Culture

အန်ကောဝပ်ဘုရားကျောင်းမှ ကြီးမားသည့် ရှေးဟောင်းရုပ်တု တူးဖော်ရရှိ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်း ရှေးဟောင်းဇုန်အတွင်း မြေအောက်၌ နစ်မြုပ်နေ သည့် ၁၂ရာစုခန့်က ရုပ်တုကြီးတခုကို စင်ကာပူအခြေစိုက် အရှေ့တောင်အာရှလေ့လာရေး အဖွဲ့မှ ပညာရှင်များ က မနေ့ကရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စင်ကာပူအခြေစိုက် ပညာရှင်များဟာ လွန်ခဲ့သည် ၈ရာစု၊ ၉ရာစုခန့်က ဆေးရုံတရုံရှိခဲ့သည် ဟု ယူဆရ သည့် နေရာကို လေ့လာတူးဖော်ရာမှ အမြင့် ၆ပေ ၃ လက်မ၊ အနံမှာ ၂၃ လက်မရှိသည့် ဆေးရုံစောင့် နတ်သည့် နတ်ဟု ယူဆရသည့် ရုပ်တုကို တူးဖော်တွေ့ရှိခြင်းဖြစ်ပါတယ်။

ယခုရှာဖွေတွေ့ရှိတဲ့ ရှေးဟောင်း ရုပ်တုကို ဆီယမ်ရိမြို့ရှိ ပြတိုက်မှာ ပြသထားမယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ခန့်ကလည်း ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ဗုဒ္ဓ ရုပ်ပွားတော်ကြီး ၂ဆူ ကိုရှာဖွေတွေ့ရှိခဲ့သေးသလို၊ ရှေးဟောင်းလှေကြီးများကို တွေ့ရှိထားပြီးဖြစ်ပါတယ်။

ဆီယမ်ရိပြည်နယ်မှာ ရှိတဲ့ အန်ကောဟာ ၉ရာစမှ ၁၅ရာစုခန့်အထိ ထွန်းကားခဲ့သည့် ခမာအင်ပါယာရဲ့ မြို့တော်ဖြစ်ပြီး၊ ၁၉၇၀ ခုနှစ်ခန့်က ဖြစ်ပွားခဲ့တဲ့ ကမ္ဘောဒီးယား ပြည်တွင်းစစ်မှာ များပြလှတဲ့ ဗိသုကာ လက်ရာတွေနဲ့ အနုပညာပစ္စည်းတွေတော်တော်များကို ခိုးယူခံရကာ ပြည်ပသို့ ရောင်းစားခြင်းခံခဲ့ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading