• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

မတူခြားနားသည့် ရသာမွန်များမှသည် ရိုးရှင်းမှုဆီသို့

by ကလောဒီယာ ဆိုဆာ
4 May 2015
in Culture
A A
မတူခြားနားသည့် ရသာမွန်များမှသည် ရိုးရှင်းမှုဆီသို့
2.4k
VIEWS
Share on FacebookShare on Twitter


Hummingbird မှ ဟင်းလျာများကို ကိုယ်ပိုင်နည်းဖြင့် ပြင်ဆင်သည် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)


“ဆိုင်ခန်းပြင်ဆင်နေဆဲ ဖြစ်နေတာကို စိတ်အနှောက်အယှက် မဖြစ်ဘူးလို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု ချိုသာသော အမျိုးသမီးအသံ တခုက ဖုန်းထဲမှ ပြောသည်။ တွေ့ကရာ လမ်းဘေးဆိုင်လေးတွေမှာ စားပြီး ဝမ်းဗိုက် ဒုက္ခရောက်မှာ ကိုပင် မကြောက်သော ကျမအတွက်တော့ အင်္ဂတေ ကွာကျနေသော နံရံများနှင့် ပလပ်စတစ်အစ အကာအရံ အချို့ကြောင့် ရှုပ်ပွနေမည့် Hummingbird ကို မသွားနိုင်စရာ အကြောင်းမရှိပါ။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.9k
မြိတ်မြို့

မြိတ်မြို့

11 May 2025
588
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
254

ဝတ်ရည်စုပ်ငှက် (Hummingbird) သည် အတောင်ပံကို မြန်မြန်ခတ်နိုင်သော ငှက်တမျိုး ဖြစ်သည်။ ထိုငှက်များကို တောင်အမေရိကတိုက်တွင် တွေ့ရလေ့ ရှိသည်။ စားဖိုမှူး Wayne Third က သူ၏ ဟင်းလျာစာရင်း ကို ပြင်ဆင်သည့် အချိန်တွင် စပိန်ပုံစံ အတိုင်း အများဆုံး လုပ်ခဲ့သည်။ နယူးဇီလန်ကျွန်းသား ပိန်ပိန်သွယ်သွယ် စားဖိုမှူး၏ အသွင်ကို ကျမ ပုံဖော်ပြရလျှင် လက်တင်အမေရိက နယ်မြေတခုလုံး ဦးတည်ရာမဲ့ လှည့်လည်သွားလာပြီး ဟိုဒေသ ဒီဒေသ တွေမှ ကောင်းနိုးရာရာ ဒေသအစားအစာတွေကို သယ်ယူလာသူတဦးဟု ဖော်ပြရလိမ့်မည်။

ပြည်ပမှ တင်သွင်းလာသည့် ၂၆ ဒေါ်လာတန် အမဲသား ၁ တုံး၊ သို့မဟုတ် ၂ တုံးကို မြန်မာပြည်တွင်းမှ ပစ္စည်းများ သုံး၍ ပြန်လည် တီထွင်ဖန်တီးထားသည့် ရိုးရာအစားအစာများ ချက်ပြုတ်သူဟု ဆိုရပါလိမ့်မည်။

ဟင်းလျာစာရင်းတွင် Empanadas (တောင်အမေရိကမှ အစာသွပ်မုန့်တမျိုး) မှသည် Ceviche (အစိမ်းစားရသည့် ငါးနှင့် ပင်လယ်စာများ) အထိ ဆော်လ်မွန်ငါး အတုံးများကို သရက်သီးရည်ပေါ်တွင် တင်၍ အပေါ်မှ ကြက်သွန်စိမ်း အုပ်ထားသည့် ဟင်းလျာကဲ့သို့သော တီထွင်ဖန်တီးမှုရှိသည့် အတွဲအဖက်များနှင့် ထည့်သွင်းထားသည်။ Wayne Third ၏ စားဖိုမှူးသက်တမ်း ၃၇ နှစ်အတွင်းတွင် အာဖရိကတိုက်မှ ဇန်ဇီဘာ (Zanzibar) နှင့် အမေရိကတိုက်မှ ဘာလိဇ် (Belize) တို့ကဲ့သို့ ကွဲပြားခြားနားသည့် နေရာများတွင် လှည့်လည်ရင်း မတူခြားနားသည့် အရသာများကို သဘောကျ နှစ်ခြိုက်လာသည်နှင့် အမျှ အားလုံးက အရိုးရှင်းဆုံးဆီသို့ ရောက်ရှိလာသည်။

“အစားအစာရဲ့ ရိုးရှင်းမှုကို ကျနော်ချစ်တယ်” ဟု သူက ပြောသည်။ Hummingbird မှ ဟင်းလျာများကို သူ၏ ကိုယ်ပိုင်နည်းဖြင့် ပြင်ဆင်သည်။ ဥပမာ ၇ ဒေါ်လာ ကျသင့်သည့် Ceviche သည် အစပိုင်းတွင် ချဉ်သည်၊ ထို့နောက် အတော်အတန် စပ်လာကာ ပြည့်စုံသော ခံစားမှုကို ပေးသည်။ “ဒါက ချက်ရသိပ်လွယ်တဲ့ ဟင်းလျာဖြစ်ပါတယ်။ ဒါပေမယ့် မှားလုပ်မိဖို့လည်း သိပ်လွယ်ပါတယ်” ဟု Wayne Third က ပြောသည်။ သူကတော့ မှန်ကန်စွာ လုပ်နိုင်သည်။ သူ့လက်ရာ Ceviche က ပြောစရာ မလိုပါ။

အလားတူပင် ၁၄ ဒေါ်လာတန် ကကတစ်ဟင်းကို အလွန်ထူးခြားသည့် သကြားမုန်လာထမင်းနှင့် တွဲဖက်ထားသည်။ Chimichurri အချဉ်ရည်အောက်ခံပေါ်တွင် ခင်းကျင်းထားသည့်အခါ အရသာ အလွန်ကောင်းမွန်သော်လည်း ငါးအရသာကို ကျော်လွန်သွားခြင်း မရှိပါ။ ဆန်စေ့များက နူးညံ့နေပြီး စေးကပ်နေခြင်း မရှိပါ။

သို့သော်လည်း တီထွင်ဆန်းသစ်မှုများသည့် အချို့ အတွဲအစပ် များကတော့ သိပ်မကောင်းလှပါ။ အုန်းသီးဖတ် အနည်းငယ်ဖြင့် တန်ဆာဆင်ထားသည့် ပုစွန်နှင့် ဖရဲသီးဟင်းကိုတော့ ရှောင်ရပါမည်။ သေသေချာချာ ဆေးကြော ထားခြင်း မရှိသည့် စဉ့်တီတုံးပေါ် ခုတ်ထစ်ထားသည့် သစ်သီးအရသာကို သတိရစေနိုင်ပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် ကြက်သွန်ဖြူ အရသာရှိသည့် ငှက်ပျောသီး ဒါမှမဟုတ်၊ အခုလို ငါးအရသာရှိသည့် ဖရဲသီး ဖြစ်သွားပါလိမ့်မည်။

ခြုံပြောရလျှင် ဟင်းလျာများက လက်ရာကောင်းပါသည်။ ကြည့်လို့လည်း ကောင်းသည်။ စားဖိုမှူးကလည်း ရည်ရွယ်ချက်ကောင်း ရှိသူ ဖြစ်သည်။ ထို့ပြင် နေရာထိုင်ခင်းကလည်း ကောင်းသည်။ Wayne Third က လက်တင် အမေရိက အကြောင်းကို နာရီပေါင်းများစွာ ပြောနိုင်သူဖြစ်သည်။ သို့သော်လည်း သူ့အပြင် ပြင်သစ်အဆာသွတ်မုန့် လုပ်သည့် စားဖိုမှူးတဦး မရနိုင်ပါ။ Hummingbird က ချောကလက်နှင့် ရှောက်သီးမုန့်များ ရောင်းချပေးနေပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ဆိုင်မှာ ထုတ်လုပ်သည့် ဖျော်ရည်များ ရောင်းချတော့မည် ဟုလည်း ပြောသံကြားရသည်။

ကျမ ရောက်သွားသည့် အချိန်တွင် မတပ်ဆင်ရသေးသည့် ဓာတ်ကြိုးတွေ အများကြီးတွေ့ခဲ့ပါသည်။ Hummingbird ၏ အထပ်သုံးထပ်ကို အိုင်ဖုန်းမှ မီးရောင်ဖြင့် လိုက်ကြည့်ခဲ့ရသည်မှာ ရင်ခုန်စရာ ဖြစ်သည်။ ဆိုင်ကို ဧပြီလ ၂၉ ရက် နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ပြင်ဆင်မွမ်းမံသူများက အဆောက်အအုံ၏ မူလ စရိုက်လက္ခဏာ အချို့ကို ထိန်းသိမ်းရန်နှင့် ပြန်လည်ဖော်ထုတ်ရန် နည်းလမ်းများ ရှာဖွေခဲ့ကြသည်။ အဆောက်အဦး၏ မျက်နှာကျက် မြင့်မြင့်များ၊ မီးရောင်မှိန်မှိန်၊ ဆွဲဆောင်မှုရှိသည့် သားရေထိုင်ခုံများနှင့် ခေါင်မိုးပေါ်မှ အကာအရံမဲ့ ပေါ်တီကိုတို့ကြောင့် ဆွဲဆောင်မှု ကောင်းမည့်ပုံ ပေါ်လွင်နေသည်။

တရားဝင် ခမ်းခမ်းနားနား ဖွင့်လှစ်လိုက်လျှင်တော့ Hummingbird ၏ လက္ခဏာများကို ပိုမို မြင်တွေ့နိုင်လိမ့်မည်ဟု ကျမ မျှော်လင့်မိပါသည်။ ယခုအချိန်တွင် သူတို့က ရန်ကုန်မြို့ရှိ အခြားဆိုင်များ၏ ရှိနှင့်ပြီးသား အောင်မြင်မှုများကို ပေါင်းစပ်ထားသည့် ပုံ ရှိပါသည်။ သို့သော်လည်း ထိုသို့ ပေါင်းစပ်မှု တခုထက်တော့ ပိုသည်ဟု ယုံကြည်ရပါသည်။ Hummingbird က စားဖိုဆောင် အတွင်း၌သာမက အပြင်မှာပါ ပျော်ရွှင်စရာနှင့် အံ့အားသင့်ဖွယ်ရာများကို မှော်ဆန်စွာ ပေါင်းစပ်ပေးနိုင်သည့် နေရာတခု ဖြစ်ပါသည်။

(Hummingbird ဆိုင်သည် အမှတ် ၇၆၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပါသည်။)

Your Thoughts …
Tags: ArtEntertainment
ကလောဒီယာ ဆိုဆာ

ကလောဒီယာ ဆိုဆာ

Contributor

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.8k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.4k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

Next Post
ကိုးကန့်တပ်မတော် , MNDAA , တိုင်းရင်းသား , ပန်ဆန်းမြို့ , “ဝ” ဒေသ , ငြိမ်းချမ်းရေး , အပစ်အခတ် ရပ်စဲရေး

ကိုးကန့် သတင်းမရေးရန် စစ်တပ်အမိန့်ထုတ်မှု မီဒီယာများ ကန့်ကွက်

ကျန်းမာရေး , လိင်ဆက်ဆံမှု , အမျိုးသမီးကွန်ဒုံး

မြန်မာလူမှု ပတ်ဝန်းကျင်မှာ ရေပန်းမစားတဲ့ အမျိုးသမီး ကွန်ဒုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate