• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်”

by Petr Lom
18 November 2017
in Culture
A A
ကဗျာဆရာ မောင်အောင်ပွင့်(ဓာတ်ပုံ -Dana Lixenberg)

ကဗျာဆရာ မောင်အောင်ပွင့်(ဓာတ်ပုံ -Dana Lixenberg)

8.5k
VIEWS
Share on FacebookShare on Twitter

မြန်မာခေတ်ပေါ်ကဗျာဆရာတွေဖြစ်တဲ့ မောင်အောင်ပွင့်၊ အောင်ချိမ့်၊ သုခမိန်လှိုင်၊ မောင်ပြည့်မင်း၊ ခင်အောင် အေး၊ ဇေယျာလင်း၊ မိုးဝေး အပါအဝင် ကဗျာဆရာ ၁၇ဦးရဲ့ ဘဝကောက်ကြောင်းနဲ့ ဖြတ်သန်းမှု တစိတ် တဒေသကို ဖော်ကျူးထားတဲ့ “မြန်မာပုံပြင်စာအုပ်”လို့ အမည်ပေးထားတဲ့ စာအုပ် ကို ရောင်းချနေပြီဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ဒါရိုက်တာ Petr Lom နဲ့ ထုတ်လုပ်သူ Corinne Van Egeraat တို့ ရိုက်ကူးခဲ့တဲ့ Burma Story Book မှတ်တမ်းရုပ်ရှင်ရဲ့ စေ့ဆော်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ တွေ့ဆုံမေးမြန်းခန်း များကို ကောက်နှုတ်ထားပါတယ်။

RelatedPosts

ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
199
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
360
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
636

“မြန်မာပုံပြင်စာအုပ်”မှာတော့ ခေတ်ပြိုင်မြန်မာကို စာပေစိစစ်ရေးခေတ်မှသည် လွတ်လပ်စွာပြောခွင့်ရ တဲ့ခေတ် အထိ ကဗျာဆရာ ၁၇ဦးရဲ့ ရှိရင်းစွဲ အမြင်တွေကို မှတ်တမ်းတင်ထားပြီး၊ စာပေမြတ်နိုးသူ တွေအတွက် အင်္ဂလိပ်ဘာသာနဲ့ ရိုက်နိုပ်ထားတဲ့ စာအုပ်ကိုတော့ လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်တို့မှာ ရောင်းချ နေသလို၊ မြန်မာဘာသာနဲ့ စာအုပ်ကို တော့ Yangon Book Plaza မှာ ရောင်းချ နေပါတယ်။

Burma Story book မှတ်တမ်းရုပ်ရှင်ကိုလည်း လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၆နာရီမှာ မဟာဗန္ဓုလ ပန်းခြံ မှာ အများပြည်သူ ကြည့်ရှု့နိုင်ဖို့ ပြသမှာဖြစ်ပြီး၊ တနေ့တည်းမှာပဲ ဓာတ်ပုံပြပွဲ မြန်မာ့ခရီးသွားလုပ်ငန်း အဆောက်အအုံမှာ ဒီဇင်ဘာ ၄ရက်နေ့အထိ ပြသမယ်လို့ သိရပါတယ်။

မောင်အောင်ပွင့် သို့မဟုတ် အနုပညာနဲ့ တပါးသူရင်တွင်း ထိုးဖောက် နားလည်နိုင်သူ

မောင်အောင်ပွင့်ကို ၁၉၄၅ ခုနှစ်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်မြို့မှာ မွေးဖွားခဲ့ပါတယ်၊ လက်ရှိမှာ လည်း မြို့အစွန် ဧရာဝတီမြစ်ကွေ့တနေရာမှာ ၂ထပ်အုပ်တိုက်နဲ့ ဇနီးသားသမီးများနဲ့ အတူ နေထိုင်လျှက် ရှိပါတယ်။

သမီးဖြစ်သူက အိမ်အောက် မြေညီထပ်မှာ စာရေးကရိယာ အရောင်းဆိုင်နဲ့ စာအုပ်အငှားဆိုင် ဖွင့်ထားပြီး၊ သူ နေထိုင်ရာ လမ်းကို မနှစ်က အုတ်စီလမ်းခင်းခဲ့ခြင်းက မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍဖွံဖြိုးလာမှု ပြယုဂ်လို့ ဆိုနိုင်ပါတယ်။

ဒီနှစ်မှာတော့ မောင်အောင်ပွင့်ဟာ ဇနီးနဲ့ အတူ စုထားတဲ့ ငွေနဲ့ အငှားကားတစီး ဝယ်နိုင်ခဲ့ပါပြီ။

သူ့ထံလာရောက်လည်ပတ်သူ အများစုကတော့ မောင်အောင်ပွင့်ကို ကဗျာဆရာ အဖြစ်သာမက ကျောင်းဆရာ အဖြစ်လည်း အသိအမှတ်ပြုကြပါတယ်၊ မောင်အောင်ပွင့်ကို လူသိအများဆုံးသော သက်ရှိထင်ရှား အတိုက် အခံ ကဗျာဆရာအဖြစ် သတ်မှတ်ကြတဲ့အတွက် ဂါရဝပြုဖို့၊ သူတို့ ကဗျာ များနဲ့ ပတ်သက်ပြီး အကြံဉာဏ်များ တောင်းခံဖို့ လာကြတယ်လို့ သိရပါတယ်။

မေး။ ။ ခင်ဗျား ကဗျာကို ဘယ်လိုစတွေ့ခဲ့သလဲ။

ဖြေ။ ။ ကျနော် ငယ်ငယ်လေးကတည်းက အမေက ပြည်တွင်းစစ်အတွင်းမှာပဲ ဆုံးပါးခဲ့တယ်။ အဲဒီ့ကိစ္စကို အမြဲတမ်းမှတ်မိနေတယ်၊ ကလေးဘဝတုန်းက ကစားဖို့ အခွင့်အရေး၊ ပျော်ရွှင်ဖို့ အခွင့် အရေး ဆိုတာ မရခဲ့ပါဘူး။ ကံကောင်းစွာနဲ့ပဲ ရွာမှာ စာကြည့်တိုက် အသေးလေးတစ်ခုရှိတယ်။ ကျနော် အဲဒီ့ကို သွားပြီး စာအုပ်တွေဖတ်တယ်။ ကဗျာဖတ်လို့ရတဲ့ မဂ္ဂဇင်းစာအုပ်က နည်းနည်းလေး ပဲရှိတယ်။ အဲဒီ့ စာအုပ်တွေက ကျနော်ရဲ့ အနီးကပ်ဆုံးနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပဲ။ သူတို့ တွေက ဘဝရဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင် ရမလဲဆိုတာ သင်ပေးခဲ့တယ်။ ကဗျာတွေက ကျနော်ကို အင်အားတွေ ဘယ်လိုရှာဖွေရမလဲ၊ ငြိမ်းချမ်းမှုကို ဘယ်လိုရှာဖွေရမလဲ၊ ဘဝထဲမှာ ဘယ်လိုရှင်သန်ရ မလဲဆိုတာကို သင်ပေးခဲ့တယ်။

မေး။ ။ ခင်ဗျားရဲ့ နိုင်ငံရေးလှုပ်ရှားမှုကရော။

ဖြေ။ ။ ကျနော် စစ်အစိုးရကို ဆန့်ကျင်တဲ့ သတင်းစာတစောင်မှာ အယ်ဒီတာရော ဖြန့်ချိသူပါ လုပ် ကိုင်ခဲ့ဖူးပါတယ်။ တိုင်းရင်းသားလူနည်းစုတွေအပေါ် မတရားမှုနဲ့ အဓမ္မခိုင်းစေမှုအကြောင်း မှတ်တမ်းရုပ်ရှင် လည်း ရိုက်ခဲ့တယ်။ တိုင်းရင်းသားဒေသများ အပါအဝင် မြန်မာနိုင်ငံတဝှမ်းကို ခရီးသွားခဲ့တယ်။

အဲဒီ့ဒေသတွေက အင်မတန်ကိုလှပတယ်။ အဲဒီ့အချိန်တုန်းက တောမပြုန်းသေးဘူးလေ။ အဲဒီ့ကနေ အိမ်ကို ကျောက်တုံးတွေတောင် ပို့ခဲ့သေးတယ်။ အဲဒီ့ကျောက်တုံးတွေကို သက်ရှိတွေလို့ပဲ ခံစားရ တယ်။

ဒါပေမယ့် ကျနော်တို့တိုင်းပြည်က ဆင်းရဲဒုက္ခတွေနဲ့ ပြည့်နှက်နေတယ်။ တိုင်းရင်းသားတွေဟာ ဆိုးဆိုးဝါးဝါးကို ညှဉ်းပန်းနှိပ်စက်ခံရတယ်။ စစ်တပ်က မုဒိန်းမှုကို လက်နက်အဖြစ်အသုံးပြုတယ်။ အဲဒီ့ကိစ္စတွေကို ကျနော် မျက်လုံးနဲ့ မြင်ခဲ့ရတာပါ။ ကဗျာရေးရုံနဲ့ မလုံလောက်တော့တာကြောင့် ဒီကိစ္စထဲကို ဝင်ပါဖို့ ဆုံးဖြတ်ခဲ့တာပါ။

မေး။ ။ခင်ဗျား နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၁၉၆၇-၆၈၊ ၁၉၇၈-၈၀၊ ၁၉၉၇ နဲ့ ၁၉၉၉-၂၀၀၆ တို့မှာ ထောင်လေးကြိမ်ကျခဲ့တယ်နော်။

ဖြေ။ ။ဟုတ်တယ်၊ ကျနော်က ဆယ်နှစ်ကို တစ်ခါထောင်ကျနေသလိုပဲ၊ တခါတလေ ဘယ် လောက်များ အဓိပ္ပါယ်မဲ့လိုက်သလဲဆိုရင် ဖက်စ်ပို့တဲ့စက် လက်ဝယ်တွေ့ရှိမှုနဲ့ စွဲချက်တင်ခံရတယ်။ ထောင်ထဲမှာတော့ ကျနော်က အသက်အကြီးဆုံးပဲ။ လူငယ်တွေက ကျနော့်ကို ကူညီကြပါတယ်။ ကျနော်တို့ ညတိုင်း ကဗျာတွေ ရွတ်ကြတယ်။ ကဗျာရွတ်တာမကြားနိုင်တဲ့ အခန်းတွေဆီကို ကဗျာတွေ ပို့ကြတယ်။ ကျနော်တို့ လေ့လာမှုတွေ ကိုမရပ်ခဲ့ဘူး။ ကဗျာတွေမရပ်ခဲ့ဘူး။ အတွေ့အကြုံမျှဝေမှုတွေ မရပ်ခဲ့ဘူး။ ထူးဆန်းတာတခုက ကျနော် ထောင်ထဲမှာနေရတဲ့အချိန်တွေက နေရကျိုးနပ်ခဲ့ပါတယ်။

မေး။ ။ ထောင်ထဲမှာ ခင်ဗျားရဲ့ နာမည်ကျော် “ရင်ပူည” ကဗျာကို ရေးခဲ့တယ်နော်။

ဖြေ။ ။ကျနော့်မိန်းမ ထောင်ဝင်စာလာတွေ့ပြီးတဲ့နောက် အဲဒီ့ကဗျာကိုရေးခဲ့တယ်။ ကျနော် မျှော်လင့်ချက်မဲ့သလိုခံစားခဲ့ရတယ်။ ကိုယ့်စိတ်ကို ထိန်းနိုင်ဖို့ ကျနော့်အခန်းရဲ့ နံရံပေါ်မှာ အဲဒီ့ကဗျာ ကို ခပ်သော့ သော့ ရေးခဲ့တာ။ ကဗျာက တုံ့ပြန်မှုမရနိုင်တဲ့အချစ်အကြောင်း ရေးထားတာ။ ကျနော် မိန်းမအတွက် ကျနော် အခန်းကနေ မမြင်ရတဲ့ လမင်းကြီးအတွက် အနည်းဆုံးတော့ လရဲ့အရိပ် ကိုမြင်ရဖို့ အခန်းထဲက ကြမ်းပြင်ပေါ် ကို ရေတွေလောင်းခဲ့တယ်။ ပြီးတော့

“ ဟောဒီမောင်အောင်ပွင့်ဟာ

စက္ကူသားလိုပြားချပ် ပျော့ဖတ်သွားရင်တောင်

လသာသာမှာ ဖြန့်ခင်း

ဘောလုံးလို ပြည့်တင်းနေအောင်

လရောင်ကို စုထုပ်

ပီဘိ မှောင်ကြီးကျနေတဲ့ ပုရွက်ဆိတ်တွင်းတွေထဲ

လရောင်ကို ကဲ့ကဲ့ထည့်ထည့်ပေးချင်တယ်” ဆိုတဲ့ ကဗျာကိုရေးခဲ့တယ်။

မေး။ ။ခင်ဗျား ကျန်းမာရေးက အခုတော်တော်ဆိုးဝါးနေပြီနော်။

ဖြေ။ ။ ထောင်ထဲမှာ နှစ်အတော်ကြာနေခဲ့ရတော့ အမာရွတ်တွေကတော့ အများကြီးပဲ။ ၁၉၉၉ ခုနှစ်ကဆိုရင် စစ်ကြောရေးမှာ ၂၅ရက်နေခဲ့ရတယ်။ ကျွန်တော့်ကို အိပ်ခွင့်မပေးဘူး။ ညတိုင်း နာရီဝက် တခါလောက် ကျနော့်အခန်းသော့ခလောက်ကို ထောင်ဝါဒါတွေ လာလာခေါက်တယ်။ အခုချိန်ထိ သော့ ခလောက်သံကို ကျနော်မခံနိုင်သေးဘူး။ အခုကျနော့်မှာ ပါကင်ဆန်ရောဂါရှိနေပြီ။ တချို့နေ့တွေဆို ကျွန်တော် စာဆက်မရေးနိုင်ဘူး။ ကျနော့်အမျိုးသမီး နန်းညွန့်ရွှေကို ကဗျာတွေ နှုတ်တိုက်ချပေးရတယ်။

မေး။ ။ နန်းညွန့်ရွှေရေ… ခင်ဗျားယောက်ျား ထောင်ကျနေတုန်း ခင်ဗျား ဘယ်လိုနေခဲ့ရလဲ။

ဖြေ။ ။ကျမ မနက်ကို ကျောင်းမသွားခင် စောစောထပြီး ဈေးထဲမှာ မုန့်ဟင်းခါးရောင်းတယ်။ ကိုယ့်ကို ကိုယ် ကိုယ်ပျောက်တစ္ဆေလိုလို ခံစားရတယ်။ ကျနော်ယောက်ျားက နိုင်ငံရေးလုပ်တယ်ဆိုပြီး လူတွေက ကျမ တို့ကို ကြောက်ရွံ့နေကြတယ်။ ကျွန်မနားလည်ပါတယ်။ လူတိုင်းကြောက်နေကြမှာပဲ။ ကျမအသက်ရှင်သန်နေ ခြင်းရဲ့ အဓိကသော့ချက်က အကြောက်တရားကို ဘယ်တော့မှ ထုတ်ဖော်မပြ သခြင်း ပဲ။ ရဲတွေ ကျမအိမ်ကို လာရှာတုန်းကဆို သူတို့ကို အိမ်ထဲမဝင်ခင် ဖိနပ်ချွတ်ဖို့ပြောခဲ့တယ်။ သူတို့ ချွတ်ပေးတာပဲ။

မေး။ ။ ဆရာ မောင်အောင်ပွင့်ရေ… ခင်ဗျားရဲ့ ကလေးတွေကို ထားခဲ့ရတာပေါ့နော်။

ဖြေ။ ။ကျနော် ၁၉၇၈ခုနှစ်တုန်းက ထောင်ကျတဲ့နေ့က ကမ္ဘာ့ကလေးများနေ့ဗျ။ အဲဒီ့ အကြောင်းလည်း ထောင်ထဲရောက်ပြီးမှ သိတာပါဗျာ။ အဲဒီ့နေ့က သြဂုတ်လ ၆ရက်နေ့။ ကျနော်နဲ့ ၃နှစ်သား ကျနော့် သားလေးနဲ့ အဲဒီ့နေ့မနက်မှာ ဘောလုံးကန်နေကြတာ။ မိုးကလည်းရွာနေတယ်။ ကျနော်က ဘောလုံးကို ဒိုင်ဗင်ပစ်ပြီးဖမ်းလိုက်ရင် ကလေးကသိပ်ကိုပျော်နေတာ။ ကျနော်ကို ညနေမှာ လာဖမ်းတယ်။ သြဂုတ် ၆ရက်နေ့ဆိုတာ ဟီရိုရှီးမားကို ဗုံးကြဲတဲ့နေ့ပဲလေ။ ကျနော်တို့ မိသားစုလည်း ဗုံးကြဲခံလိုက်ရသလိုပဲလေ။

နောက်တစ်ခါ ကျနော်ကိုစီရင်ချက်ချတဲ့နေ့တုန်းကပေါ့။ ကျနော်က ထောင်ဘူးဝမှာရပ်နေတုန်း ကျနော့် သားက ကျနော်ဆီပြေးလာတယ်။ ဒါပေမယ့် ကျနော့်ကို ကြည့်မနေတော့ လူမှားပြီး အစောင့်ကို သွားဖက်မိတယ်။

ကျနော့် သားကိုရော သမီးကိုပါ “ငြိမ်းချမ်း” ဆိုတဲ့နာမည်ပေးထားတယ်။ ကျနော်သားက တောခိုသွား တယ်။ ပြီးတော့ ထိုင်းကိုပြေး အဲဒီ့ကနေမှ နောက်ဆုံးတော့ ဖင်လန်မှာ ခိုလှုံခွင့်ရတယ်။

နှစ်နှစ်ဆယ်ကျော်ကြာပြီးတော့မှ ပထမဆုံးအကြိမ်အဖြစ် သူအိမ်ကိုပြန်လာတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ကပေါ့။ ခင်ဗျားတောင် သူ့ကို ရုပ်ရှင်ရိုက်ခဲ့သေးတယ်လေ။

မေး။ ။ခင်ဗျားနိုင်ငံရဲ့ သမိုင်းကြောင်းက ခင်ဗျားကဗျာတွေကို ဘယ်လိုရိုက်ခတ်သလဲ။

ဖြေ။ ။ စစ်အစိုးရအုပ်ချုပ်စဉ်ကာလနဲ့ ကမ္ဘာ့အရှည်ဆုံး ၆၆နှစ်တာပြည်တွင်းစစ်အတွင်းမှာ ရက်စက် မှုတွေ၊ ဆင်းရဲဒုက္ခတွေ အများကြီးရှိခဲ့တာပေါ့။ ကျနော်တို့က အဲဒီ့ဒုက္ခတွေကို ကိုယ်ချင်း စာတယ်။ ကျနော်တို့ရဲ့ ခံစားချက်တွေကို ကျနော်တို့ ကဗျာတွေထဲမှာ တွေ့မှာပါ။ အခုဆို ကျနော်စိတ် ထဲမှာ ဘာသာရေးတောင် သိပ် မရှိချင်တော့ဘူး။ ကဗျာ၊ ကိုယ်ချင်းစာစိတ်နဲ့ ငြိမ်းချမ်းရေးကို တောင့်တစိတ်ပဲရှိတော့တယ်။ ဒါနဲ့တင်ပဲ တန်ဖိုးရှိ တဲ့ဘဝတစ်ခုဖြစ်ဖို့အတွက် လုံလောက်နေပါပြီ။

မေး။ ။ကိုယ်ချင်းစာစိတ်က အရေးအကြီးဆုံးလား။

ဖြေ။ ။ ကဗျာရဲ့ သဘောသဘာဝကိုက ကိုယ်ချင်းစာတရားပဲလေ။ ဒါကြောင့်ပဲ ကဗျာမှာ ပုံစံတွေ၊ ရေးဖွဲ့ဟန်တွေက အရေးမကြီးဘဲ ခံစားချက်ကသာ အရေးကြီးနေတာပေါ့။ တချို့ကတော့ ရေးဖွဲ့ဟန်ကို ရှေ့တန်းတင်ကြလိမ့်မယ်။ ခံစားချက်မပါဘဲ ဘာများဖြစ်လာအုံးမှာလဲဗျာ။

Petr Lom နှင့် ခင်အောင်အေး စီစဉ်သည့် ကဗျာဆရာ ၁၇ဦး၏ ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ ယင်း “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။

ဆက်စပ်ဖတ်ရှု့ရန်

အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ

သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ

ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ

ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ

ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀”

မယ်ယွေး သို့မဟုတ် ၂၀မှာ ၁နှစ် ပေါင်းဦးမယ့် သူမ

မောင်ပြည့်မင်း သို့မဟုတ် နှစ်ယောက်ညချမ်း အောက်မေ့ဖွယ် ဇာတ်ဝင်ခန်း

မိုးဝေး သို့မဟုတ် ကဗျာစစ်စစ်ကိုသာ ရေးချင်သူ

မောင်ယုပိုင် သို့မဟုတ် ရေခဲပြင်ကြီးအောက်က ကဗျာဆရာ

မြတ် သို့မဟုတ် အတွေးအခေါ် ဘောင်ခတ်ထားမှုမှ ဖောက်ထွက်ချင်သူ

ဟံလင်း သို့မဟုတ် တကယ်တမ်းက ဒီလို

ဆူးရင့် သို့မဟုတ် သံယောဇဉ်ကြိုးကို ဖြတ်တောက်သူ

မွန်းသူအိမ် သို့မဟုတ် ရှေးရိုးစွဲကို ချိုးဖောက်သူ

Your Thoughts …
Tags: ကဗျာဆရာ မောင်အောင်ပွင့်မြန်မာပုံပြင်စာအုပ်
Petr Lom

Petr Lom

...

Similar Picks:

အောင်ချိမ့် (ဓာတ်ပုံ - Dana Lixenberg)

အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ

by Petr Lom & ခင်မောင်အေး
18 November 2017
22.5k

အောင်ချိမ့်ဟာ မြန်မာကဗျာဆရာများ အားလုံးက အတုယူ အားကျရတဲ့ ကဗျာဆရာ တဦးဖြစ်ပြီး သင်သာ သူနဲ့ ဆုံခွင့်ရမယ်ဆိုရင် အဘယ်ကြောင့် အတုယူအားကျရတယ်ဆိုတာကို ချက်ချင်း သဘောပေါက်မှာ ဖြစ်ပါတယ်။

အဖေကဗျာဆရာ မောင်အောင်ပွင့် နောက်ဆုံးခရီးကို သမီး လုံမငြိမ်းချမ်း လိုက်ပါပို့ဆောင်ခဲ့စဉ် / ကိုယ်ထိုက်

ငြိမ်းချမ်းရေးက မငြိမ်းချမ်းသေးဘူး

by မြတ်
16 April 2022
27.5k

ဧပြီလဆန်းမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ လုံမငြိမ်းချမ်းရဲ့နာရေးသတင်းက ငြိမ်းချမ်းရေးကဗျာဆရာ မောင်အောင်ပွင့်ကို ချစ်ခင်ကြတဲ့ ကဗျာဆရာတွေ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကြားမှာ တုန်လှုပ်စရာတခုဖြစ်ခဲ့ပါတယ်။

ကဗျာဆရာ မောင်အောင်ပွင့် / Dana Lixenberg

မောင်အောင်ပွင့် သို့မဟုတ် အနုပညာနဲ့ တပါးသူရင်တွင်း ထိုးဖောက် နားလည်နိုင်သူ

by Petr Lom
30 November 2018
39.8k

ထောင်ထဲမှာ နှစ်အတော်ကြာနေခဲ့ရတော့ အမာရွတ်တွေကတော့ အများကြီးပဲ။ ၁၉၉၉ ခုနှစ်ကဆိုရင် စစ်ကြောရေးမှာ ၂၅ရက်နေခဲ့ရတယ်။ ကျွန်တော့်ကို အိပ်ခွင့်မပေးဘူး။ ညတိုင်း နာရီ ဝက် တခါလောက် ကျနော့်အခန်းသော့ခလောက်ကို ထောင်ဝါဒါတွေ လာလာခေါက်တယ်။

Next Post
အလင်းများ၊ ပုံတူများ အကြောင်း ပြောပြတဲ့ ပန်းချီ ဆရာကြီးမြင့်စော

အလင်းများ၊ ပုံတူများ အကြောင်း ပြောပြတဲ့ ပန်းချီ ဆရာကြီးမြင့်စော

တရားလွှတ်တော်ရှေ့နေ ဦးဌေး (ဓာတ်ပုံ- WE generation network)

“ဥပဒေအားနည်းချက်ကြောင့် အလုပ်သမားတွေ အလုပ်ထုတ်ခံရတယ်”

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.9k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
4.8k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate