Culture

ဆောင်းရနံ့တွေ လှိုင်နေတဲ့ ဒီဇင်ဘာနံနက်ခင်း ပန်းချီပြပွဲ

Want create site? Find Free WordPress Themes and plugins.

ဒီဇင်ဘာနံနက်ခင်း အမည်နဲ့ ပန်းချီပြပွဲကို ၁၉၆၀ ကျော်ခုနှစ်တွေ ကတည်းက ပန်းချီဆရာတွေ လက်ဆင့်ကမ်းခဲ့တဲ့ အစဉ်အလာ တရပ်ဟာ ဆယ်စုနှစ်ပေါင်း များစွာ ကြာခဲ့ပါပြီ။ ဒီဇင်ဘာလ ဆောင်းရနံ့ သင်းချိန်ဆို ပန်းချီအမ်တင်အေး၊ ပန်းချီဦးဘရင်လေး၊ ရန်ကုန်ဘဆွေ၊ ပန်းချီဦးမင်းနိုင်တို့ ဦးဆောင်တဲ့ ပန်းချီဆရာတွေဟာ ဒီဇင်ဘာရဲ့ အလှကို ဆေးရောင်စုံတွေနဲ့ ခြယ်သကြိုဆိုခဲ့ကြ ပါတယ်။ ဆရာကြီးတွေ ကွယ်လွန်ခဲ့ပြီး နောက်ပိုင်း မျိုးဆက်သစ် ပန်းချီဆရာတွေက လည်း ဒီအစဉ်အလာကို ဆက်လက် ထိန်းသိမ်း ခဲ့ကြ ပါတယ်။

ဒီဇင်ဘာနံနက်ခင်း ပန်းချီပြပွဲတွေမှာ နှစ်ပေါင်း ၃၀ ကျော် ပါဝင်ပြသခဲ့တဲ့ ပန်းချီ ကိုမောင်ကျော်သန်းက “တို့မြန်မာမှာ နှစ်သစ်ကူး ရှိသလို ကမ္ဘာမှာလည်း နှစ်ကူးရှိတယ်။ ဒီဇင်ဘာလပေါ့ ။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အားလုံးရှေ့ခရီးကို ဆက်နိုင်အောင် ဦးတည်တာ ပေါ့။ ကိုယ့်ပန်းချီကားလေး ကြည့်လိုက်ရင် နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ပါစေ ပေါ့။ နောက် ပန်းချီမျိုးဆက်သစ်တွေကို လည်း လက်တွဲခေါ်တာလည်း ပါပါတယ်” လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် December Morning ပန်းချီပြပွဲကိုတော့ ကျောက်တံတားမြို့နယ် ၃၅ လမ်းမှာ ရှိတဲ့ Moon Art Gallery မှာ ဒီဇင်ဘာ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပန်းချီကိုမောင်ကျော်သန်း၊ ပန်းချီဖေသန်းနဲ့ ပန်းချီဇော်ဝင်းထွန်း တို့ရဲ့ ပန်းချီလက်ရာတွေကို ရှုစားကြရမှာပါ။

ဒီပန်းချီပြပွဲမှာ ကလော၊ အောင်ပန်း၊ ပင်းတယစတဲ့ တောင်ပေါ်ဒေသ ဆောင်းအငွေ့အသက် ပါဝင်တဲ့ ပန်းချီကားအများစုကို ခံစားနိုင်ကြမှာ ဖြစ်ပြီး ပန်းချီကိုမောင်ကျော်သန်းက “ဒီပွဲအတွက် ကလော၊ အောင်ပန်းကို ကျနော်တို့ အောက်ဒိုးထွက်ခဲ့ကြတယ်။ ဒီဇင်ဘာနံနက်ခင်းနဲ့ ပတ်သက်တဲ့ ဆောင်းအငွေ့အသက်တွေပါတဲ့ တောင်တန်းဒေသ ရှုခင်းလေးတွေကို ခံစားနိုင်ကြမှာပါ” လို့ ဆိုပါတယ်။

ဒီဇင်ဘာနံနက်ခင်းရဲ့ မျိုးဆက်သစ် ပန်းချီဆရာ ပန်းချီဖေသန်းက “ဒီဇင်ဘာနံနက်ခင်းပြပွဲမှာ ဒါ ဒုတိယအကြိမ် ပါဝင်ပြဖြစ်တာပါ။ အကြောင်းအရာစုံ ပန်းချီကားတွေ ပါပါတယ်။ ကျနော်က Portrait အားသန်တော့ အခါ၊ ပလောင်၊ ရှမ်းစတဲ့ တိုင်းရင်းသူ Portrait တွေ ပိုများမယ်ဗျ” လို့ ဆိုပါတယ်။

ပြပွဲမှာလက်ရာစုံ ပန်းချီကား ၇၀ ကျော်ပြသသွားမှာ ဖြစ်ပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၂၀၀ ကနေဒေါ်လာ ၁၅၀၀ အထိ သတ်မှတ်ထားပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading