Coronavirus Update

ထိုင်းနိုင်ငံ လာမယ့် ခရီးသွားတွေကို ကိုဗစ် စည်းကမ်းများ ဖြေလျှော့ပေးမည်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံသို့ လာရောက်မယ့် ခရီးသွားတွေကို ဧပြီလက စတင်ပြီး COVID-19 ကန့်သတ်ချက် စည်းကမ်းတွေ ဖြေလျှော့သွားဖို့ ရှိတယ်လို့ COVID-19 အခြေအနေ ကြီးကြပ် ကွပ်ကဲရေး ဗဟိုဌာန (CCSA) က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

နောက်ပိုင်းမှာ ပိုမို လွယ်ကူလာအောင် Quarantine ဝင်ရမယ့် အချိန်ကာလ လျှော့ချတာမျိုး (သို့မဟုတ်) ဖြေလျှော့ပေးတာမျိုးတွေပါ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

CCSA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taweesilp Visanuyothin က ဧပြီလ ၁ ရက်မှ စပြီး နိုင်ငံတွင်း ဝင်လာမယ့် ဧည့်သည်တွေဟာ Fit-to-Fly စာရွက်စာတမ်းပြစရာ မလိုအပ်တော့ဘူးလို့ ဆိုပါတယ်။ ဧပြီလ ၁ ရက်ကစပြီး စက်တင်ဘာ ၃၀ ရက်ထိ လာရောက်မယ့် အချိန်ကာလအလိုက် ချမှတ်ထားတဲ့ Quarantine ပုံစံတွေကိုတော့ ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်ကနေ ဇွန် ၃၀ ရက်အတွင်း လာရောက်မယ့် ခရီးသွား ဧည့်သည်တွေကို Quarantine ဝင်နေစဉ်ကာလအတွင်း Gym၊ ပြင်ပ ကိုယ်လက်လှုပ်ရှားနိုင်မယ့် နေရာတွေနဲ့ ရေကူးကန်အပြင် တခြား ထိန်းချုပ်ထားတဲ့ စက်ဘီးစီး ဧရိယာနဲ့ ဈေးဝယ်နေရာတွေကိုပါ သွားလာနိုင်အောင် ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အတွင်း Quarantine ကာလ ခေတ္တတည်းခိုရာ ဟိုတယ်ရှိ စားသောက်ဆိုင်နဲ့ ကျန်းမာရေး အနှိပ်ခန်းတွေကိုပါ သွားရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်နောက်ပိုင်းမှာတော့ သတ်မှတ်ထားတဲ့ ဒေသတွေကို သွားလာမယ့်သူတွေသာ Quarantine ဝင်ရမယ်လို့ ဆိုပါတယ်။

ဧပြီ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အတွင်း Vaccination certificate (VC) နဲ့ Covid-19 free certificate (CFC) မပါရှိဘဲ ရောက်လာမယ့် ခရီးသွား ဧည့်သည်တွေဟာ Quarantine ၁၀ ရက် ဝင်ပြီး COVID-19 ၂ ကြိမ် စစ်ဆေးခံရမှာဖြစ်တယ်လို့ ဒေါက်တာ Taweesilp က ဆိုပါတယ်။

VC နဲ့ CFC ထောက်ခံချက် ပါလာသူတွေကတော့ Quarantine ၇ ရက်နဲ့ COVID-19 တကြိမ်သာ စစ်ဆေးရမှာပါ။ VC နဲ့ CFC မပါသူတွေကတော့ ၂ ကြိမ် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်း ကူးစက်ခံနေရတဲ့ နိုင်ငံတွေက လာသူတွေဆိုရင်တော့ Quarantine ၁၄ ရက် ဝင်ရောက်ရဦးမှာဖြစ်တယ်လို့ ဒေါက်တာ Taweesilp က ဆိုပါတယ်။

Ref: Bangkok Post

You may also like these stories:

ထိုင်းမှာ ကိုဗစ် ကာကွယ်ဆေး AstraZeneca ထိုးနှံမယ့် အစီအစဉ် ရပ်ဆိုင်းထား

WHO ရဲ့ ကိုရိုနာဗိုင်းရပ်စ် မူလရင်းမြစ် အစီရင်ခံစာကို မတ်လ ၁၅ ရက် ထုတ်ပြန်မည်

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ပထမအသုတ် ထိုင်းကို ရောက်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading