• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

စုတ်ချက်ကြမ်းကြမ်း … ဇော်လူဝင်း (ခ) ဇော်လူမင်း

by နိုင်စွမ်း
30 August 2014
in Culture
A A
စုတ်ချက်ကြမ်းကြမ်း … ဇော်လူဝင်း (ခ) ဇော်လူမင်း

ပန်းချီဇော်လူဝင်း (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

2.7k
VIEWS
Share on FacebookShare on Twitter
ပန်းချီဇော်လူဝင်း၏ ပန်းချီကား (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ပန်းချီဇော်လူဝင်း၏ ပန်းချီကား (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ပန်းချီဇော်လူဝင်း၏ ပန်းချီကား (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ပန်းချီဇော်လူဝင်း၏ ပန်းချီကား (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

ပန်းချီဇော်လူဝင်း (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ပန်းချီဇော်လူဝင်း၏ ပန်းချီကား (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

ပန်းချီ ဇော်လူမင်းနဲ့ စတင်ဆုံတွေ့ခဲ့တာက လောကနတ် ပန်းချီပြခန်းမှာ ဖြစ်ပြီး Wild Eye  အုပ်စု ခေတ်ပြိုင် အနုပညာ ပန်းချီပြပွဲ တခုမှာပါ။ အဲဒီတုန်းက ပန်းချီ ဇော်လူဝင်းလို့ပဲ သိခဲ့ပါတယ်။

အသားညိုညို၊ အရပ်မြင့်မြင့်၊ စကားကို အားပါး တရ ပြောတတ်တဲ့ ပန်းချီဇော်လူဝင်းကို ချက်ချင်းသတိပြုမိ သွားပါ တယ်။ သူ ရေးဆွဲထားတဲ့ ပန်းချီကား တချပ်ကို လည်း မှတ်မိနေပါတယ်။ မြန်မာ အမျိုးသမီးတဦး သနပ်ခါးလူးနေပုံကို စုတ်ချက်ကြမ်းကြမ်းနဲ့ Hard Edge  ပန်းချီကား အဖြစ် ဖန်တီးထားတဲ့ ပုံပါ။ သူ့ရဲ့ရေးဆွဲပုံနဲ့ ပြောစကားတွေကြောင့် သူဟာ လွတ်လွတ်လပ်လပ် ရေးဆွဲရတာကို နှစ်သက်သူဆိုတာ သတိပြုမိခဲ့တာပါ။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
501
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
857
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

အခု ပန်းချီကားပေါင်း ၇၃ ကားကို စုစည်းပြီး Zaw Lu Min ၂၀၁၄ ဆိုတဲ့ တကိုယ်တော် ပန်းချီ ပြပွဲကို ၂၀၁၄ ခုနှစ် ဩဂုတ် ၁၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ဒဂုံမြို့နယ် နဝဒေးလမ်းက Think အနုပညာပြခန်းမှာ ကျင်းပပါတယ်။ ပြခန်းက အသစ်ဖွင့်လှစ်တဲ့ ပြခန်းတခု ဖြစ်သလို ပြသတဲ့ ပန်းချီ ဇော်လူမင်းရဲ့ ပန်းချီကား တွေကလည်း ကြီးမား များပြား ပါတယ်။

ပန်းချီကားတွေကို  တူရာ  တွဲကြည့်လိုက်တဲ့အခါ  စီးရီး ၄ ခုကို ပြသထားသလို ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ Abstract Figure ပန်းချီကားတွေက စိတ်ဝင်စားစရာကောင်း သလို လိုင်းတွေ၊ Tone တွေနဲ့ ဖွဲ့စည်း ထားတဲ့ ပန်းချီကားတွေ ကလည်း ကြည့်ရှုသူကို ကျေနပ်မှု တစုံတရာ ပေးစွမ်းနိုင်တာ တွေ့ရပါတယ်။ ဒြပ်မဲ့ ပန်းချီကားတွေ ကတော့ ဖန်တီးရေးဆွဲ သူရဲ့ အတွေးနဲ့ ကြည့်သူရဲ့စိတ်ကူး ပေါင်းစပ်ခံစားရမယ့် ပန်းချီကား တွေပါပဲ။

ထူးခြားမှု တခုလို့ ပြောနိုင်တာက ဒီ ပန်းချီကားတွေကို စီးရီးလိုက်ဖြစ်အောင် ရည်ရွယ်ရေးဆွဲတာ မဟုတ်ဘဲ ရေးဆွဲ ပြီးမှ စီးရီးသဖွယ် ဖြစ်လာတာပါလို့ အသက် ၆၂ နှစ်အရွယ် ပန်းချီဇော်လူဝင်း ခေါ် ဇော်လူမင်းက ပြောပါတယ်။

“စီးရီးဖြစ်အောင် ရည်ရွယ်ရေးတာ မရှိဘူးဗျ။ ကျနော် ပန်းချီရေးတာ ရေးချင်လို့ ရေးနေတာပါ။ ဘာကို ဘယ်လိုဆွဲမယ် ဆိုပြီး ကြိုတင်စဉ်းစား မထားဘူး။ တခါတလေ ပန်းချီဆွဲ ဖြစ်ဖို့ အကြောင်းဖန် လာတာတွေ၊ စေ့ဆော်ပေးတာတွေ ရှိတတ်ပါတယ်။ အဲဒါကလည်း ကျနော့် ဝန်းကျင်ကပဲ ရတာပါ။ စကား ပြောနေရင်း ဖြစ်ဖြစ်၊ သွားလာနေရင်းဖြစ်ဖြစ်၊ တခုခုကို ကြည့်နေရင်း ဖြစ်ဖြစ် ပန်းချီဆွဲဖို့ အတွေးစိတ်ကူးတွေ ရတတ်ပါတယ်။ အဲဒီ ရလာတဲ့ အတွေးစိတ်ကူးကို ရေးဖြစ်တာပါ” လို့ သူက ပြောပါတယ်။

ပန်းချီ ဇော်လူဝင်းကနေ ဇော်လူမင်းလို့ ဘာကြောင့် ပြောင်းလိုက်တယ် ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါ တယ်။

“ပန်းချီဆွဲရာမှာ စိတ်အပြောင်းအလဲ ရှိသလို ဆွဲတဲ့အတိုင်း အမည်ကိုလည်း ပြောင်းကြည့်တာလို့ ဆိုရမယ် ထင်တယ်။ ဆိုင် မဆိုင်တော့ မသိဘူးပေါ့ဗျာ။ တချို့ဆို ကိုယ့်နာမည်ကို ပြောင်းဖို့ အင်မတန် ဝန်လေးကြတယ်။ ပြီးတော့ ကျနော့် ကို ဆက်သွယ်လာတဲ့ မိတ်ဆွေတွေ၊ အလုပ်ကိစ္စနဲ့ ဆက်သွယ်တဲ့ သူတွေလည်း ဇော်လူဝင်း အစား ဇော်လူမင်းလို့ ဆက်သွယ်တာ များတယ်။ ဘာကြောင့် မှန်းတော့ မသိဘူး။ ကျနော်က သူတို့မှားတဲ့ အတိုင်း လက်ခံတာလို့လည်း ဆိုနိုင်တယ် ပေါ့ဗျာ” လို့ ရှင်းပြတယ်။

အနုပညာသမား ဆိုတာ စဉ်ဆက်မပြတ် စမ်း သပ် ရှာဖွေဖန်တီးသင့်တယ်လို့လည်း သူက ဆိုပါတယ်။

“အနုပညာသမား ဆိုတာ တလျှောက်လုံး စမ်းသပ်နေရမှာ၊ ဖန်တီးနေရမှာ ဖြစ်တယ်ဗျ။ သေသည် အထိ စမ်းသပ်မှု တွေ၊ ဖန်တီးမှုတွေ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုချင်တယ်။ အရင့်အရင် ခေတ်များက ဆရာ့ ဆရာကြီးများဟာ လည်း စမ်းသပ်ရင်း  ရှာဖွေရင်း၊  ဖန်တီးရင်း  နောက်လူတွေကို အနုပညာ အမွေတွေ ပေးခဲ့တယ်၊ နောက်လူတွေက ဆက်ခံခဲ့ရတယ်” လို့ သူက ပြောပါတယ်။

တောင်ကြီးမြို့မှာ မွေးဖွားခဲ့တဲ့ ပန်းချီဇော်လူ မင်းဟာ အခု အသက် ၆၂ နှစ်ရှိပါပြီ။ တောင်ကြီး ကနေ တပ်မတော်သား ဖခင်တာဝန်ကျရာ ကလော မြို့ကို လိုက်ပါပြောင်းရွှေ့ခဲ့ရပါတယ်။ ငယ်စဉ်က ကလောမြို့ King’s Wood  အထက် တန်း ကျောင်းတက်ရောက်ခဲ့ပြီး ပန်းချီပညာကိုပါ လေ့လာသင်ယူ နိုင်ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တက္ကသိုလ်က ဓာတုဗေဒ အထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ အဲဒီကာလမှာပဲ ပန်းချီရော ပန်းပုကိုပါ တပြိုင်တည်း ထပ်မံလေ့လာခဲ့တယ် လို့ သိရပါတယ်။

၁၉၉၀ ပြည့်နှစ်မှာတော့ သူဟာ အင်းလျား အနုပညာပြခန်းမှာ နယ်သာလန် နိုင်ငံသား ဒတ်ချ် လူမျိုး ပါဖောမင့် အနုပညာရှင်များနှင့် အတူ Performance Art Event တွေ တင်ဆက်ခဲ့တယ် လို့လည်း ပြောပြပါသေးတယ်။ အဲဒီ နောက် ဂျပန် နိုင်ငံက (NIPAF) ရဲ့ ဖိတ်ကြားခြင်းကို ခံခဲ့ရပြီး ဂျပန်နိုင်ငံမှာ ပါဖောမင့် တင်ဆက်ခြင်း၊ အကျော်အမော် ပုဂ္ဂိုလ်တွေကို ပုံတူပန်းပုထုပေးခြင်းနဲ့ ပန်းချီ ပုံတူ ရေးဆွဲပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။

အဲဒီနောက် ၂၀ဝ၈ ခုနှစ်မှာ Wild Eye အုပ်စု ပန်းချီပြပွဲနဲ့ ကံကော်ရွာ အုပ်စုပန်းချီပြပွဲတွေမှာ ပါဝင်ပြသ လာခဲ့တာ ဖြစ်ပြီး ယခု Zaw Lu Min ၂၀၁၄ ပြပွဲက သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပြပွဲ ဖြစ်ပါတယ်။     ။

Your Thoughts …
Tags: ArtEntertainment
နိုင်စွမ်း

နိုင်စွမ်း

ဧရာဝတီ

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.8k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.4k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

Next Post
မြန်မာ့အလှ ကမ္ဘာက သိကုန်ကြပြီ

မြန်မာ့အလှ ကမ္ဘာက သိကုန်ကြပြီ

သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး,

လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မပါသေး

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.2k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate