• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

35 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ ဂျပန် အနုပညာရှင် နှစ်ဦးရဲ့ အနုပညာပြပွဲ

by နိုင်စွမ်း
16 January 2016
in Culture
A A
Kazuko Watanabe, မစံပယ်, Kiyooka Michiharu, Baydar-M, ပျူယဉ်ကျေးမှု

Kiyooka Michiharu (Baydar-M) ရဲ့ Dragon Dancer ပန်းချီလက်ရာ

5.7k
VIEWS
Share on FacebookShare on Twitter
Kazuko Watanabe, မစံပယ်, Kiyooka Michiharu, Baydar-M, ပျူယဉ်ကျေးမှု
Duet Art Exhibition ဖိတ်စာ
Kazuko Watanabe, မစံပယ်, Kiyooka Michiharu, Baydar-M, ပျူယဉ်ကျေးမှု
Kazuko Watanabe (မစံပယ်) ရဲ့ အိုထည်မြေထည် လက်ရာ
Kazuko Watanabe, မစံပယ်, Kiyooka Michiharu, Baydar-M, ပျူယဉ်ကျေးမှု
Kiyooka Michiharu (Baydar-M) ရဲ့ Dragon Dancer ပန်းချီလက်ရာ

ဂျပန်အနုပညာရှင် နှစ်ဦးဖြစ်တဲ့ ကာဇူကို ဝါတာနာဘေး (Kazuko Watanabe) ခေါ် မစံပယ်နဲ့ ကီယိုအိုက မီချီဟရု (Kiyooka Michiharu) ခေါ် ဗေဒါ-အမ် (Baydar-M) တို့ရဲ့ နှစ်ယောက်တွဲ အနုပညာပြပွဲ (Duret Art Exhibition) ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 မှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ကနေ ၂၁ ရက်နေ့ အထိ ပြသသွားမယ်လို့ သိရပါတယ်။ ပြပွဲမှာ ပန်းချီကားများ၊ သရုပ်ဖော် ပန်းချီကားများ၊ ပန်းပုလက်များ အပါအဝင် အနုပညာလက်ရာ ၅၀ ကျော် ပြသသွားမှာ ဖြစ်ပါတယ်။

မြန်မာ အမည် မစံပယ်လို့ ခေါ်တဲ့ ကာဇူကို ဝါတာနာဘေးကို ၁၉၅၁ ခုနှစ်၊ ဂျပန်နိုင်ငံ နာရာဂိုနိုမှာ မွေးဖွားပါတယ်။ မစံပယ်ဟာ ၁၉၇၃ ခုနှစ်မှာ အခြေခံပညာ မူလတန်း ဆရာမတဦး ဖြစ်လာခဲ့ပြီး ၁၉၉၀ မှာတော့ ဂျပန်ရိုးရာ အိုးလုပ်နည်း အနုပညာကို ပါမောက္ခ အိုအိုတာ (Oota) ထံကနေ သင်ယူခဲ့ပါတယ်။ ၁၉၉၅ ကစပြီး ဂျိုမွန် (Jomon) ခေါ် မြေထည်အိုးထည်တွေ ဖန်တီးခဲ့ပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
319
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
807
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
443

၁၉၉၇ မှာ မြန်မာနိုင်ငံကို ပထမဆုံး အလည်အပတ် ရောက်ရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ မြန်မာနိုင်ငံက ကလေးသူငယ်များ ပညာရေးအတွက် အကူအညီတွေ ပေးခဲ့ပြီး ၂၀၀၃ ခုနှစ်မှာတော့ ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်မှာ မြန်မာစာနဲ့ မြန်မာစကား လေ့လာသင်ယူပါတယ်။ ၂၀၁၀ မှာတော့ စကက်ရေးဆွဲတဲ့ ပညာကို သရုပ်ဖော်ဆရာ ကိုအိချိ ကာဝါမူရာ (Koichi Kawamura) ထံက သင်ယူခဲ့တာပါ။

မစံပယ် ခေါ် ကာဇူကို ဝါတာနာဘေးရဲ့ ဂျပန်ရိုးရာ မြေထည်အိုးထည် အနုပညာလက်ရာနဲ့ မြန်မာ့ ရိုးရာအနုပညာ လက်ရာတို့ ပေါင်းစပ်တင်ပြမှုကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရာတွေကိုတော့ My Favourite Myanmar လို့ အမည်ပေးထားပါတယ်။

မြန်မာ အမည် ဗေဒါ-အမ်လို့ ယူထားတဲ့ ဂျပန်လူမျိုး ကီယိုအိုက မီချီဟရုကတော့ ကိုယ်တိုင်လေ့လာမှုနဲ့ သမိုင်းပညာရှင်၊ ရှေးဟောင်း သုတေသနသမား ဖြစ်လာရပြီး မြန်မာနိုင်ငံရဲ့  ရှေးဟောင်း ပျူယဉ်ကျေးမှုနဲ့ ပျူသမိုင်းကို အထူးပြု လေ့လာသူတဦး ဖြစ်ပါတယ်။ သူ့ရဲ့ ပျူသမိုင်းလေ့လာချက်ကို မြန်မာပြည်မှာ ရှင်းလင်းပြသမှု မလုပ်နိုင်ခဲ့ပေမယ့် အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ ရှင်းလင်းပြသနိုင်ခဲ့တယ်လို့ သိရပါတယ်။

၁၉၉၅ မှာတော့ ရှေးဟောင်းပစ္စည်း အရောင်းဆိုင် တခုကနေ ပျူခေတ် ဒင်္ဂါးတွေ ဝယ်ယူခဲ့ပြီးတဲ့နောက် သူဟာ ထူးခြားတဲ့ အနေအထားတခုနဲ့ တွေ့လိုက်ရတယ်။ အဲဒါကတော့ သူ့ဘ၀ စိတ်ကူးအစီအစဉ်တွေဟာ မြန်မာနိုင်ငံကိုပဲ ဦးတည်နေတာပဲ ဖြစ်တယ်။ ၁၉၉၆ မှာတော့ မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလည်ပတ်ခဲ့ပြီး နောက်တနှစ်မှာတော့ ရှေးခေတ် ပျူလေ့လာမှုတွေအပြင် သရေခေတ္တရာနဲ့ ဟန်လင်း ဗိဿနိုး ပျက်သုဉ်းခြင်း အကြောင်းကို သုတေသနပြု လေ့လာခဲ့ပါတယ်။

အဲဒီလိုနဲ့ သူဟာ လေ့လာမှု ပိုမို ပြည့်စုံစေဖို့ မြန်မာစာ မြန်မာဘာသာစကားကိုပါ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ တက်ရောက် သင်ယူဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ သူ မြန်မာစာကိုလည်း အပတ်တကုတ် လေ့လာ ဆည်းပူး နေသလို ပျူတို့ အခြေစိုက်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ တကောင်း၊ မိုင်းမော၊ ဝတီး၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပုဂံနဲ့ ဟန်လင်း၊ စလင်း ဒေသတွေကိုပါ သွားရောက်လေ့လာခဲ့ပါတယ်။

အဲဒီနောက် ယူနက်စကိုက ပျူဒေသကို ကမ္ဘာ့အမွေအနှစ်များ စာရင်းဝင်အဖြစ် အသိအမှတ်ပြု ထည့်သွင်းခဲ့ပါတယ်။ ဗေဒါ-အမ်ဟာ ၂၀၁၄ ခုနှစ် မတ်လမှာတော့ ပန်းချီဆရာ အောင်စည်သူလှိုင်ထံမှာ ပန်းချီပညာ စတင် သင်ယူခဲ့ပြီး အောက်တိုဘာမှာ ပြပွဲတခုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အခုပြပွဲမှာတော့ ဗေဒါ-အမ်ရဲ့ အနုပညာနဲ့ သမိုင်းဆိုင်ရာ ဆက်နွှယ်မှုကို ထင်ဟပ်ပြတဲ့ လက်ရာတွေ ခင်းကျင်းပြသမှာ ဖြစ်ပြီး သူ့ရဲ့ လက်ရာတွေကိုတော့ Illusion of Pyu လို့ အမည်ပေးထားပါတယ်။

မြန်မာ့ ယဉ်ကျေးမှု သမိုင်းအစဉ်အလာနဲ့ ရိုးရာဓလေ့ထုံးတမ်းကို ဂျပန်နှလုံးသား၊ ဂျပန်ခံစားမှုနဲ့ ပုံဖော်တဲ့ ပြပွဲလို့ ပြောနိုင်တဲ့ မစံပယ်နဲ့ ကိုဗေဒါ-အမ် တို့ရဲ့ ပန်းချီပြပွဲကို ဇန်နဝါရီ ၁၆ ကနေ ၂၁ ရက်နေ့ အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 မှာ ပြသမှာ ဖြစ်ကြောင်း အသိပေးဖော်ပြလိုက်ပါတယ်။

Your Thoughts …
နိုင်စွမ်း

နိုင်စွမ်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ကျန်းမာရေး , လိင်ပညာပေး

လိင်ဆက်ဆံမှုနဲ့ ကျန်းမာရေး သက်ရောက်မှု ၇ ခု

ယူရေနီယမ်, တရားခံ, မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့, မန္တလေး

မန္တလေးတွင် ယူရေနီယမ်ဟု ယူဆရသည့် သတ္တုများ ဖမ်းဆီးရမိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate