Culture

ကလေးတို့၏ အိပ်မက်များနှင့် ပန်းချီ ဝင်းလွင်အောင်

This article has been converted from Zawgyi One to Unicode

Warning: Illegal string offset 'sizes' in /home/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455

Warning: Illegal string offset 'medium_large' in /home/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455

Warning: Illegal string offset 'caption' in /home/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455

Warning: Illegal string offset 'sizes' in /home/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460

Warning: Illegal string offset 'xlarge' in /home/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460

Warning: Illegal string offset 'caption' in /home/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460

Warning: Illegal string offset 'sizes' in /home/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

Warning: Illegal string offset 'thumbnail' in /home/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

Warning: Illegal string offset 'caption' in /home/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

ကောင်းကင်ပြာ နောက်ခံတွင် တိမ်ဖြူဖြူများက အဆုပ်လိုက် အဆုပ်လိုက် “လွင့်မျောလျက်”၊ ထိုတိမ် ဖြူဖြူများ ပေါ်တွင်တော့ ပန်းချီဆရာ၏ အိပ်မက်၊ တနည်းဆိုရလျှင် အိပ်မက်မက်ခွင့် ရသူတို့၏ အိပ်မက်များ ရှိသည်။

လောကတွင် စိတ်ကြိုက် အိပ်မက်များကို မက်ခွင့်ရသူတို့မှာ ကလေးများသာ ဖြစ်ကြသည် မဟုတ် ပါလား။

ပန်းချီ ဝင်းလွင်အောင်၏ The Hope of Tomorrow ဆိုသည့် ပန်းချီပြခန်းတွင် ကလေးများ၏ အိပ်မက်များကို အသေးစိပ် ခြယ်မှုန်းထားသည်။ သူ့ပန်းချီကားများက ဆာရီယယ် ဆန်သော်လည်း ရှင်းလင်းသည်။ ကျမ ကလေးဘဝက မက်ခဲ့ ဖူးသော အိပ်မက်တချို့ ကိုလည်း ထိုပန်းချီကားများ ထဲတွင် တွေ့ရသည်။

တိမ်ဖြူလွလွများပေါ်  ထိုင်ရင်း  ခေါင်းအုံးကလေးကို မှီကာ စာအုပ်တအုပ်ကို စိတ်ပါလက်ပါ ဖတ်နေသည့် ပန်းချီကားထဲမှ  မိန်းကလေးမျိုး ကျမ ဖြစ်ချင်ခဲ့ဖူးသည်။ သို့သော် ထိုသို့သော အိပ်မက်မျိုးကို ယခု လူကြီး အရွယ်တွင် မမက်ဖြစ်၊ မမက်နိုင်တော့တာ သေချာပါသည်။

ကောင်းကင်ပြာ နောက်ခံ၊ တိမ်ဖြူလွလွများ၊  ထိုအပေါ်တွင် အရွယ်အစား ကြီးမားလှသည့် ဒိုးနတ်မုန့်ကြီးများကို ပုံစံမျိုးစုံဖြင့် ရေးဆွဲထားသည်။ ထို ဒိုးနတ်များ ပေါ်တွင်တော့ ကလေးလေးတယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ အိပ်ပျော်နေသည့် ကလေး၏ လက်ထဲတွင်တော့ စားလတ်စ မုန့်ကလေး တခု၊ ထိုမုန့်ကတော့ ဒိုးနတ် မဟုတ်ပါ၊ ဈေးမကြီးလှသော ကောက်ညှင်းခွက်ကြော် ဖြစ်မည် ထင်သည်။

ထို စိတ်ကူးကလေးကို ပန်းချီဆရာက သူ့သား ကြီးထံမှ ရသည်ဟု ဆိုသည်။ ကလေးက ရုပ်မြင်သံကြား  ကြော်ငြာတွင်  ပြသသည့်  ဂျေဒိုးနတ်ကို ပူဆာသည်၊ ထိုစဉ်က စီးပွားရေး မပြေလည်လှသော သူက ဝယ်မကျွေးနိုင်ခဲ့။ သို့သော် ဖခင်တဦးအနေဖြင့် သားကို ဒိုးနတ် ဝယ်ကျွေးချင်သည့်စိတ် ပြင်းပြခဲ့သည်။

“ဒီပန်းချီကား ရေးတဲ့ အချိန်မှာတော့ ကျနော့် သားကို ဒိုးနတ်မုန့်တွေ ဝယ်ကျွေးနိုင်နေပါပြီ” ဟု ပန်းချီဆရာက ပြောသည်။

နောက်တော့ ဆပ်ပြာပူဖောင်းကလေးများကို လမင်းကြီးဆီ ရောက်အောင် မှုတ်ထုတ်နေသော ကလေးမလေး တယောက်၊ တိမ်ဖြူဖြူများပေါ်တွင် ထိုင်နေသော  ကလေးမလေးက  လမင်းကြီးနှင့် အလွန်နီးကပ်စွာ ရှိနေသည်။

တိမ်များ၏  ခေါ်ဆောင်ခြင်းဖြင့် ကျောင်း သွားနိုင်ကြမည် ဖြစ်သော အဖြူအစိမ်းဝတ် ကျောင်းသား ကျောင်းသူ ကလေးငယ် တစုကို ကြည့်ရသည်မှာလည်း ပျော်စရာ ကောင်းလှသည်။ သူတို့ကတော့ တိမ်များပေါ်တွင် ဆိုက်ကား တစီးဖြင့် စီးမျောခွင့် ရကြသူများ။ ထိုပန်းချီကားကတော့ ကျမအတွေးကို လိုတာထက် ပို၍ ဆန့်ထုတ် စေသည်။

ရန်ကုန်မြို့ပြ၏ ယာဉ်ကြော ပိတ်ဆို့မှု ဆီသို့ ကျမ အတွေးက ရောက်သွား၏။ ဒီလိုသာ တိမ်တွေက လူတွေ သွားလိုရာ ခေါ်ဆောင် ပေးခဲ့ရင် ဘယ်လောက်များ အချိန်ကုန် သက်သာ လိမ့်မလဲ။ ကလေးများ၏ နောက်ခံတွင် ရောမဂဏန်း များဖြင့် ရေးထားသည့် နာရီတလုံးလည်း ပါသေးသည်။

ထော်လာဂျီတစီးဖြင့် မြန်မာပြည်အနှံ့ ဘုရားဖူး ထွက်ကြမည့် ကိုရင်ကလေးများကလည်း ပျော်ရွှင်လို့။

“ကလေးတွေနဲ့ နေရတာ များတယ်၊ သူတို့နဲ့ နေရတာ ပျော်တယ်၊ အာရုံထဲမှာ ကလေးတွေနဲ့ ပတ်သက်တာ တော်တော်များတယ်၊ ကလေးတွေ အတွက် ရုပ်ပြတွေ၊ ကလေးပုံပြင် လေးတွေလည်း ကျနော် ရေးဖူးတယ်” ဟု ပန်းချီ ဝင်းလွင်အောင်က ပြောပြသည်။

အသက် ၄၀ အရွယ် ပန်းချီဝင်းလွင်အောင်သည် နွေကျောင်းပိတ်ရက် များတွင် သူနေထိုင်ရာ ဒဂုံတောင်ပိုင်းမြို့နယ် အတွင်းရှိ ကလေးများကို ပန်းချီ သင်ပေးသည်။ သူ့တွင် သားတယောက်၊ သမီး တယောက် ရှိသဖြင့် ကလေးများနှင့် နီးစပ်သူဖြစ်ရာ၊ ကလေးတို့၏ စိတ်ကူးအိပ်မက်များကို ပန်းချီဖြင့် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။

ကလေးများ၏ စိတ်ကူးအိပ်မက် ပန်းချီကားများ အကြားတွင် ထူးခြား သည့်  ပန်းချီကား တကား  ပါနေသည်။ အဲဒါကတော့ “The Master of Lin Gar Di Pa Chit Thu” အမည်ရ ပန်းချီဝသုန်၏ ပုံတူကား ဖြစ်သည်။

၁၉၉၅ ခုနှစ်က ရန်ကုန် ပန်းချီ ပန်းပုကျောင်းမှ ဆင်းခဲ့သော သူသည် မြန်မာ ပန်းချီဆရာများထဲတွင် ဆရာဝသုန်ကို အလေးစား၊ အနှစ်ခြိုက်ဆုံး ဖြစ်သောကြောင့် ဂုဏ်ပြုရေးဆွဲခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျမ ထပ်မံ နှစ်သက်မိသော သူ့ပန်းချီကားမှာ အလယ်တန်းအရွယ် ကလေးမလေးတဦးက မူကြို အရွယ် ညီမငယ် ကလေးကို သနပ်ခါးလိမ်းပေးနေသည့် ကားဖြစ်သည်။ သနပ်ခါး လိမ်းပေးနေသူ မိန်းကလေး၏  မျက်နှာက  ကျေနပ်မှု၊  ချစ်ခင်မှု၊ ပျော်ရွှင်မှုတို့ ပေါ်လွင်နေ၏။ ညီမငတ်နေသော မိန်းကလေးတိုင်း ထိုအိပ်မက်မျိုး မက်ဖြစ်ကြလိမ့်မည် ထင်သည်။

ပန်းချီ ဝင်းလွင်အောင် အသုံးပြုထားသည့် အခရိုင်းလစ် အရောင်များမှာ လွင်၍ စိုနေသည်။ ကလေးများနှင့် အလွန် လိုက်ဖက်သော အရောင်များ ဖြစ်သည်။

ကမ္ဘာ့မြေပုံပေါ်မှ ငြိမ်းချမ်းရေး သင်္ကတနှင့် ကလေးများကတော့ သူကိုယ်တိုင်၏ အိပ်မက်ဖြစ် လိမ့်မည်ဟု ကျမ ယူဆပါသည်။

“ကမ္ဘာကြီး ငြိမ်းချမ်းဖို့ အရမ်းလိုအပ်နေတယ်။ အဲဒါကိုလုပ်နိုင်မယ့် သူတွေကလည်း New Generation တွေပဲဖြစ်လိမ့်မယ်” ဟု ပန်းချီဝင်းလွင်အောင်က ပြောသည်။     ။

Loading