• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
12 January 2018
in Culture
A A
ဒီတပတ်ဖတ်စရာ
7.4k
VIEWS
Share on FacebookShare on Twitter

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
499
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
857
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k
စာရေးသူ –  မောင်ထင်
စာအုပ်အမည် –  ဆံတောက်ပိုးနှင့် အခြားဝတ္ထုတိုများ
အမျိုးအစား –  ဝတ္ထုတို
ပုတီးနဲ့လက်မပြတ်တဲ့ ဆံတောက်ပိုးက ခေတ်ပျက်တော့ ဓားဆွဲပြီး `တပည့်တို့ငါလာပြီ` လို့ကြွေးကြော်ပြီး ဓါးပြဗိုလ်ဖြစ်သွားပါတယ်။ ခိုးရာလိုက်မယ့် သမီးကို ဒေါ်ဘုမက `နင် တယ်မိုက်ပါကလား၊ ဆောင်းတွင်းကြီး စောင်မပါရင် ဖျားနာကုန်မှာပေါ့’  လို့ဆိုပါတယ်။ ကောလိပ်ကျောင်းသားထွဋ်ဖတ်ကတော့ `ဇာတိသွေး ဇာတိမာန် ဆိုတာလည်း ရယ်ချင်၊ ဝံသာနုဆိုတာလည်း အယုံအကြည်မရှိ၊ ဟား…ဟား ထွဋ်ဖတ်လိမ္မာလာပြီ’  ဆိုပြီး သရော်ပြပါတယ်။ ဒီစာအုပ်မှာ လူတွေရဲ့ဖောက်ပြန်နေတဲ့အတွင်းစိတ်တွေ၊ မိခင်မေတ္တာ၊ အပေါ်ယံ မျိုးချစ်ပုဂ္ဂိုလ်လုပ်ပြကြတာတွေကို ထွဋ်ဖတ်နှင့် အမျိုးသားအောင်ပွဲနေ့၊ ဆေးဆရာ၊ သွေးဆုံးချိန်၊ ဆံတောက်ပိုး၊ နွားမလိုက်စောင် စတဲ့ ဝတ္ထုတိုတွေမှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ လူငယ်စာဖတ်သူများ ရသ စာကောင်း ပေမွန်တွေ အထူးသဖြင့် ဝတ္ထတိုကောင်းတွေကို အလွယ်တကူ ဖတ်ရှုနိုင်ဖို့ စီစဉ်ထုတ်ဝေလိုက်တာဖြစ်တယ်လို့ the key collection က ဆိုပါတယ်။ the key collection က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ –  ဒဂုန်ဦးထွန်းမြင့်
စာအုပ်အမည် – ဗုဒ္ဓဘာသာ ကမ္မဝါဒနှင့် မြန်မာ့ယဉ်ကျေးမှု
အမျိုးအစား –  ယဉ်ကျေးမှု
ဗုဒ္ဓဘာသာနဲ့ မြန်မာ့ဓလေ့ထုံးစံ၊ မြန်မာယဉ်ကျေးမှုတွေ ဆက်သွယ်နှီးနှောနေပုံတွေကို ဖော်ပြထားတဲ့စာစုတွေဖြစ်ပါတယ်။ ဒီစာအုပ်မှာ သားရှင်ပြု၊ ရှင်ပြုပွဲနှင့် ရှင်ဥပဂုတ္တ၊ သာဓု သာဓု သာဓု ခေါ်နိုင်စေ၊ စေတနာကို တန်ဖိုးဖြတ်နိုင်သလား၊ စေတနာအကျိုး၊ ကံယုံပြီး ဆူးပုံမနင်းနဲ့၊ ဘုရားကိုးဆူ ဆွမ်းကပ်၊ ဘယ်သူမပြုမိမိမှု၊ ကံဆိုတာဘာလဲ၊ အကုသိုလ်ဒုစရိုက်၊ မကောင်းမှုဒုစရိုက်၊ ဘာသာရေး ဝေဖန်မှု၊ လောကသမုတိ အပြစ်၊ ကိုယ်ချင်းစာတရား၊ ကုသိုလ်ကောင်းမှု၊ မှန်တာပြော သစ္စာ၊ လာ ထမင်းစားရအောင်၊ အိမ်နီးချင်း ဟင်းခွက်ကမ်း၊ ဧည့်ဝတ်၊ ဒုလ္လဘ ရဟန်း၊ ကောင်းသောအနားယူခြင်းအပါအဝင် စာစုပေါင်း ၃၇ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ထမင်းစားနေတုန်း ဧည့်သည်ရောက်လာရင် ` လာ ထမင်းစားပါဦးလား` လို့ ခေါ်တာ ဘာသာရေးနဲ့ဘယ်လိုပတ်သက်လဲ၊ ` မှန်တာပြော သစ္စာ’ ဆိုတာ ဘယ်ကလာတာလဲ၊ ရှင်လောင်း ဘာလို့လှည့်ကြတယ်ဆိုတာတွေကိုလည်း လေ့လာနိုင်ကြမှာဖြစ်ပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ –  မြန်မာရေးရာလေ့လာရေးအဖွဲ့
စာအုပ်အမည် – မြန်မာရေးရာ
အမျိုးအစား –  နိုင်ငံရေး
`ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးသို့ အာဏာရှင်စနစ်မှ ကူးပြောင်းကြရသော အစိုးရတိုင်းအဖို့ အခက်အခဲများ ရင်ဆိုင်ရသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပါသည်’ လို့ အယ်ဒီတာက ဆိုပါတယ်။ ဒီစာအုပ်မှာ ရခိုင်ပြည်နယ် အစီရင်ခံစာ၊ ၁၉၇၂ ခုနှစ် မတိုင်မီ မြို့ပြအုပ်ချုပ်ရေး၊ ဘာသာပြန်ဆရာများသို့ မေတ္တာစာ (၂)၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ ဖိအားအောက်က နိုင်ငံရေးစနစ်တရပ်၊ လစ်ဘရယ်ဒီမိုကရေစီ၏ မှေးမှိန်လာသော ညှို့အား၊ ဒီမိုကရေစီတည်ဆောက်ရေး ဒီဘိတ်နှင့် ဥရောပသင်ခန်းစာ၊ မဟာအောက်တိုဘာ တော်လှန်ရေး၊ လူသားသန်း ၁၀၀ နှင့် အမြင်နှစ်မျိုး၊ ရာဇဝင်များနှင့် အငြင်းပွားခြင်း – ရာဇဝင်ထဲက ပြည်ထောင်စု၊ တရုတ်နဂါးနှင့်  ကမ္ဘာပြားခေတ်အလွန် အထူးကဏ္ဍ၊ တရုတ်-မြန်မာ စစ်ပွဲ၊ ပရိုဖက်ရှင်နယ် တစေ့တစောင်း ၊ မြေမြှုပ်မိုင်းပြဿနာ ဘယ်လိုအဖြေရှာ မလဲ၊ အနောက်တံခါးနှင့်အခက်အခဲများ၊ မောင်တောဖြစ်စဉ်မှတ်တမ်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် တွေ့ဆုံခြင်း၊ အငြိမ်းစား သတ္တတွင်းပညာရှင်နှင့်တွေ့ဆုံခြင်း၊ ကေအင်ယူ ဥက္ကဌမန်းဘဇန် (၁၉၁၆-၁၉၈၂) စတဲ့ စာစုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ မြန်မာရေးရာလေ့လာရေးအဖွဲ့က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ –  မောင်မောင်စိုး
စာအုပ်အမည် – မြောက်ဦးစစ်တမ်း
အမျိုးအစား –  နိုင်ငံရေး
ရခိုင်အရေး၊ ရခိုင်သမိုင်း၊ ရခိုင်လူမျိုးတို့ရဲ့တော်လှန်ရေးဖြတ်သန်းမှု၊ လူမှုစီးပွားဘဝတွေကို သုံးသပ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အပိုင်း (၁) ရခိုင် ၊ အပိုင်း (၂) ရခိုင်ပြည်နယ်၏ ရေမြေသဘာဝ၊ အပိုင်း (၃) ယနေ့ရခိုင်ပြည်နယ်၊ အပိုင်း (၄) ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် လူမှုစီးပွားအခြေအနေ၊ အပိုင်း (၅)၊ ရခိုင်ပြည်နယ်တခုလုံး၏ လူမှုစီးပွားအခြေအနေ၊ အပိုင်း (၆) ရခိုင်ပြည်နယ်နိုင်ငံရေးလှုပ်ရှားမှုများ၊ အပိုင်း (၇) ရခိုင်ပြည်နယ်နှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ၊ အပိုင်း (၈) ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး၊ အပိုင်း (၉) ရခိုင်ပြည်နယ်အခြေအနေသုံးသပ်ချက် ၊ အပိုင်း (၁၀) ရခိုင်မှတ်စု (ရခိုင်အရေးနှင့်  ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာများ) စတာတွေကို မြေပုံဇယားတွေနဲ့အတူ ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ အမှာစာရေးပေးတဲ့ မြောက်ဦးပြည်သူ့လွှတ်တော်အမတ် ဦးဦးလှစောက `ကိုမောင်မောင်စိုး၏ မြောက်ဦးစစ်တမ်းသည် ယနေ့ပြည်တွင်း ပြည်ပစင်မြင့်များတွင် ဆူပွက်နေသော ဒေသတစ်ခုနှင့် ထိုဒေသ၏ သမိုင်းကို ဖန်တီးခဲ့သည့် လူမျိုးတစ်မျိုးအား နားလည်ရန် ကြိုးပမ်းချက်တစ်ရပ်ဖြစ်သည်’  လို့ ဆိုပါတယ်။ ရွှေနဒီစာပေက တန်ဖိုး ၄၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
Your Thoughts …
Tags: Books
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

ဒီတပတ်ဖတ်စရာ

ဒီတပတ် ဖတ်စရာ

by ဝေယံအောင်
29 December 2017
5.3k

`ဘုရားဂေါပက ဆိုသူတွေဟာ အလှူခံကောင်းတယ်။ အလှူခံများများရရင် ဘုရားကို အသစ်ဖြစ်အောင် မွမ်းမံမယ်။ မူလလက်ရာ မပျက် လုပ်ရကောင်းတယ် လို့ နည်းနည်းမှမသိဘူး’ လို့ ဒေါက်တာသန်းထွန်းက ဆိုပါတယ်။

ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
3 February 2017
42.1k

မြန်မာ ဝတ္ထုအညွှန်းပေါင်းချုပ်ဟာ မြန်မာဝတ္ထုရှည်သမိုင်း သဖွယ်ဖြစ်လာခဲ့တဲ့ ဝတ္ထုအညွန်းတွေကို မြန်မာစာကျောင်းသားတွေ အတွက် ပြဋ္ဌာန်းပေးရတဲ့ အထိ အလေးထားရပါတယ်။

ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
19 January 2018
6k

မောင်မိုးသူ လူပုဂ္ဂိုလ်အရ နောက်ဆုံး လွမ်းတော်မူဖို့ ရေးလိုက်မိသူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရဲ့ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ်၊ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ရှေ့နေကြီးဦးကိုနီကို လွမ်းလိုက်ရတာ ပါပဲ။

ဒီတပတ် ဖတ်စရာ

ဒီတပတ် ဖတ်စရာ

by ဝေယံအောင်
27 January 2017
13.4k

ဒေါ်ခင်ခင်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်က အဖော်အဖြစ် နေထိုင်ခဲ့သူ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ထက် အသက် ၂ နှစ် ကြီးပါတယ်။

ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
26 January 2018
5.7k

“ဒီလောကထဲ ရောက်တာနဲ့ လူတွေနဲ့ လောကရဲ့ ကျေးဇူးကို တနည်းနည်းနဲ့ ခံစားပတ်သက်ပြီးသား ဖြစ်သွားတယ်။ ဒါကြောင့် ကျေးဇူးကို သိတတ်ရမယ်။ တတ်နိုင်သရွှေ့ ကျေးဇူးတုံ့ပြန်ဖို့လည်း တာဝန်ရှိတယ်”

ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
17 February 2017
25.3k

ရုပ်သေးရုပ်များ၊ ရုပ်သေးရုပ်၏ စင်တည်ဆောက်ပုံနှင့် တင်ဆက်ကပြပုံ အစီအစဉ်များ၊ ရုပ်သေးသဘင်သုံး ဇာတ်စာ၊ ဇာတ်စကားများ၊ ရုပ်သေးကြိုးဆွဲပုံ၊ အခြား(အထွေထွေ) စတာတွေကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ဖတ်ရှုရမှာ ပါ။

Next Post
စစ်ကိုင်းမြို့ရှိ ကောင်းမှုတော် ဘုရားကြီး / ဇာနည်မာန် / ဧရာဝတီ

ကောင်းမှုတော်ဘုရား ထုံးသင်္ကန်းပြန်ကပ်ရန် ဆန္ဒမဲလက်မှတ်ကောက်ယူ

နုတ်ထွက်သွားသော ဧရာဝတီတိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဟောင်း ဦးဘဟိန်း / ဆလိုင်းသန့်စင်

“လာဘ်စားခဲ့လျှင် သွေးစိမ်းအန်ပါစေ” လို့ ကျိန်ဆိုသည့် ဝန်ကြီးဟောင်း ဦးဘဟိန်း

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.1k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate