• English
Saturday, December 9, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

        စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

        လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

        လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

        မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

        မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          အဖော်လေးတွေ…

          အဖော်လေးတွေ…

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home Lifestyle Culture

          “ဂန္ထဝင်မမ” မူပိုင်ကိစ္စနှင့် ပတ်သက်၍ ကဗျာဆရာသမဂ္ဂ အတွင်းရေးမှူးနှင့် တွေ့ဆုံခြင်း

          by ဧရာဝတီ
          23 October 2014
          in Culture
          Reading Time: 1 min read
          A A
          ဂန္ထဝင်မမ, ကဗျာဆရာသမဂ္ဂ

          ယခုနှစ်အတွင်း ကျင်းပသည့် ကဗျာဆရာ မောင်ချောနွယ် အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ကဗျာဆရာ မောင်လင်းရိပ်က အမှတ်တရ စကားပြောစဉ် (ဓာတ်ပုံ - မောင်လင်းရိပ်၏ facebook စာမျက်နှာမှ)

          2.9k
          VIEWS
          Share on FacebookShare on Twitter

          လက်ရှိ Channel 7 ရုပ်သံလိုင်းတွင် ပြသနေသော “ရင်ခုန်သံ တဒိတ်ဒိတ်” ကိုရီးယား ဇာတ်လမ်းတွဲသည် စတင် ပြသစဉ်က “ဂန္ထဝင်မမ” အမည်ဖြင့် ပြသခဲ့ခြင်း ဖြစ်သည်။ “ဂန္ထဝင် မမ” ဆိုသည့် အမည်သည် ကဗျာဆရာ အောင်ချိမ့်၏ နာမည်ကျော် ကဗျာအမည် ဖြစ်သည်။ ဂန္ထဝင် မမ သည် မြန်မာခေတ်ပြိုင် ကဗျာဆရာများ၊ ကဗျာလေ့လာသူများ၊ ကဗျာချစ်သူများကြားတွင် ထင်ရှားသည်။ ထိုသို့ ရုပ်သံ ဇာတ်လမ်းတွဲ အမည်ကို “ဂန္ထဝင်မမ” ဟု အမည်သုံးခြင်းနှင့် ပတ်သက်ပြီး ကဗျာဆရာ အောင်ချိမ့်က ရင်းနှီးသူတချို့မှ တဆင့် အကြောင်းကြား ညှိနှိုင်းရာ ကဗျာဆရာကို မည်သို့မှ အကြောင်း ပြန်ကြားခြင်း မပြုဘဲ ရုပ်သံလိုင်းက “ဂန္ထဝင်မမကြီး” ဟူ၍ ပြောင်းလဲ ခဲ့သည်။ ကဗျာဆရာ အောင်ချိမ့်က ကဗျာဆရာများအရေး ဆောင်ရွက်နေသော မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂသို့ အကြောင်းကြားခဲ့ရာ သမဂ္ဂက စက်တင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တရပ် ထုတ်ပြန်ခဲ့သည်။

          ထိုကြေညာချက် ထုတ်ပြန်ပြီး မကြာမီ ရုပ်သံလိုင်းက အဆိုပါ ဇာတ်လမ်းတွဲကို “ရင်ခုန်သံ တဒိတ်ဒိတ်” ဟူသော အမည်ဖြင့် ပြသ မည်ဟု ကြော်ငြာခဲ့ကြောင်း သိရသည်။

          RelatedPosts

          အဖော်လေးတွေ…

          အဖော်လေးတွေ…

          9 December 2023
          278
          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          7 December 2023
          2.1k
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          4 December 2023
          2k

          ယင်း ဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂ အတွင်းရေးမှူး ကဗျာဆရာ မောင်လင်းရိပ်ကို ရုပ်သံလိုင်းနှင့် ကဗျာဆရာ အကြား အဖြစ်အပျက်၊ မူပိုင်ခွင့် နှင့် သဘောထား အမြင် အစရှိသည်တို့နှင့် ပတ်သက်၍ ဧရာဝတီ အယ်ဒီတာ အေးချမ်းမြေ့က တွေ့ဆုံ မေးမြန်း ထားပါသည်။

          မေး။      ။ ကဗျာဆရာ အောင်ချိမ့်ရဲ့ ဂန္ထဝင်မမနဲ့ ရုပ်သံမီဒီယာတခု ပြဿနာ စပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို ပြောပါဦး။ အဲဒီ ပြဿနာကို ဆရာအောင်ချိမ့်က ကဗျာဆရာသမဂ္ဂဆီ စပြီး အကြောင်းကြားတာလား၊ ဒါမှမဟုတ် သမဂ္ဂက ကိုယ့်ဘာသာ သိပြီး အကြောင်းကြားစာ ပို့တာလား။

          ဖြေ။       ။ ကျနော်သိသလောက် ကိုအောင်ချိမ့်က စသိတာ။ နောက်တော့ ကိုယ့်ဘာသာကိုယ် ကြည့်ရတယ်၊ သူတို့ ရုပ်သံဇာတ် လမ်းက ဂန္ထဝင်မမ ဆိုပြီး ခေါင်းစဉ် ပေးထားပါလားလို့ဆိုတော့ … ဒါက ကိုအောင်ချိမ့် စာအုပ် နာမည်ပဲ၊ သူတို့ ဘယ်လို သုံးတာလဲ …၊ စိတ်ထဲမှာတော့ အဲဒီလို တွေးလိုက်မိတာပေါ့။ ကိုအောင်ချိမ့်ကသိတော့ ဒါကို အဆင့်ဆင့် စုံစမ်းတယ်၊ ဖုန်းနံပါတ်တွေ တောင်းတယ်၊ ဆက်သွယ်တယ်၊ တိုက်ရိုက်တော့ မဆက်သွယ်ဘူးပေါ့။ တိုက်ရိုက် ဆက်သွယ်လို့ မရဘူး။ ဒါပေမယ့် ကိုယ်သိတဲ့ လူတွေကနေ တဆင့် Channel 7 ဘက်ကိုထက်၊ ယေဘုယျပြောရင် ဒီရုပ်သံလိုင်းကို တာဝန်ယူထားတဲ့ Forever ဘက်ကိုပေါ့။ အဲဒီဘက်ကို လှမ်းပြီးတော့ စုံစမ်းတယ်။ လှမ်းစုံစမ်းတယ်လို့ သိလိုက်တာနဲ့တပြိုင်နက် မရှေးမနှောင်းမှာလိုပဲ ဂန္ထဝင်မမဆိုတာကို ဂန္ထဝင်မမကြီးဆိုပြီး ပြောင်းသွားတာကို သတိထားမိလိုက်တယ်။

          မေး။      ။ ဆရာအောင်ချိမ့်ရဲ့ နာမည်ကြီး ကဗျာစာအုပ်နာမည် ဖြစ်တဲ့ ဒီ ဂန္ထဝင်မမ ဆိုတဲ့ ခေါင်းစဉ်ကိုယူပြီး အသုံးပြုလိုက်တဲ့ အပေါ်မှာ ကဗျာဆရာ သမဂ္ဂအနေနဲ့ သဘောထား အမြင်ကို ပြောပြပါလား။

          ဖြေ။       ။ သမဂ္ဂအနေနဲ့ ခံစားချက်ကတော့ ဂန္ထဝင်မမ ဆိုတာကတော့ သူရဲ့ ထင်ရှားတဲ့ အနုပညာနာမည် တခုပဲ ဖြစ်တယ်။ ကိုအောင်ချိမ့်ဆိုရင် ဂန္ထဝင်မမနဲ့ တွဲပြီးတော့ သိထားကြတဲ့အခါကျတော့ ဒီနာမည်ဟာ သူ့ရဲ့နာမည်လို့ သဘောထားရမယ့် နာမည်မျိုးလို့ သမဂ္ဂက ယူဆတယ်။ ဒါပေမယ့် ဒါက ပုဂ္ဂိုလ်ရေးကိစ္စ ဖြစ်နေတဲ့အတွက် အစောပိုင်းမှာတော့ သမဂ္ဂအနေနဲ့ ဘာမှပတ်သက်မှု မရှိဘူး။ တဦးချင်းစီရဲ့ သဘောထားကတော့ လက်ဖက်ရည်ဝိုင်းမှာ ဒီလိုမျိုး ဖြစ်နေပြီဆိုတာ ပြောတာ လောက်ပဲရှိတယ်။ သို့သော်လည်း ခုနကပြောသလို ကိုအောင်ချိမ့်က တိုက်ရိုက် မဟုတ်သော်လည်း သူ တဆင့် တဆင့် စုံစမ်းရင်းနဲ့ ရုပ်သံကုမ္ပဏီ ဘက်က နေပြီးတော့ တခုခုတုံ့ပြန်မှုကို မရလာတဲ့အခါမှာ သူက ကဗျာဆရာသမဂ္ဂဆီကို ရောက်လာတယ်။ နည်းလမ်းတခုအနေနဲ့၊ ဖြေရှင်းမှုတခု အနေနဲ့၊ ဒါမှမဟုတ် အကူအညီတောင်းမှုတခုအနေနဲ့ ကဗျာဆရာ သမဂ္ဂ ဥက္ကဋ္ဌ ဆရာ သစ္စာနီဆီ ရောက်လာတယ်။ ကဗျာဆရာ သမဂ္ဂကလည်း ဒီကိစ္စမှာတော့ ကိုယ့်ရဲ့သဘောထားကို ထုတ်ပြန်ပေးဖို့သင့်တယ်လို့ ယူဆတဲ့အတွက် သဘောထားကြေညာချက် တခု ထုတ်ပေးတယ်။

          ကြေညာချက်ထဲမှာ တွေ့တဲ့အတိုင်းပဲ။ ဒါက သက်ဆိုင်ရာ ကာယကံရှင်နဲ့ ရုပ်သံလိုင်းနဲ့ တိုက်ရိုက်ဖြေရှင်းရမယ့် ကိစ္စလည်းဖြစ် တယ်၊ နောက်တခါ ဒီကိစ္စတွေက ဆက်လက်ပြီးတော့ ဆောင်ရွက်ဆဲအဆင့် ဖြစ်တဲ့အတွက် မယုတ်မလွန်နဲ့ ဒီကိစ္စကို ပြေလည် အောင် ဖြေရှင်းဖို့ဆိုတဲ့၊ တိုက်တွန်းတယ်ဆိုတဲ့ သဘောလောက်ပဲ ညင်ညင်သာသာ ပျော့ပျော့ပြောင်းပြောင်းနဲ့ သဘောထား ကြေညာချက်ထဲမှာ ထည့်ရေးထားတယ်။ ဒါပေမယ့် ဒီနာမည်ဟာ ကိုအောင်ချိမ့်ရဲ့ ကိုယ်ပိုင်နာမည်၊ ကိုအောင်ချိမ့် ပိုင်ဆိုင်တဲ့ နာမည် သဘောမျိုး ဖြစ်တယ်ဆိုတာတော့ အဲဒီအထဲမှာ ဖော်ပြထားတယ်။

          မေး။      ။ မြန်မာနိုင်ငံမှာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ခိုင်ခိုင်မာမာ ရှိနေပြီလို့ ယူဆသလဲ။ အရင်ကလည်း အဲဒီလိုမျိုး ယူသုံးကြတာတွေ ရှိတာပဲ။

          ဖြေ။     ။ ဟုတ်တယ် … သီချင်းခေါင်းစဉ်ကို ယူသုံးတာမျိုးတွေ၊ စီးရီးခေါင်းစဉ်ကိုပဲ ယူသုံး တာတွေ၊ ဗီဒီယို ဇာတ်လမ်းအမည် ယူသုံးတာတွေ အဲဒီလိုရှိကြတယ်။ အဲဒီလိုရှိကြတဲ့အခါမှာ ဖြေရှင်းကြတဲ့ ဖြေရှင်းနည်းကတော့ ဒါက အနုပညာသမား အချင်းချင်း သုံးတဲ့အခါမှာလည်း တချို့ သိတတ်တဲ့သူတွေက မူရင်း ဖန်တီးတဲ့ သိပ်ပြီးတော့ ဘုံသဘော ဆန်တဲ့ နာမည်မျိုးဆိုရင်တော့ ဒါက သူသုံး ကိုယ်သုံးပေါ့။ ဒါပေမယ့် ဒီ အနုပညာရှင် တယောက်ကနေပြီးတော့ သူကိုယ်တိုင်ဖန်တီးထားတဲ့ ဖန်တီးတီထွင်မှုလို့ ပြောလို့ရမယ့် စကားလုံးမျိုးဆိုရင် တချို့ကတော့ ရင်းနှီးခင်မင်မှုအရ သူ့ဆီက ခွင့်တောင်းတယ်၊ တချို့ကျတော့လည်း သူတတ်နိုင်ရင် တတ်နိုင်တဲ့ အနုပညာကြေးသဘောမျိုး၊ ဉာဏ်ပူဇော်ခသဘောမျိုး အဲဒီလိုမျိုး သူတို့ပေးကြတယ်။ ပေးပြီးတော့ သုံးကြတယ်။ တချို့ကျတော့လည်း ဝိနည်းလွတ် နည်းနည်းလေး ပြောင်းပြီးတော့ပေါ့၊ စကားလုံးတလုံးလောက် ထည့်ပြီးတော့ဖြစ်ဖြစ် အဲဒီလိုသုံးကြ တဲ့သူတွေရှိတယ်။ အမှုအခင်း ဖြစ်ကြတာတွေလည်း ရှိတယ်။ ဒီမှာက မူပိုင်ခွင့် ဥပဒေက ခိုင်ခိုင်မာမာ မရှိတဲ့အခါကျတော့ ဒီလို ကိစ္စမျိုး ဖြေရှင်းတဲ့အခါမှာ ကျနော့် သဘောကတော့ လူကြီးလူကောင်း ဆန်ဆန် ဖြေရှင်းနည်းကတော့ အကောင်းဆုံးနည်းပဲလို့ သဘောရတယ်။

          မေး။      ။ အဲဒီလိုမျိုးမှာ ယူသုံးတဲ့အခါကျတော့ ကြားဖူးတာက ဒီဟာကို ပေးသုံးတဲ့ အနုပညာရှင်ကို အနည်းဆုံးတော့ ကျေးဇူး တင်ကြောင်း၊ ဒီခေါင်းစဉ်က ဘယ်သူ့ရဲ့ စာသားဖြစ်ပါတယ်၊ ဒီသီချင်းရဲ့ခေါင်းစဉ်ဖြစ်ပါတယ်၊ သို့မဟုတ် ဒီဗီဒီယိုဇာတ်ကားရဲ့ ခေါင်းစဉ်ဖြစ်ပါတယ်လို့ Credit ပေးတာပေါ့။ ဗီဒီယိုကနေ ယူသုံးရင်လည်း ဒီလိုမျိုး အသိအမှတ်ပြုတာလေး ရှိတယ်ပေါ့။ အခုကတော့ လုံး၀ မရှိဘူးဆိုတဲ့ သဘောပေါ့နော်။

          ဖြေ။       ။ အခုက လုံးဝမရှိဘူး။ သူတို့မသိလို့ လုပ်တာလည်း ဖြစ်နိုင်တယ်၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါက ကိုအောင်ချိမ့် နာမည်မှန်း မသိဘူး၊ တနေရာရာကတော့ ကြားဖူးမယ်၊ သူတို့ လုပ်ငန်းသဘောအရ မှန်းမိတာက … ဒါက မြန်မာဗီဒီယိုဆိုင်တွေ ရှေ့မှာ နိုင်ငံခြား ဇာတ်လမ်းကို ကိုယ့်ဘာသာ ဒေါ်လာ လက်တဆုပ် ဇာတ်ကြမ်းကားကြီး ဆိုပြီးတော့ မြန်မာလိုရေးတဲ့ သဘောမျိုးပါပဲ။ အခုဟာက ကိုရီးယား ဇာတ်လမ်းတွဲရဲ့ နာမည်ကိုပဲ သူတို့တိုက်ရိုက်ပြန်တာ ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် ဒီနာမည်ကို မြန်မာလို ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကို ကနဦး အဆိုပြုရမယ့် ဝန်ထမ်းရှိရင်ရှိမယ်။ နောက်တခါ အတည်ပြုရတဲ့ဝန်ထမ်း ရှိရင်ရှိမယ်။ ဘာပဲပြောပြော ကနဦးလူကတော့ ဒီဥစ္စာကို သူက ကိုအောင်ချိမ့်ရဲ့ နာမည်မှန်းမသိဘဲ တနေရာရာက သူသိထားတဲ့ နာမည် အနေနဲ့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့ခေါင်းထဲကသာ ဒီလို ဂန္ထဝင်မမ ဆိုတဲ့နာမည် ပေါ်လာတယ် ဆိုရင်တော့ သူလည်း ဘာပဲပြောပြော ဘာသာစကားအရရော၊ အနုပညာအရရော အာရုံခံစားမှု တော်တော်ကိုမြင့်တဲ့ ဝန်ထမ်းလို့ ပြောရမှာပဲ။ သူကပေးလို့သာ တာဝန်ခံ တဲ့သူက အတည်ပြုတာဖြစ်လိမ့်မယ်။ ကိုအောင်ချိမ့်ရဲ့ နာမည်မှန်းသိလျက်နဲ့ ဒီနာမည်လေး ယူသုံးလိုက်မယ်ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါကတော့ သေချာမပြောနိုင်ဘူး။

          မေး။      ။ တကယ်လို့ သူက ခုနက ဆရာပြောသလိုမျိုး ခံစားမှုအားကောင်းလို့ ဒီဟာကို သူစဉ်းစားမိပြီးတော့ ဂန္ထဝင်မမကို သူ မဖတ်ဖူးဘူး၊ ကြားလည်း မကြားဖူးဘူးပေါ့နော်။ မကြားဖူးဘဲနဲ့ အဲဒီလိုမျိုး ခေါင်းစဉ်ပေးလိုက်တယ်ဆိုရင်ရော ဒီဟာက အပြစ်ယူနိုင်မလား။

          ဖြေ။       ။ ဖြစ်သွားတယ်ဆိုရင်လည်း ဒါက ဥပမာအနေနဲ့ဆိုရင် လူတယောက်နဲ့တယောက် လမ်းမှာဝင်တိုက်မိတဲ့ သဘောပဲ၊ တမင် ဝင်တိုက်လိုက်တာတော့ မဟုတ်ဘူး။ တိုက်မိတယ်ဆိုရင်တော့ အနည်းဆုံးတော့ ဘာလုပ်ရမလဲဆိုတော့ ဝမ်းနည်းပါတယ် လို့တော့ တောင်းပန်တဲ့စကားကို တိုက်မိလိုက်တဲ့သူက ပြောရမှာပဲ။ အနုပညာသဘောအရ ပြောမယ်ဆိုရင် ဒါက ကိုအောင်ချိမ့်က ထင်ထင်ရှားရှား ရှေးဦးရှိပြီးသား ဖြစ်နေတဲ့အတွက် အစဉ်အလာအရဆိုရင် ဒါက သူ့နာမည်ကို ယူသုံးတယ်ဆိုတဲ့ သဘောမျိုးပဲ သက်ရောက်သွားတာ။ အခုကိစ္စက သူတို့က တိုက်မိလိုက်တယ်။ တိုက်မိလိုက်တဲ့ အခါကျတော့ ဂန္ထဝင်မမကြီးလို့ လုပ်လိုက်တဲ့ ဟာက ဝိနည်းလွတ် လုပ်တယ်၊ နည်းနည်း အရုပ်ဆိုးသွားတဲ့ သဘောပေါ့။

          တနည်းအားဖြင့် ပြောရမယ်ဆိုရင် တိုက်လိုက်မိပြီ ဆိုတာ သိပြီဆိုတော့၊ သေချာစဉ်းစားမယ်ဆိုရင် ကဗျာဆရာ တယောက်နဲ့ ရုပ်သံလိုင်းတခုနဲ့ တိုးမိသွားပြီဆိုရင် ရုပ်သံလိုင်းဟာ ဘာဖြစ်သွားမလဲဆိုတော့ သူ့ရဲ့ အင်းအားအရရော၊ လွှမ်းခြုံမှုအရရော အားကောင်းတဲ့သူဆိုတော့ သူက ယာဉ်လိုဖြစ်သွားပြီ။ တနည်းအားဖြင့် လူနဲ့လူချင်း တိုက်မိတာမျိုး မဟုတ်ဘဲနဲ့ လူနဲ့ကားနဲ့ တိုက်မိတယ်လို့ ဥပမာပေးရင် ရလောက်တယ်။ အခုအတိုင်း ဆိုရင် သူတို့က တိုက်ပြီး ထွက်ပြေးသွားတဲ့ သဘောမျိုး ဖြစ်သွားတယ်။ မတော်တဆပဲဖြစ်ဖြစ် တိုက်မိသွားတယ်ပေါ့။ တိုက်မိသွားတဲ့ နောက်ပိုင်း အရေးယူမှုက ဘာလဲဆိုတော့ အခုပြောသလို တိုက်ပြီးတော့ ထွက်ပြေးတဲ့သဘောမျိုး သက်ရောက်နေတယ်။ အတိုက်ခံရတဲ့သူကတော့ ကျုပ်တို့ကတော့ တိုက်မိသွားပြီ၊ ကားနံပါတ်က ဘယ်လောက်လဲ ဆိုပြီးတော့ … ဒီလောက်ပဲ သူက လုပ်ရမယ့်သဘောမျိုး ဖြစ်နေတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ဥပမာကတော့ ထပ်တူညီမျှ မရှိတဲ့အတွက် အဆင်ပြေရင်လည်း အဆင်ပြေသွားပါစေ ဆိုပြီး အနုပညာရှင်က အဲဒီသဘောနဲ့ သူ့ပတ်သက်ရာ ပတ်သက်ကြောင်း သူသိတဲ့သူတွေက တဆင့် ဆက်သွယ်တဲ့အခါမှာ ဟိုက တရားဝင်တုံ့ပြန်မှု မလုပ်ဘူး။ တရားဝင် တုံ့ပြန်မှုမလုပ်တဲ့အပြင် အခု ကာယကံရှင်က ဆက်သွယ်တဲ့အခါမှာ သမဂ္ဂနဲ့ဆက်သွယ်ပြီးလို့ သမဂ္ဂကနေ ကြားဝင်ပြီးတော့ ပြေပြေလည်လည် ဆောင်ရွက်ပါဆိုပြီးတော့ ကြေညာချက် ထုတ်ပေးတယ်။ အဲဒီကြေညာချက်ကို တရားဝင် ပို့ပေးတယ်။ ပို့ပေးတဲ့ အခါမှာလည်း ကြေညာတဲ့ အဖွဲ့အစည်းပေါ်ကို အမှန်တိုင်းဆိုရင် ကုမ္ပဏီက စာရောက်ကြောင်း၊ ကျနော်တို့ ဘယ်လိုတော့ ဆောင်ရွက်လိုက်ပါပြီဆိုတာ ဒီလောက်ကုမ္ပဏီ ဆိုရင်၊ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ်လေ၊ လုပ်ငန်းတခု လုပ်နေပြီ ဆိုရင်တော့ အဲဒီလိုအလုပ်မျိုးကတော့ အနိမ့်ဆုံး လုပ်နိုင်ရမယ်။ လုပ်နိုင်တဲ့ အရည်အချင်း ရှိရမယ်။

          သူ့ဟာသူ အရေးယူ ဆောင်ရွက်တာက သင့်တော်သည်ဖြစ်စေ၊ မှန်ကန်သည်ဖြစ်စေ၊ ဒါကတပိုင်း။ ဒီပေါ်မှာ သူ့ဆောင်ရွက်မှုက ကျေနပ်စရာ မရှိဘူး။ ခင်ဗျားတို့ ဘာပဲပြောပြောဗျာဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။

          အဲဒါကြောင့်ပဲ သူက ရှောင်ပြေးချင်တဲ့ သဘောမျိုးနဲ့ ဒီဥစ္စာကို ၁၉ ရက် ၉ လပိုင်းမှာ ကျတော့ ရင်ခုန်သံ တဒိတ်ဒိတ်လို့ နာမည်ပြောင်းပြီးတော့ ပြသမည်ဖြစ်ပါကြောင်း ဆိုပြီးတော့ ကြော်ငြာတယ်၊ ဒါပေမယ့် တရားဝင် ဒီအစီအစဉ်တွေကို ဖော်ပြတဲ့ စာနယ်ဇင်းတွေမှာကတော့ မူလအတိုင်းပဲ ဂန္ထဝင်မမ ဆိုတာနဲ့ ဖော်ပြနေတာတွေ တွေ့နေရတယ်။

          မေး။      ။ ဘယ်တုန်းကစပြီးတော့ ရင်ခုန်သံတဒိတ်ဒိတ်ဆိုပြီး သူတို့ပြောင်းလိုက်တာလဲ။

          ဖြေ။       ။ ၁၉ ရက် ၉ လက။ ဒီလို ရုပ်သံတွေနဲ့ ပတ်သက်ပြီး ပြောရရင် မူပိုင်ခွင့် ရှိတယ်ဆိုတဲ့ ဟာတွေကို ယူသုံးတယ်၊ မသုံးဘူး ဆိုတာတော့ ကာယကံရှင်တွေက Screen shot တွေ ရိုက်ထားရမယ့်ပုံစံတွေ ဖြစ်နေတယ်။ Print Media ဆိုရင်တော့ ရှင်းတယ်။ Print Media ကတော့ နည်းနည်းလွယ်တယ်ပေါ့။ ဒါမျိုးတွေဆိုရင်တော့ အဲဒီလိုမျိုးတွေပဲ ဖြစ်နေမယ်။ ပြောကြစို့ဆိုရင် လုပ်ငန်းပိုင်း ကတောင် ပိုပြီး အရေးစိုက်ရဦးမယ်။

          မေး။      ။ အခု ဆရာ အောင်ချိမ့်နဲ့ ပတ်သက်ပြီးတော့ ကဗျာလောကမှာ သူ့ရဲ့ လွှမ်းမိုးနိုင်မှု၊ သူ့ရဲ့ သြဇာသက်ရောက်မှု၊ သူ့ရဲ့ အနုပညာဖန်တီးအားကော … ဆရာ အဲဒါလေး ပြောပြပေးပါလား။

          ဖြေ။       ။ သူ့ရဲ့ အနုပညာ ဖန်တီးအားက အခု မြန်မာခေတ်ပေါ် ကဗျာလို့ပြောကြတဲ့ ကဗျာမှာဆိုရင်တော့ ဆရာ အောင်ချိမ့်ဟာ ဦးဆောင်သူတွေထဲမှာ … ဒီခေတ်ပေါ်ကဗျာ ဘယ်လိုပဲပေါ်လာပေါ်လာ သူ့ရဲ့ လုပ်ဆောင်နိုင်မှုအရရော၊ ရေးသားနိုင်မှုအရ၊ သူ့ရဲ့ လက်ရာတွေအရရော၊ ထင်ရှားမှုအရရော ပြောရမယ်ဆိုရင် သူက ဦးဆောင်သူထဲက တယောက်၊ ဒါက နည်းနည်းလေး လျှော့ပြော ထားတာ၊ ဦးဆောင်သူ တဦးလို့တောင် ပြောလို့ရတယ်။ ထိုးထွက်လာတဲ့ လူ သုံးလေး ငါးယောက်လောက် ရှိတဲ့အထဲမှာ ဒါက ထင်ရှားတဲ့ တယောက်လို့ သူ့ကိုပြောလို့ရတယ်။ အဲဒီလိုပဲ ဒီ ဂန္ထဝင်မမကလည်း သုံးကြိမ်တောင် ထုတ်ထားပြီးတဲ့ စာအုပ်တအုပ်၊ အဲဒီတော့ ဒီစာအုပ်ရဲ့ အရေးပါမှုနဲ့ ကိုအောင်ချိမ့်နဲ့ ဆက်စပ်မှုကလည်း ပေါ်လွင်နေတယ်လို့ ပြောလို့ရပါတယ်။

          မေး။      ။ ဂန္ထဝင်မမဆိုရင် ကဗျာရေးတဲ့သူကတော့ ထားလိုက်ဦးပေါ့နော်။ ကဗျာဖတ်တဲ့သူတွေကြားထဲမှာ ဂန္ထဝင်မမ ဆိုတာနဲ့ အောင်ချိမ့်ကို တန်းမြင်တယ်ဆိုတဲ့ အနေအထားပေါ့နော်။ ဒါဆို ဒီ ရုပ်သံလိုင်းရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ပါဆိုရင် ဘယ်လို ဝေဖန်မလဲ။

          ဖြေ။       ။ ဒီရုပ်သံလိုင်းနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ဝေဖန်စရာဆိုတာကတော့ သိပ်များများတော့ မရှိပါဘူး။ ကျနော့် စိတ်ထဲမှာ အလိုမကျတာတွေကတော့ ဒီရုပ်သံလိုင်းတင် မကဘူးပေါ့လေ၊ ဒီရုပ်သံမီဒီယာ တခုလုံးမှာတော့ ကျေနပ်စရာ မရှိတဲ့ အချက်တွေကတော့ အများကြီးပဲ။ ဒီကိစ္စဖြစ်သွားတာနဲ့ ပတ်သက်ရင်တော့ ဒီရုပ်သံလိုင်းက သူ့ရဲ့ ဖြေရှင်းမှုဟာ လုပ်ငန်းကြီး မပီသဘူး၊ တာဝန်ယူမှု မရှိဘူးလို့ … အဲဒီလို သုံးသပ်တယ်။ အခု လက်ရှိအနေအထားအရ။ ဘာကြောင့်ဆိုရင် အချက်ကနှစ်ချက်၊ ကာယကံရှင်ကိုယ်တိုင် လာတာလည်းမဟုတ်ဘူး၊ သို့သော်လည်း ကြားခံ အဖွဲ့အစည်းကနေပြီးတော့ ကြားဝင်ပြီးတော့ တရားဝင် စာပို့တာ တောင်မှလည်း တရားဝင် ပြန်ကြားမှုလုပ်ဖို့ လုပ်နိုင်တဲ့ အရည်အချင်းမရှိဘူး။ လုပ်နိုင်တဲ့ အရည်အသွေးကို မပြဘူး ဖြစ်တဲ့အတွက် သူ့ရဲ့ လုပ်ငန်းလုပ်ဆောင်မှုကတော့ တော်တော် သံသယရှိတယ်။

          မေး။      ။ အခုနောက်ပိုင်းမှာ သမဂ္ဂတွေ ပေါ်လာတယ်ပေါ့နော်။ ကျောင်းသား၊ အလုပ်သမား သမဂ္ဂလိုမျိုး၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေ အဲလို အစုအဖွဲ့တွေပေါ့။ ဂီတ၊ ရုပ်ရှင်ပေါ့ စသဖြင့် အဲ့လိုပေါ်လာတဲ့အခါမှာ သမဂ္ဂတွေရဲ့ အင်အားနဲ့ သမဂ္ဂတွေထဲမှာ ပါဝင်တဲ့ လူတွေအတွက် လုပ်ပေးနိုင်တဲ့ အင်အားပေါ့။ အစိုးရဘက်က ထောက်ပံ့အားပေးမှု ရောပေါ့။ ဒါက အရပ်ဖက် လူ့အဖွဲ့အစည်းလို့ ခေါ်မှာပေါ့။ အဲအပေါ်မှာ အစိုးရဘက်က ဝင်ပြီးရပ်တည်ပေးတာ ဘယ်လောက်ရှိပြီလို့ ယူဆလဲ။ ပြောင်းလဲလာတယ်လို့ခေါ်တဲ့ ဒီဘက် ၁ နှစ်၊ ၂ နှစ် အတွင်းမှာ။

          ဖြေ။       ။ အားကောင်းတဲ့ သမဂ္ဂတွေ၊ အရင်အစိုးရ လက်ထက်ကနေပြီးတော့ ကမကထ ပြုပြီးတော့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တွေ ကနေပြီးတော့ ပြောင်းလာတဲ့ အဖွဲ့အစည်းတွေရဲ့ နောက်မှာကတော့ အစိုးရရဲ့ရပ်တည်မှုရှိတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ ကိုယ် လွတ်လပ်စွာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေမှာတော့ ဆက်ဆံရတဲ့ ပုဂ္ဂလိက ကုမ္ပဏီ၊ ဒါမှမဟုတ် လူပုဂ္ဂိုလ် စသည့် အဲဒီ လူတွေကရော နောက်ကနေပြီးတော့ သမဂ္ဂတွေဘက်က ရပ်တည်ပေးရမယ်။ ရပ်တည်ပေးရမယ် ဆိုတာ မှားမှား၊ မှန်မှန် ထောက် ခံပေးရမယ် ဆိုတဲ့ သဘောမဟုတ်ဘူး။ ဘာပဲပြောပြော ဒီသမဂ္ဂကို လေးလေးစားစား ဆက်ဆံဖို့ ဆိုတဲ့ အပိုင်းမှာလည်း ဒါက တာဝန်ရှိတဲ့သူတွေပေါ့၊ တာဝန်ရှိတဲ့သူဆိုတာ အစိုးရနဲ့ အုပ်ချုပ်သူ အဖွဲ့အစည်းပေါ့။ အဲဒီဘက်ကနေ ပါဝင်မှုက အားရ ကျေနပ်ဖွယ်မရှိပါဘူး။ အများဆုံးဖြစ်နေတဲ့ အလုပ်သမား သမဂ္ဂတွေမှာတောင်မှပဲ သိတဲ့အတိုင်းပဲလေ၊ ကျန်တဲ့ သမဂ္ဂတွေထက် စာရင်တော့ အသံတွေဘာတွေ ရှိတယ်လေ။ စိတ်ကျေနပ်နိုင်လောက်တဲ့ အခြေအနေတခုရယ်လို့တော့ ပြောလို့မရပါဘူး။ စိတ်ကျေနပ်နိုင်လောက်တဲ့ အခြေအနေ ဆိုတာက ဟိုဘက်ကပဲ ရရမယ်ဆိုတဲ့ သဘောမျိုးမဟုတ်ဘူး၊ သမဂ္ဂတွေရဲ့ အသံကိုလည်း အလေးထားသင့်တယ် ဆိုတဲ့အပိုင်းကို သမဂ္ဂနဲ့ ဆက်ဆံနေရတဲ့၊ တနည်းနည်းနဲ့ ဆက်စပ်နေတဲ့ သူတွေရဲ့ စိတ်ထဲမှာ ပေါ်လာအောင် တဘက်ကနေ ပံ့ပိုးမှုတွေ အားရပါးရ တောင်းဆိုတာမျိုး၊ အားရပါးရ ပံ့ပိုးမှုမျိုးတွေ မတွေ့ရဘူး။

          မေး။      ။ မြန်မာပြည်က ရုပ်သံလိုင်းတွေ အနေနဲ့ ဒီလို မူပိုင်ခွင့်၊ မူပိုင်ကြေး ပေးတဲ့ကိစ္စမျိုးမှာ အလေ့အကျင့် ရှိတယ်လို့ ထင်လား။

          ဖြေ။       ။ အင်း … အလေ့အကျင့် ရှိတယ်ဆိုတာက တနည်းအားဖြင့် ကြောက်ရသူကျရင် ကြောက်ပြီးတော့၊ ကြောက်စရာ မလိုတဲ့ အပိုင်းကျရင် မကြောက်တဲ့သဘောလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ကရော အခုမှ အစလုပ်ကြတဲ့ သူတွေဆိုတော့ သေချာပဲ စနစ် တကျ မလုပ်နိုင်ကြတော့လို့လား၊ ဒါက လျော့တွေးလို့ရတာပေါ့။ တဘက်က ကျတော့လည်း အဆိုးအမြင်နဲ့ တွေးမယ်ဆိုရင်တော့ အားကောင်းတဲ့ သူတွေဆိုရင် ကြောက်ပြီးတော့၊ အားမကောင်းတဲ့သူဆိုရင် ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုးလား။ အဲဒီတော့ တေး ရေး ဆရာနဲ့ ကဗျာဆရာ ယှဉ်ကြည့်မယ်ဆိုရင် ဒါတွေက မူရင်းဖြစ်မှု အရရော၊ စာပေအနုပညာအရရော ဘာပဲပြောပြော နေရာပေးကြတယ် ဆိုပေမယ့် သီချင်းရေးတဲ့ သူတွေကတော့ ဒါက ဖျော်ဖြေရေး သဘောလည်းဖြစ်တယ်၊ အများလည်း သုံးတယ် ဆိုတော့ သူတို့ကျတော့ ပိုပြီးတော့ ဖျော်ဖြေရေးုကို အသားပေးတဲ့ ရုပ်သံလိုင်းတွေ ဆိုတော့ တေးရေးတွေက ပိုပြီးတော့များ သြဇာရှိသလား၊ အဲဒီလိုလည်း တွက်ရတာပေါ့။

          ဒီအပိုင်းမှာလည်း ပြောကြမယ်ဆိုရင် မူပိုင်ခွင့်တို့၊ နာမည်သုံးပိုင်ခွင့်တို့ ဘာတို့ဆိုတာက သိမ်မွေ့တဲ့ကိစ္စပါ။ သိမ်မွေ့တဲ့ ကိစ္စဆိုတာ ဒါက အကျိုးအမြတ်အတွက် မဟုတ်ဘူး။ နာမည်ကလည်း သိပ်ပြီးတော့ ဘုံဆန်တဲ့ နာမည်မျိုးဆိုရင်တော့ ဒါက အတွေးချင်း တူသွားတာလည်း ဖြစ်မယ်၊ ယူသုံးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမျိုးဆိုတာ ခုန ပြောသလိုပါပဲ လူကြီး လူကောင်း ဖြေရှင်းနည်း ဖြေရှင်းကြတာ ကောင်းပါတယ်။ ဥပဒေကလည်း ပီပီပြင်ပြင်မှ မပေါ်သေးတာ။ အနုပညာပစ္စည်း မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေက လွှတ်တော် ကို တင်လိုက်၊ ကျလိုက်နဲ့ မငြိမ်သေးဘူးလေ။

          မေး။      ။ ဂန္ထဝင်မမရော၊ ဆရာအောင်ချိမ့်နဲ့ ရုပ်သံလိုင်း Channel-7 ရယ်၊ အဲဒါတွေ အားလုံးနဲ့ ပတ်သက်ပြီး သမဂ္ဂက တာဝန်ရှိသူ အနေနဲ့ရော၊ ကဗျာ ဆရာတယောက်အနေနဲ့ပါ ဆရာ့အနေနဲ့ ဖြည့်စွက် ပြောချင်တာ ရှိသေးလား။

          ဖြေ။       ။ပြောစရာရှိတာတွေကတော့ တော်တော်များများ ပြောပြီးပါပြီ။ ခုန နောက်ဆုံးပြောတဲ့ စကား အဆက်အနေနဲ့ပဲ တခုခုဖြစ်လာရင် မူပိုင်ခွင့်ကိစ္စ၊ ဉာဏမူပိုင်ခွင့်ထဲမှာမှ ပစ္စည်းတခုလုံး ယူသုံးတာမဟုတ်ဘဲနဲ့၊ နာမည်တမျိုးကို သုံးတယ်ဆိုတဲ့ ကိစ္စမျိုးက သိမ်မွေ့ပါတယ်၊ အဲဒီတော့ သိမ်မွေ့တဲ့အပိုင်းမှာ အထူးသဖြင့် နာမည်သုံးခဲ့တဲ့၊ နာမည်ကို တွင်အောင် သုံးခဲ့တဲ့ မူရင်း ပိုင်ရှင်ပဲဖြစ်ဖြစ်၊ အနုပညာရှင်ကို အသိအမှတ် ပြုစေခြင်တယ်။ ကိုယ့်ရဲ့ ရုပ်သံလိုင်းလည်း Image အရ၊ ဂုဏ်သိက္ခာအရ ပိုပြီးတော့ တက်တဲ့သဘောရှိတာပေါ့။ အဲဒီတော့ ဘာပဲပြောပြော ခုနပြောသလိုပဲ လူချင်း တိုက်မိခဲ့လို့ရှိရင် လှည့်ထွက်မသွားဘဲနဲ့ သေသေချာချာ တောင်းပန် ပြီးတော့ လုပ်စရာရှိတဲ့ ကိစ္စကို လုပ်ပေးတယ်ဆိုတဲ့ သူက ဘာပဲပြောပြော သူရဲ့ ပုံရိပ်က ပိုပြီးတော့ မြင့်မားသွားလိမ့်မယ်၊ အဲဒီတော့ ဒီရုပ်သံလိုင်းတွေအနေနဲ့ သူက လုပ်ငန်းကြီး တခုဖြစ်တဲ့အတွက် သူ့ရဲ့ ပုံရိပ်အတွက်ရော၊ ဂုဏ်သိက္ခာအတွက်ရော၊ ကျင့်ဝတ်အရရော၊ ဘာပဲပြောပြော ဒီလိုဖြစ်တယ် ဆိုရင် ဒီထက်ပိုပြီးတော့ ကောင်းတဲ့ ဖြေရှင်းနည်းမျိုးနဲ့ ဖြေရှင်းပေးစေချင်တယ်။ နောက်တခု ပြောရမယ်ဆိုရင် ကဗျာဆရာတွေကို တစိတ်တပိုင်းအရ ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းတခု ဝင်လာပြီဆိုရင် ဒီအဖွဲ့အစည်းအပေါ်မှာလည်း လေးလေးစားစား သဘောထားဖို့ လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ လေးလေး စားစား သဘောမထားရင်၊ တဘက်ကနေပြီးတော့ တုံ့ပြန်မှုတွေ ရှိလာမယ် ဆိုရင် နှစ်ဦးနှစ်ဘက် စလုံးအတွက် မကောင်းဘူး၊ တဘက်နဲ့တဘက်က စီးပွားရေးသမားနဲ့ အနုပညာသမား၊ တနည်းအားဖြင့် အနုပညာနဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းလုပ်တဲ့ သူတွေနဲ့ အနုပညာရှင်။ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ပန်းချီပညာရှင်တွေ၊ ကျန်တဲ့ အနုပညာရှင်အားလုံးနဲ့ ဆက်ဆံတဲ့အခါ တယောက်နဲ့ တယောက် လေးလေးစားစား ဆက်ဆံမယ်ဆိုရင် အကုန်လုံးက အဆင်ပြေ ချောမွေ့ပြီးတော့ ပြဿနာ တခုခုဖြစ် လာမယ် ဆိုရင်လည်း ပြေပြေလည်လည် ဖြေရှင်းနိုင်တဲ့ အခါ ဒါက အနုပညာလောက အတွက်ရော၊ စီးပွားရေးသမား အတွက်ရော ကျက်သရေ ရှိသွားမှာပါ။     ။

          Your Thoughts …
          Tags: ArtEntertainment
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          မိုးယံဇွန်

          Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

          by ဧပရယ်ဆု
          19 April 2016
          47.4k

          "ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

          ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

          ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

          by နဒီထိုက်
          15 July 2013
          15k

          သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

          တောင်ငူ, ကေတုမတီ , ဒုတိယ မြန်မာနိုင်ငံ

          ရှေးဟောင်း သမိုင်းခြေရာများနှင့် ခေတ်သစ် တောင်ငူ

          by သူဇာ
          11 January 2016
          15k

          တောင်ငူဒေသသည် ပဒေသရာဇ်ခေတ်ကို ဖြတ်သန်းခဲ့ဖူးကြောင်း၊ တောင်ငူမြို့အပါအ၀င် အနီးဝန်းကျင်ရှိ နေရာများစွာတွင် ယဉ်ကျေးမှု အမွေအနှစ်များစွာ ကျန်ရှိနေသေးကြောင်း ရှေးဟောင်း အထောက်အထားများက ပြသနေသည်။

          ဒု သမ္မတလောင်း ဦးထင်ကျော်ရဲ့  ဖခင် ကဗျာစာဆိုကြီး မင်းသုဝဏ်

          ဒု သမ္မတလောင်း ဦးထင်ကျော်ရဲ့ ဖခင် ကဗျာစာဆိုကြီး မင်းသုဝဏ်

          by ရန်ပိုင်
          10 March 2016
          9.5k

          ကဗျာစာဆိုကြီး တဦးအဖြစ် သာမက NLD ရဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံ ရန်ကုန်တိုင်း ကမာရွတ်မြို့ နယ်က လွှတ်တော် ကိုယ်စားလှယ်ဖြစ်တာကြောင့် နိုင်ငံရေးသမားကြီးတဦး ဆိုရင်လည်း မမှားပါဘူး

          ကျောက်ဆည် ဆင်လှူပွဲတော် (သို့) မရိုးနိုင်တဲ့ ဆင်ပွဲတော်

          ကျောက်ဆည် ဆင်လှူပွဲတော် (သို့) မရိုးနိုင်တဲ့ ဆင်ပွဲတော်

          by K ငြိမ်းချမ်း
          29 October 2015
          8.9k

          ရှေးအခါက တကယ့် သက်ရှိဆင်တွေနဲ့ လှည့်လည်ကြကြောင်း၊ ပြီးတဲ့အခါ တောင်ခြေမှာရှိတဲ့ ရွှေမုဌောစေတီတော်ကို လူငယ်လူရွယ် ကလေးများပါ မကျန် ဖူးမြော်ကန်တော့ ပြီးမှ လူစုခွဲကြကြောင်း

          သဇင်

          အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်

          by ဧပရယ်ဆု
          6 April 2016
          148.9k

          “ကျမ အခုပြန်လာတာက ကျမ အမျိုးသားလည်းခွင့်ရတော့ သူနဲ့အတူတူ ပြန်လာ တာပေါ့နော်၊ ထွက်ရှိနေတဲ့ အိမ်ထောင်ရေး ကောလဟလတွေအပေါ်မှာတော့ ဖြေရှင်းမှာ မဟုတ်ပါဘူး" လို့ ဧရာဝတီကို ပြောပါတယ်

          Next Post
          ရခိုင်ဒေသ, မူးယစ်ဆေးဝါး , အာဏာပိုင်

          မူးယစ်ဆေးဝါး ပြဿနာ ကျယ်ပြန့်လာသော ရခိုင်ဒေသ

          ယူ ၁၉, ယူ ၂၀, အာရှဘောလုံး အဖွဲ့ချုပ်, အာရှလူငယ်ဘောလုံးပြိုင်ပွဲ,

          မှတ်သစ်စိုက်ထူနိုင်ခဲ့သည့် မြန်မာ ယူ ၁၉ ဘောလုံးအသင်း

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          6 days ago
          13.3k
          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          1 day ago
          12.8k

          Most Read

          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved