစ္စည်းနဲ့ T-Cell တုန့်ပြန်မှုကို တိုင်းတာသွားမှာ ဖြစ်သလို၊ မထင်မှတ်ဘဲ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ စောင့်ကြည့်မှာ ဖြစ်ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ် ရောဂါဗေဒဌာန Matthew Snape က အဆိုပါ စမ်းသပ်ချက်ကို ဦးဆောင်ပြီး ကနဦး ရလဒ်အဖြေကိုတော့ ဒီနှစ်ဝက်လောက်မှာ ထုတ်ပြန်နိုင်မယ်လို့ ဆိုပါတယ်။ “၆ လပိုင်းလောက်မှာ ရလဒ်တချို့ ပြနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” လို့ Snape က ဆိုပါတယ်။

 

လက်ရှိ စမ်းသပ်နေတဲ့ စမ်းသက်ချက်မှာ အသက် ၅၀ ကျော် ကူးစက်မှုများတဲ့ အသက်အရွယ်နဲ့ အသက် မပြည့်သေးတာကြောင့် ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေကို ရှာဖွေ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

AstraZeneca ဆေးဟာ ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးနဲ့လည်း ယခင်က ပေါင်းစပ် စမ်းသပ်ခဲ့ဖူးပါတယ်။ ဗြိတိန် AstraZeneca ကုမ္ပဏီရဲ့ သုတေသန အရာရှိက မတူညီတဲ့ ကာကွယ်ဆေး ၂ မျိုး စမ်းသပ်မှုတွေ ပိုမိုလုပ် ဆောင်သွားဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

Ref: Reuters

You may also like these stories:

WHO စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းသို့ သွားရောက် လေ့လာ

Loading