ရန်ကုန်မြို့မှ သံတွဲမြို့သို့ ပြန်လာသော မျိုးဆက်သစ် ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသည့် အသက် ၆၀ ကျော် အမျိုး သား ၁ ဦးသေဆုံးပြီး၊ ကျန်ခရီးသည် ၂ ဦးထံတွင်လည်း ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။
သံတွဲသို့ ပြန်လာသော မျိုးဆက်သစ်ယာဉ်ပေါ်မှ ခရီးသည်များကို (ဇူလိုင်လ ၁၁ ရက် ) ညနေပိုင်းက နယ်ခြားစစ်ဆေးရေး ဂိတ်တခုဖြစ်သည့် ဗေဒါ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ခရီးသည်များကို စစ်ဆေးပြီးနောက် ကားပေါ် ပြန်အတက်၌ အသက် ၆၀ ကျော် အမျိုးသားတဦးမှာ မူးလဲ သေဆုံးခဲ့သဖြင့် အလောင်းအား စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ သေဆုံးသူထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည့်အတွက် ကျန်ခရီးသည်များကို သံတွဲမြို့ သီတဂူ Quarantine Center သို့ ပို့ ဆောင်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကျန်သည့်ခရီးသည် ၂ ဦးထံတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကိုဗစ်အရေး ဆောင်ရွက်ပေးနေသူ ယင်းမြို့မှ သိမ်းကုန်း ဆရာတော် ဦးတေစိန္ဒက မိန့်သည်။
ဆရာတော် ဦးတေစိန္ဒက “ဗေဒါဂိတ်မှာ သေဆုံးတဲ့ ရုပ်အလောင်းကို ဂွဆေးရုံကို ပို့ပြီး စစ်ဆေးကြည့်တဲ့အခါ ကိုဗစ်ပိုး တွေ့ တယ်။ ကိုဗစ်ကြောင့် သေဆုံးတာလား၊ နဂိုအခံ ရောဂါကြောင့် သေဆုံးတာလား ဆိုတာတော့ မသိဘူး။ ကျန်တဲ့ခရီးသည်တွေ ကိုတော့ သံတွဲကို ပိုပြီး Quarantine ထားပြီး ဆေးစစ်ကြည့်တော့ ဒီမနက် ခရီးသည် ၂ ဦးမှာလည်း ပိုးတွေ့တယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

အဆိုပါ မျိုးဆက်သစ်ယာဉ်ပေါ်တွင် ခရီးသည် ၃၀ ကျော် လိုက်ပါလာသော်လည်း လမ်းခရီး၌ ဆင်းနေခဲ့ကြသဖြင့် သံတွဲသီတ ဂူ ဆရာတော် ကျောင်းတိုက် Quarantine Center သို့ ၁၅ ဦးသာ ပါလာသည့်အတွက် ဆင်းသွားသည့် ခရီးသည်များကို လိုက် လံ ရှာဖွေနေလျက်ရှိသည်။
ဆရာတော် ဦးတေစိန္ဒက “အမှန်က ဒီလိုဖြစ်စဉ်မျိုးဖြစ်တဲ့ ကားကို လုံခြုံရေးတွေနဲ့ ပို့ရမှာ။ အခု Quarantine Center ကို ခရီး သည် ၁၅ ယောက်ပဲ ပါလာတယ်။ ကျန်တဲ့လူတွေ လမ်းမှာ ဆင်းကျန်နေခဲ့တယ်လို့ ပြောတယ်။ ဒီလောက် အရေးကြီးတာကို သေချာ မလုပ်တဲ့ ဂွအုပ်ချုပ်ရေးအဖွဲ့တွေကလည်း ညံ့တယ်လို့ ပြောလို့ရမယ်” ဟု ဆက်လက် မိန့်ကြားသည်။
သံတွဲမြို့နယ်တွင်း ကိုဗစ်ပိုးကူးစက်ခံရသူ လူပေါင်း ၁၀၀ ကျော်အထိ ရှိလာနေပြီး သေဆုံးသူ ၃ ဦးရှိပြီဖြစ်ကာ လက်ရှိ ဆေး ကုသမှုခံယူနေရသူ ၆၀ ကျော်ရှိကြောင်းလည်း သိရသည်။
ယင်းသို့ ဆေးကုသမှု ခံယူနေရသူ ၆၀ ကျော်ထဲတွင် တချို့ အရေးပေါ် လူနာခန်းသို့ ပို့ဆောင်ပြီး ကုသမှုများ လုပ်ဆောင်နေရ ကာ အောက်ဆီဂျင်ဗူးများ ပြတ်လပ်တော့မည့် အခြေအနေကြောင့် သံတွဲအရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုသိမ်မြို့၊ ပြည် မြို့တို့မှ အောက်ဆီဂျင်ဗူးများ ရရှိရန် သွားရောက် ချိတ်ဆက် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
You may also like these stories:
ကိုဗစ်ကြောင့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရပ်နား
ကိုဗစ်ကာကွယ်ရေး KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ကို အဝင်အထွက်ပိတ်
ကိုဗစ်လူနာများအား ဆေးရုံက လက်မခံဘဲ အိမ်ပြန်လွှတ်မှုများရှိနေ