မော်ဒန်အနုပညာ (Modern art)
မော်ဒန် အနုပညာ တိုးတက်ပြောင်းလဲလာတဲ့ ကာလကို ၁၈၆၀ ကနေ ၁၉၄၅ အထိ ဆိုပြီး အကြမ်းအားဖြင့် သတ်မှတ်ကြပါတယ်။ သို့ပေမယ့် ကျနော်တို့ နိုင်ငံမှာတော့ မော်ဒန်အနုပညာ ဖန်တီးမှုကို ပြည်သူအများ လက်ခံအားပေးတာ နည်းပါးနေပါသေးတယ်။ ဒီကာလမှာ ကမ္ဘာနဲ့အဝှမ်း အနုပညာဖန်တီးမှု အပြောင်းအလဲများ၊ ရှေးရိုးစွဲက စွန့်ခွာဖန်တီးမှုများ၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဆိုင်ရာကို အခြေပြုပြီး ဖန်တီးမှု အသစ်တွေ တင်ဆက်လာတာ တွေ့ရပါတယ်။ မော်ဒန်အနုပညာ လှုပ်ရှားမှုတွေကို လွှမ်းခြုံတင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ခုနှစ်သက္ကရာဇ်လည်း ရှေ့နောက် အနည်းငယ် ကွာဟ နေပါလိမ့်မယ်။
မော်ဒန် အနုပညာ ဖန်တီးတင်ဆက်မှုနဲ့ အနုပညာလှုပ်ရှားမှု တွေကို လေ့လာရင် ပြင်သစ်နိုင်ငံမှာ ၁၈၆၀ က ၁၈၉၀ အတွင်း Impressionism ဝါဒ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၈၈၀ ခုနှစ်များ အတွင်းမှာတော့ အမေရိကန်မှာ American Impressionism ဝါဒနဲ့ ၁၈၉၀ မှာ Cos Cob Art Colony အနုပညာ ပုံသဏ္ဌာန်တရပ် ပေါ်ပေါက်လာပါတယ်။ ၁၈၈၀ နှောင်းပိုင်းမှာတော့ သြစတြေးလျမှာ Heidelberg School မှာ ပေါ်ပေါက်လာပြီး၊ Luminism (Impressionism) လည်း ပါဝင်ပါတယ်။ UK မှာတော့ ၁၈၈၀ နဲ့ ၁၉၁၀ မှာတော့ Arts and Crafts movement ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီကာလလို့ ဆိုနိုင်တဲ့ ၁၈၈၀ နဲ့ ၁၉၂၀ ကာလမှာတော့ အမေရိကန်မှာ Tonalism ဝါဒ ပေါ်ပေါက်လာသလို ပြင်သစ်နဲ့ ဘယ်လ်ဂျီယမ်မှာလည်း (၁၈၈၀-၁၉၁၀) အတွင် Symbolism (arts) ပေါ်ပေါက်ခဲ့ပါတယ်။
၁၈၈၄ ခုနှစ် ရုရှားမှာတော့ Russian Symbolism လည်း ပေါ်ပေါက်ခဲ့တယ်။ UK မှာလည်း ၁၈၆၈ နဲ့ ၁၉၀၁ အတွင်းမှာ Aesthetic movement (ရသအနုပညာ လှုပ်ရှားမှု) ပေါ်ပေါက်လာခဲ့ပါတယ်။
၁၈၈၆ နဲ့ ၁၉၀၅ ခုနှစ်များ အတွင်းမှာတော့ ပြင်သစ်နိုင်ငံမှာ Post-impressionism ဝါဒ ထွန်းကားလာပါတယ်။ ပြင်သစ်နိုင်ငံမှာ ပေါ်ပေါက်ခဲ့တာတွေကို ကြည့်ရင် ၁၈၈၈-၁၉၀၀ ခုနှစ်အတွင်း Les Nabis ၊ ၁၈၈၅ မှာ Cloisonnism ဝါဒ၊ ၁၈၈၀ နှောင်းပိုင်းနဲ့ ၁၈၉၀ အစောပိုင်းကာလ အတွင်း Synthetism ဝါဒ ပေါ်ပေါက်လာပါတယ်။ တဖန် ၁၈၈၆- ၁၉၀၆ အတွင်း Neo-impressionism ဝါဒ ဖြစ်တည်လာသလို ၁၈၈၀ ခုနှစ်များအတွင်းမှာလည်း Divisionism ဝါဒ၊ Pointillism ဝါဒတွေ ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ၁၈၉၀ – ၁၉၁၄ မှာတော့ Art Nouveau (အနုပညာသစ်) ပေါ်ပေါက်ခဲ့ပါတယ်။
၁၈၉၇ ခုနှစ်မှာတော့ သြစတြီးယားမှာ Vienna Secession (or Secessionist) ပေါ်ပေါက်ခဲ့သလို ဂျာမနီနဲ့ စကင်ဒီနေဗီးယား မှာတော့ Jugendstil နဲ့ ၁၈၉၀ က ၁၉၁၀ ကာလအတွင်းမှာတော့ Modernisme ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။
ယခင် ဆိုဗီယက်ယူနီယံလို့ ခေါ်တဲ့ ရုရှားနဲ့ ယူကရိန်းမှာတော့ ၁၈၉၀ က ၁၉၃၀ ကြားမှာတော့ Russian avant-garde လှုပ်ရှားမှု ပေါ်ပေါက်လာပါတယ်။ အဲဒီကာလနဲ့ တချိန်တည်းနီးပါးဖြစ်တဲ့ ၁၈၉၀ နဲ့ ၁၉၀၅ ခုနှစ်များ အတွင်းမှာတော့ ဘယ်လ်ဂျီယမ်နဲ့ ပြင်သစ်နိုင်ငံတွေမှာ Art à la Rue ပေါ်ပေါက်ပါတယ်။ ပိုလန်နိုင်ငံမှာတော့ ၁၈၉၀ နဲ့ ၁၉၁၈ အတွင်း Pre-Raphaelite Brotherhood ပေါ်ပေါက်ခဲ့သလို ၁၈၉၉ ခုနှစ်၊ ရုရှားမှာတော့ Mir iskusstva ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်အတွင်း သြစတြီးယားမှာတော့ Hagenbund ပေါ်ပေါက်ခဲ့ပါတယ်။
ဝါဒများ (အစ်ဇင်) အနေနဲ့ ပြင်သစ်နိုင်ငံမှာ ၁၉၀၄ က ၁၉၀၉ ခုနှစ် အတွင်း Fauvism ၊ ၁၉၀၅ က ၁၉၃၀ အတွင်း ဂျာမနီမှာ Expressionism ဝါဒများ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၀၅ က ၁၉၁၃ အတွင်း Die Brücke လှုပ်ရှားမှု၊ ၁၉၁၁ အတွင်း ဂျာမနီမှာ Der Blaue Reiter လှုပ်ရှားမှုတွေ ရှိခဲ့ပြီး အင်္ဂလန်မှာတော့ ၁၉၀၅ ကနေ ၁၉၄၅ အတွင်း Bloomsbury Group အနုပညာအုပ်စုက ထင်ရှားခဲ့ပါတယ်။ ၁၉၀၇ က ၁၉၁၄ အတွင်း ပြင်သစ်မှာတော့ Cubism ၊ ၁၉၀၉ မှာ Analytic Cubism ၊ ၁၉၁၂ မှာ Orphism တို့ ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီနောက် ၁၉၁၈ ကနေ ၁၉၂၆ မှာ၊ Purism ၊ ၁၉၀၉ ကနေ ၁၉၂၁ မှာ Cubo-Expressionism တို့ ခုနှစ်အလိုက် အနုပညာ ဖန်တီးပုံတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အမေရိကန်မှာတော့ ၁၉၀၇ ခုနှစ်မှာတော့ Ashcan School က ထင်ရှားခဲ့သလို ၁၉၀၉ ခုနှစ် ရုရှားမှာတော့ Jack of Diamonds (artists) က ထင်ရှားပါတယ်။
၁၉၁၀ ကနေ ၁၉၃၀ အတွင်း အီတလီမှာ Futurism (art) ၊ ၁၉၁၂ ကနေ ၁၉၁၅ အတွင်း ရုရှားမှာ Cubo-Futurism ၊ ၁၉၁၁ မှာ Rayonism တို့ ပေါ်ပေါက်လာခဲ့သလို ၁၉၁၂ ခုနှစ် အမေရကန်မှာ Synchromism ၊ ၁၀၁၃ ခုနှစ် ရုရှားမှာ Universal Flowering အနုပညာ လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။
ဗြိတိန်မှာတော့ ၁၉၁၄ ကနေ ၁၉၂၀ အတွင်း Vorticism ၊ ၁၉၁၅ ကနေ ၁၉၄၀ အတွင်း Biomorphism တို့ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၁၅ ကနေ ၁၉၂၅ အတွင်း ရုရှား၊ ယူကရိန်း၊ (ယခင်ဆိုဗီယက် ယူနီယံ) မှာတော့ Suprematism ပေါ်ပေါက်ခဲ့ပြီး၊ ၁၉၁၆ ကနေ ၁၉၃၀ အတွင်း ဆွစ်ဇာလန်မှာ Dadaism ပေါ်ပေါက်လာခဲ့ပါတယ်။
၁၉၁၇ နဲ့ ၁၉၃၁ အတွင်း ဟော်လန်မှာ De Stijl (Neoplasticism) ပေါ်ပေါက်လာပြီး၊ ၁၉၁၇ ဝန်းကျင်မှာပဲ အီတလီမှာ Pittura Metafisica ပေါ်ပေါက်ခဲ့ပါတယ်။
အနုပညာ ပုံဖော် ဖန်တီးမှု အမျိုးမျိုးနဲ့ အနုပညာ လှုပ်ရှားမှုတွေလည်း ဥရောပနိုင်ငံတွေမှာ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ ထင်ရှားတာတွေက ၁၉၁၈ ကနေ ၁၉၃၃ အတွင်း Arbeitsrat für Kunst ၊ ဂျာမနီမှာ ၁၉၁၉ ကနေ ၁၉၃၃ အတွင်း Bauhaus လှုပ်ရှားမှု၊ ရုရှားမှာ ၁၉၁၉ ကနေ ၁၉၂၂ အတွင်း UNOVIS ၊ အမေရိကန်မှာ ၁၉၁၉ ခုနှစ် အတွင်း Others group of artists လှုပ်ရှားမှု၊ ၁၉၂၀ မှာ American Expressionism ၊ Precisionism တွေ ပေါ်ပေါက်ခဲ့သလို ပြင်သစ်မှာလည်း ၁၉၂၀ ကစပြီး Surrealism ၊ Acéphale ၊ ၁၉၄၂ မှာ Lettrism တို့ ပေါ်ပေါက်ခဲ့တယ်။
အလားတူ ကနေဒါမှာလည်း ၁၉၄၆ ကနေ ၁၉၅၁ အတွင်း Les Automatistes ၊ ၁၉၂၀ ကနေ ၁၉၃၁ အတွင်း Devetsil ၊ Group of Seven တို့က ထင်ရှားတဲ့ အနုပညာ လှုပ်ရှားမှုတွေပါ။ တဖန် အမေရိကန်မှာလည်း ၁၉၂၀ နဲ့ ၁၉၃၀ အတွင်း နှစ်များမှာ Harlem renaissance ၊ ၁၉၂၀ နဲ့ ၁၉၄၅ ခုနှစ်များမှာ American scene painting တွေ ပေါ်ပေါက်ခဲ့သလို ၁၉၂၀ ဝန်းကျင် နှစ်များမှာ ဂျာမနီမှာလည်း New Objectivity (Neue Sachlichkeit) အနုပညာ ဖန်တီးပုံတွေ ပေါ်ပေါက်လာပါတယ်။ ထို့ အတူ ရုရှား၊ ယူကရိန်း မှာလည်း ၁၉၂၀ နှစ်မှားမှာ Constructivism (art) ကို စတင်ခဲ့ပါတယ်။
၁၉၂၀ နဲ့ ၁၉၃၀ အတွင်း နှစ်များမှာတော့ ပြင်သစ်မှာ Art Deco ဆိုတဲ့ ပုံဖော်မှုတမျိုး ပေါ်ပေါက်လာသလို ၁၉၂၂ မှ Group Montparnasse က ထင်ရှားခဲ့ပါတယ်။ ဆိုဗီယက် ယူနီယံမှာလည်း ၁၉၂၂ က ၁၉၈၆ အတွင်း Soviet art လည်း ဆန်းသစ် လာတာ တွေ့ရပါတယ်။ ၁၉၄၀ ပြည့်နှစ်များမှာတော့ အမေရိကန်မှာ Northwest School (art) ကျောင်းက ထင်ရှားလာသလို ၁၉၂၉ မှာ Social realism, ပေါ်ပေါက်လာသကဲ့သို့ ဆိုဗီယက်ယူနီယံနဲ့ ဂျာမနီတို့မှာလည်း Socialist realism ခေတ်စားလာပါတယ်။
၁၉၃၁ နဲ့ ၁၉၃၆ ခုနှစ်များ အတွင်း ပြင်သစ်မှာလည်း Abstraction-Création ၊ ၁၉၃၇ နဲ့ ၁၉၅၀ ပြည့် နှစ်များ အတွင်း ဆွစ်ဇာလန် မှာ Allianz (arts) လှုပ်ရှားမှုများဟာ ထင်ရှားခဲ့ပါတယ်။ အဲဒီနောက် ၁၉၃၉ နဲ့ ၁၉၄၀ ခုနှစ်လယ် လောက်မှာ Art and Freedom ၊ ဒုတိယ ကမ္ဘာစစ် မတိုင်မီ ၁၉၄၀ ခုနှစ် အစောပိုင်းမှာတော့ အမေရိကန်မှာ Abstract Expressionism ထွန်းကားလာသလို Action painting ၊ Color field painting ၊ နောက် Lyrical Abstraction ဖန်တီးမှုများ ပေါ်ပေါက်လာခဲ့ပါတယ်။
၁၉၄၆ နဲ့ ၁၉၅၂ များအတွင်း ဒိန်းမတ်၊ ဘယ်လ်ဂျီယန်၊ ဟော်လန် စတဲ့ နိုင်ငံများမှာ COBRA (avant-garde movement) အနုပညာ လှုပ်ရှားမှု၊ ပြင်သစ်မှာ ၁၉၄၀ နောင်းပိုင်းက ၁၉၅၀ အလယ်ပိုင်း ကာလ အတွင်းTachisme ၊ အမေရိကန်မှာ Abstract Imagists တို့လည်း ပေါ်ပေါက်လာပါတယ်။ ၁၉၄၀ ခုနှစ်များမှာ Arte Madí ၊ ၁၉၄၀ နဲ့ ၁၉၅၀ ခုနှစ်များမှာ Art informal နဲ့ ဗြိတိန် (အင်္ဂလန်)နဲ့ အမေရိန်တို့မှာ ၁၉၄၀ ခုနှစ်များ အတွင်း Outsider art ဆိုတာလည်း တချိန်တည်းနီးပါး ပေါ်ပေါက်လာပါတယ်။ သတိပြုစေလိုတာက မော်ဒန်အနုပညာ လှုပ်ရှားမှု သို့မဟုတ် အုပ်စုလိုက် စတင်ခဲ့တာကို အခြေခံပြီး နိုင်ငံတကာ အတိုင်း အတာ အထိ ထင်ရှားတဲ့ ပုံဖော်မှုတွေကို တင်ပြထားတာပါ။
ခေတ်ပြိုင် အနုပညာ (Contemporary art )
ခေတ်ပြိုင် အနုပညာ (Contemporary art ) ဟာ ၁၉၄၆ ကနေ ယနေ့ ခေတ်ကာလ အထိ ပြောင်းလဲ ဖန်တီးလာတဲ့ အနုပညာ ပုံသဏ္ဌာန်၊ အတွေး အခေါ်၊ ဆန်းသစ်မှုတွေပါ။ ခေတ်ပြိုင် အနုပညာနဲ့ မော်ဒန် အနုပညာ ဆိုတာ ဘာကွာခြားလဲ ဆိုရင်တော့ ကျနော် သီးခြား ဆောင်းပါး ရေးသား တင်ပြပါ့မယ်။
ခေတ်ပြိုင် အနုပညာ လှုပ်ရှားမှုကို လေ့လာရင် ၁၉၄၆ ခုနှစ်က သြစတြီးယားမှာ စတင်တဲ့ Vienna School of Fantastic Realism က စတင်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနောက်၁၉၅၀ ပြည့်နှစ်များမှာ The Concretists ၊ နောက် နိုင်ငံတကာ အတိုင်း အတာနဲ့ Neo-Dada လှုပ်ရှားမှု၊ ၁၉၅၀ ပြည့်နှစ်များ အတွင်းမှာပဲ ဆွစ်ဇာလန်မှာ International Typographic Style ၊ ၁၉၅၃ နဲ့ ၁၉၈၆ ခုနှစ်များအတွင်း ဆိုဗီယက်ယူနီယံမှာ Soviet Nonconformist Art ၊ ၁၉၅၄ နဲ့ ၁၉၆၀ အတွင်း ကနေဒါမှာ Painters Eleven လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
၁၉၅၀ ခုနှစ်လယ်ပိုင်းမှာတော့ အမေရိကန်မှာ Pop Art ခေတ်စားလာသလို ၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ်များ အတွင်း ကနေဒါမှာ Woodlands School ကလည်း အနုပညာလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရုရှား၊ ယူကရိန်မှာလည်း Russian Non-Conformist တို့ ပေါ်ထွက်လာသလို ၁၉၇၀ ခုနှစ် အစောပိုင်းကာလ အတွင်း အီတလီမှာ Situationism လည်း ပေါ်ပေါက်လာပါတယ်။ ၁၉၆၀ လောက်မှာတော့ New realism ပေါ်ပေါက်လာပြီး တချိန်တည်း နီးပါးအတွင်း ဂျာမနီမှာ Magical realism ၊ နောက် Minimalism တို့ ဆက်တိုက် ပေါင်းဆင့် ပေါ်ပေါက်လာပါတယ်။ ၁၉၆၀ အစောပိုင်းကာလ အမေရိကန်မှာ အနားစွန်းကြမ်း ပန်းချီရေးဆွဲ ပုံဖော်မှု Hard-edge painting တွေ ပေါ်ပေါက်လာ်ပါတယ်။
အဲဒီနောက် Fluxus ၊ Psychedelic art ၊ Conceptual art ၊ Graffiti ၊ Junk art (adde) ၊ Performance art ၊ Op Art ၊ Post-painterly abstraction ၊ Lyrical Abstraction ၊ Process art ၊ Arte Provera တို့ ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ၁၉၆၈ မှာတော့ ဗြိတိန်မှာ Art and Language အယူအဆ ပေါ်ပေါက်လာသလို Photorealism နဲ့ သဘာဝနဲ့ ဆက်သွယ် ဆက်စပ် ပေါင်းယူ ပုံဖော် တင်ပြတဲ့ Land art လည်း ပေါ်ပေါက်လာပါတယ်။
၁၉၆၀ နှောင်ပိုင်းနဲ့ ၁၉၇၀ ခုနှစ်များ အတွင်း Post-minimalism ပေါ်ပေါက်လာသလို ၁၉၇၀ ကနေ ယနေ့ ခေတ် အထိ Postmodern art ပုံဖော်မှုလည်း ပေါ်ပေါက်လာပါတယ်။ အဲဒီထဲမှာ Deconstructivism ၊ ရုရှားမှာ Materialism ၊ Installation art ၊ Mail art ၊ Neo-expressionism ၊ Neoism ၊ ၁၉၈၀ အစောပိုင်း ကာလမှာ Figuration Liber ပေါ်ပေါက်လာပြီး၊ ၁၉၈၄ မှာ Battle Elephants နဲ့ ၁၉၈၈ မှာ Young British Artists အနုပညာ လှုပ်ရှားမှုက အားကောင်းလာပါတယ်။
၁၉၈၀ နှောင်းပိုင်းမှာ Metaphorical realism စတင်ခဲ့ပြီး ၁၉၉၀ ကနေ ယနေ့ခေတ် အထိ Digital art ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၂ ကနေ ယနေ့ခေတ် အထိ Toyism ၊ Transgressive art ၊ Synaesthesia events ၊ Massurrealism ၊ Stuckism ၊ Remodernism ၊ Maximalism တို့ ပေါ်ပေါက်လာပြီး ၂၀၁၀ ကစပြီး ArT is free ဆိုတဲ့ အယူ အဆလည်း ပေါ်ထွက်လာခဲ့တာ တွေ့ရပါတယ်။ ခေတ်ပြိုင်အနုပညာ ပုံဖော်မှု၊ လှုပ်ရှားမှုနဲ့ ဝါဒတွေကို အလွယ်တကူ မြင်နိုင်ဖို့ ဖော်ပြပေးလိုက်တာပါ။
အပိုင်း (၁) ဖတ်ရှုရန်