• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ဝင်းဖေမြင့် နဲ့ ဖိုးဆန်း တို့ရဲ့ အညာပြန်လက်ဆောင် ပန်းချီပြပွဲ

by ဝေယံအောင်
24 August 2017
in Culture
A A
ဝင်းဖေမြင့် နဲ့ ဖိုးဆန်း တို့ရဲ့ အညာပြန်လက်ဆောင် ပန်းချီပြပွဲ
10.2k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ နွေက ပန်းချီ ဝင်းဖေမြင့်နဲ့ ပန်းချီ ဖိုးဆန်းတို့ဟာ ပန်းချီဝင်းဖေမြင့်ရဲ့ ဇာတိမြို့ မင်းဘူး အပါအဝင် စကု၊ လယ်ကိုင်း စတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတွေကို ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ဟာ အညာမှာ ၁ ပတ်နေခဲ့ကြပြီး ရန်ကုန်ကို ပြန်လာတဲ့အခါ အညာပြန် လက်ဆောင်တွေ တပွေ့တပိုက်နဲ့ပါ။ပြီးခဲ့တဲ့ နွေက ပန်းချီ ဝင်းဖေမြင့်နဲ့ ပန်းချီ ဖိုးဆန်းတို့ဟာ ပန်းချီဝင်းဖေမြင့်ရဲ့ ဇာတိမြို့ မင်းဘူး အပါအဝင် စကု၊ လယ်ကိုင်း စတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတွေကို ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ဟာ အညာမှာ ၁ ပတ်နေခဲ့ကြပြီး ရန်ကုန်ကို ပြန်လာတဲ့အခါ အညာပြန် လက်ဆောင်တွေ တပွေ့တပိုက်နဲ့ပါ။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
922
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
366
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
455

သူတို့ ယူဆောင်လာတဲ့ အညာပြန် လက်ဆောင်တွေက အညာဒေသ ထွက်ကုန်ပစ္စည်းတွေ စားစရာတွေ မဟုတ်ဘဲ အညာဒေသရဲ့ လူနေမှုဘဝ၊ ဘုရားပုထိုးတွေနဲ့၊ ယဉ်ကျေးမှု အဆောက်အုံတွေကို ခံစားရေးဖွဲ့ထားတဲ့ ပန်းချီကားတွေပဲ ဖြစ်ပါတယ်။ ဒီ ပန်းချီကားတွေကိုတော့ Trip to Anyar (အညာ ခရီး) လို့ ပြပွဲအမည် ပေးပြီး အောင်ဆန်းအားကစားကွင်း မြောက်ဘက်အခြမ်းမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ OK Art Gallery မှာ ၂၆.၈.၂၀၁၇ ကနေ ၃၁.၈.၂၀၁၇ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပါ တယ်။ ဒီပန်းချီပြပွဲဟာ OK Art Gallery ရဲ့ ပထမဆုံး ပန်းချီပြပွဲလည်း ဖြစ်ပါတယ်။

ပန်းချီ ဖိုးဆန်းဟာ ရန်ကုန် ပန်းချီ ပန်းပု ကျောင်းဆင်း တဦးဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ပန်းချီပွဲပေါင်း များစွာမှာ ပါဝင်ပြသ နေသူ တဦး ဖြစ်ပါတယ်။ ပန်းချီဝင်းဖေမြင့်ကတော့ ဝါရင့်ပန်းချီဆရာတယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပန်းချီပညာကို စာတွေ့ လက်တွေ့ ဖြန့်ဖြူးနေသူတဦး ဖြစ်ပါတယ်။

ပန်းချီ ဝင်းဖေမြင့်နဲ့ ပန်းချီ ဖိုးဆန်းတို့ဟာ အညာမှာ နေထိုင်ခဲ့တဲ့ ၁ ပတ်လုံးလုံး မနက်မိုးလင်းတာနဲ့ အညာဒေသရဲ့ ဘုန်းတော်ကြီး ကျောင်းတွေ၊ မြစ်ဆိပ်တွေ၊ လူနေအိမ်ဝိုင်းတွေဆီကို အောက်ဒိုးထွက်ကာ ပန်းချီရေးဆွဲကြပါတယ်။ အိမ်မွေးကြက်၊ ဘဲ၊ နွား၊ သိုး၊ ဆိတ်တွေက အစ ချက်ပြုတ် စားသောက်တဲ့ မီးဖိုအဆုံး အရောင်တွေ၊ အလင်းတွေ၊ အရိပ်တွေနဲ့ ပုံဖော်ခဲ့ကြပါတယ်။

သူတို့ရဲ့ စိတ်ကို စေ့ဆော်ရိုက်ခတ်လာတဲ့ နေရာတွေ ဆိုရင် နေပူပူအောက်လည်း ချက်ခြင်း ထိုင်ရေးခဲ့သလို စိတ်ကြိုက် ပန်းချီကားရေးနိုင်မယ့် အချိန်ကိုလည်း စောင့်ဆိုင်းပြီး ရေးခဲ့ကြပါတယ်။

“မင်းဘူးကမ်းနားက နေထွက်ချိန် ကားလေး တကားကတော့ အမှတ်တရပါပဲ။ ပထမနေ့မှာ နေက နည်းနည်လေး အပေါ် တက်သွားတော့ ကိုယ်လိုချင်တဲ့ အရသာ မရဘူးပေါ့။ အဝါရောင်ပဲ ရတော့တယ်။ အဲဒါနဲ့ နောက်တနေ့ နေထွက်ချိန်ကို ထပ်စောင့်ပြီးတော့ ရေးဖြစ်တာပေါ့။  အဲဒီတော့မှ ကျနော် လိုချင်တဲ့ နေထွက်ချိန် ပန်းရောင်လေးကို ရလိုက်တာ။ ဒီပွဲလေးကို ကြည့်လိုက်လို့ ရှိရင် အညာကို လွမ်းတဲ့ အရသာကို ခံစားရမှာပါ” ပန်းချီ ဖိုးဆန်းက သူ့ အတွေ့အကြုံကို ပြန်ပြောပြတယ်။

ပန်းချီ ဖိုးဆန်းက အောက်ဒိုးခရီးစဉ်မှာ ဆရာဖြစ်သူ ပန်းချီဝင်းဖေမြင့်နဲ့အတူသွားလို့ ပျော်ရွှင်မိပေမယ့် ပျက်စီးယိုယွင်းနေပြီ ဖြစ်တဲ့ ရှေးခေတ်ဘုန်းတော်ကြီးကျောင်းတွေကိုတွေ့ရလို့ စိတ်မချမ်းမြေ့ကြောင်းလည်း ဆိုပါတယ်။

Trip to Anyar (အညာခရီး) ပန်းချီပြပွဲမှာ ပန်းချီ ဝင်းဖေမြင့်ရဲ့ဆီဆေး ၂၅ ကားနဲ့ ပန်းချီ ဖိုးဆန်းရဲ့ရေဆေးပန်းချီကား ၂၅ ကို ပြသသွားမှာ ဖြစ်ပါတယ်။ ပန်းချီကားအရွယ်အစားက ၁၂ လက်မ ၁၄ လက်မ ဖြစ်ပြီး ဒေါ်လာ ၁၅၀ ကနေ ဒေါ်လာ ၅၀၀ အထိ သတ်မှတ်ထားပါတယ်။

ဒီ ပန်းချီပြပွဲနဲ့ပတ်သက်ပြီး ပန်းချီ ဝင်းဖေမြင့်က “ဒီပန်းချီပွဲကိုကြည့်တဲ့သူတွေက အညာကို ကိုယ်တိုင်ရောက်သလို ခံစားရမယ်။ ဒီပန်းချီကားတွေမှာ အညာရဲ့ ရသ အပြည့်ပါအောင် ကျနော်တို့ ကြိုးစားထားပါတယ်” လို့ ဆိုပါတယ်။

အညာရနံ့ အညာ အငွေ့အသက်ကို ပန်းချီ ဝင်းဖေမြင့်နဲ့ ပန်းချီ ဖိုးဆန်း တို့က ရေနဲ့ ဆီ မီဒီယံကို ဘယ်လို ကျွမ်းကျွမ်း ကျင်ကျင် အသုံးပြုပြီး ပုံဖော် ရေးဆွဲ တင်ပြတယ် ဆိုတာ ကြည့်ရှုခံစားရမယ့် ပြပွဲ တခုဖြစ်ပါကြောင်း။ ။

Your Thoughts …
Tags: ပန်းချီပြပွဲ
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

ပန်းချီ အနုပညာရှင်တွေ စိတ်ကူးထဲက သက္ကရာဇ် ၂၀၅၀

ပန်းချီ အနုပညာရှင်တွေ စိတ်ကူးထဲက သက္ကရာဇ် ၂၀၅၀

by ဝေယံအောင်
24 November 2017
11.4k

“ဒီပန်းပုရုပ်ကြီးက အရှိန်အဟုန်နဲ့ သွားနေတာပါ။ ဒီပန်းပုမှာ ပါတဲ့ ပစ္စည်းအစုံက မြန်မာနိုင်ငံသားတွေကို ကိုယ်စားပြု ပါတယ်။ ကိုးကွယ်ရာ မတူတာတွေ ပါတယ်။ အခုချိန်မှာ မညီညွတ်ကြပေမယ့် ၂၀၅၀ ကျရင်တော့ ပိုပြီး ညီညွတ်တဲ့ ပိုပြီးတိုးတက်တဲ့ ပိုပြီး...

Next Post
ရှမ်းပြည်နယ် မြောက်ပိုင်း ရှေ့တန်း စစ်မြေပြင်တွင် တွေ့ရသည့် SSPP/SSA တပ်မှူး တဦး / ကျော်ခ / ဧရာဝတီ

UNFC တပ်ပေါင်းစုထံ SSPP ဘာကြောင့် နုတ်ထွက်ခွင့်တောင်းသလဲ

/ ချမ်းစွန်း / ဧရာဝတီ

မြန်မာရိုးရာအစာအစားဖြစ်တဲ့ စက်ကလေးရွာက ငါးရံ့ခြောက်ဖုတ်လုပ်ငန်း

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate