• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

လက်တွေ့ကနေ လွတ်မြောက်ဖို့ ပန်းချီဆွဲသူ ရော့ခ်စတား ကျားပေါက်

by လွင်မာထွန်း
16 March 2018
in Culture
A A
ကျားပေါက်နှင့် သူ၏ပန်းချီ / ချမ်းစွန်း / ဧရာဝတီ

ကျားပေါက်နှင့် သူ၏ပန်းချီ / ချမ်းစွန်း / ဧရာဝတီ

12.4k
VIEWS
Share on FacebookShare on Twitter

“ကျနော်တို့ အနေနဲ့ တချိန်လုံး ဉာဏ်ပညာ (intelligence) ရှိရှိ နေနေကြတာမျိုး မလိုဘူး၊ ကျနော်ဆွဲတဲ့ ပန်းချီကားတွေက အသိပညာ၊ ဉာဏ်ပညာတွေ သုံးပြီး ဆွဲထားတာမျိုး မဟုတ်ဘဲ၊ အဲဒါရဲ့ ဆန့်ကျင်ဘက် (outelligence) ပဲ” ဟု အသက် ၃၅ နှစ်အရွယ်ရှိ ရော့ခ်ကြယ်ပွင့် ကျားပေါက်က ပြောသည်။

၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ Outelligence ပန်းချီပြပွဲသည် ကျားပေါက်၏ ပထမဆုံး တကိုယ်တော် ပြပွဲဖြစ်ပြီး တက္ကသိုလ် ရိပ်သာ လမ်းဟောင်းရှိ အလှသစ် ပန်းချီ ပြခန်းတွင် မတ်လ ၉ မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
107
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
203
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
650

“ကျနော်က ခံစားချက်တခုခု စိတ်ထဲ ရောက်လာတိုင်း ဘယ်အချိန်ဖြစ်ဖြစ် ပန်းချီဆွဲဖြစ်တယ်။ အားလည်းဆွဲတယ် မအားလည်း ဆွဲတယ်။ အဓိကကတော့ လက်တွေ့ မျက်မြင် အနေအထားက လွတ်မြောက်အောင်လို့ ပန်းချီဆွဲတာ။ တအိမ်လုံးရဲ့ ထောင့်တိုင်းမှာ ပန်းချီ ပစ္စည်းတွေ ထားထားတယ်” ဟု ကျားပေါက်က ပြောသည်။ ပန်းချီဆွဲခြင်းသည် ကိုယ်ဖြစ်နေတဲ့ ခံစားချက်၊ ပေးချင်တဲ့ မက်ဆေ့ချ်ကို လူအများအား ပေးနိုင်တဲ့ အခြားနည်းတခု ဖြစ်သည် ဟုလည်း သူက ဆိုသည်။

မကြာသေးမီ နှစ်များ အတွင်းက သူသည် ငါတို့စာပေတိုက်မှ ‘It’s not Funny’ အမည်ရှိ ကာတွန်းစာအုပ် တအုပ်ကိုလည်း ထုတ်ဝေခဲ့ပြီး ထုတ်ဝေသူ ကိုစန်းမွန်အောင် က သူ့ကို ကင်းဗတ်ပေါ်တွင် ပုံတွေရေးဆွဲကြည့်ရန် အကြံပြု တိုက်တွန်းခဲ့ သည်။ ယင်းသို့ တိုက်တွန်းခြင်းသည် ယခု ပြပွဲ Outelligence ဖြစ်လာစေသော ဇာတ်လမ်း အစပင် ဖြစ်သည်။

“အဲဒီတုန်းက ကျနော်က ကာတွန်းနဲ့ doodles လို့ ခေါ်တဲ့ ရုပ်ပုံအကြီးအသေးတွေ ပြွတ်သိပ်ရေးဆွဲ ဖန်တီးတာမျိုး လောက်ပဲ လုပ်ခဲ့တာ။ ကင်းဗတ်ပေါ်မှာ ဆွဲဖို့ စိတ်မကူးဖူးဘူး။ ဆွဲရကောင်းမှန်းလည်း မစဉ်းစားမိဘူး။ ထုတ်ဝေသူက ပြောတော့မှ ကျနော့် ခံစားချက်တွေကို ဂီတနဲ့ သာမက ပန်းချီနဲ့လည်း ထုတ်ဖော်လို့ ရမှန်း သဘောပေါက် သွားတယ်။ နောက်တော့ စဆွဲတော့တာပဲ” ဟုသူပြောသည်။

ကျားပေါက်၏ ပန်းချီများသည် တမူထူးခြားမည်ကို သိသောကြောင့် ပန်းချီဆွဲရန် သူ့ကိုတိုက်တွန်းသည် ဟု ထုတ်ဝေသူ ကိုစန်းမွန်အောင်က ပြန်ပြောပြသည်။

“ကျားပေါက်က ပန်းချီနဲ့ ပတ်သက်ရင် (အတတ်ပညာ) အခြေခံမရှိဘူး။ ပြပွဲမှာ ပြထားတာတွေ သူ့ ဖန်တီးမှု အနုညာ သက်သက်ပဲ။ သူဟာ ပန်းချီတတ်ပြီး ဆွဲထားတာမျိုး မဟုတ်ဘူး။ ဒါကြောင့် သူက သူ့ရဲ့ ပန်းချီပြပွဲကို Outellinence လို့ ခေါ်တာ” ဟု ကိုစန်းမွန်အောင်က ပြောရင်း ကျားပေါက်သည် ပန်းချီပညာကို စာအုပ်များနှင့် အင်တာနက်မှ လေ့လာခဲ့သည် ဟု ဆိုသည်။

hi-fi ဟိုက်ဖိုင်အခန်းက မြို့ပြ ၅/ချမ်းစွန်း / ဧရာဝတီ

“ပထမတော့ ကျနော် ကိုယ့်ကိုကိုယ် သိပ်အားမရဘူး။ Doodles ဆွဲရတာကို ပိုအားရတာ။ ဘာလို့လဲဆိုတော့ Doodles မှာက လိုင်းသေးသေးလေးကအစ အသေးအစိတ် သေချာအချိန်ယူဆွဲရတာမျိုးလေ။ ပန်းချီမှာက စုတ်ချက် တချက်မှားရင် ပန်းချီကားက ပျက်ပြီ” ဟုကျားပေါက်က ပြောသည်။

ထို့ကြောင့် သူသည် တခြားဘာမှ သိပ်မစဉ်းစားဘဲ စိတ်တွင် ပေါ်လာသည်ကို ပေါ်လာသည့် အချိန်လေးအတွင်း ရေးဆွဲလိုက်ပြီး တချို့အရာတွေက အမြဲတမ်း အဓိပ္ပာယ်ရှိနေစရာ မလိုဘူး ဟု ဆိုသည်။

ပြပွဲတွင် ပန်းချီကား ၃၁ ကား ပြသထားပြီး တကားမှာ သူ၏ ဇနီးဖြစ်သူ၏ ပန်းချီကား ဖြစ်သည်။

လာကြည့်သူတွေကိုလည်း ဆွဲခိုင်းတယ်/ချမ်းစွန်း / ဧရာဝတီ

ပြပွဲတွင် အခန်း ၃ ခန်းရှိပြီး ဟိုက်ဖိုင်၊ လိုးဖိုင်နှင့် နိုးဖိုင် (hi-fi, lo-fi and no-fi) ဟုခေါ်သည်။ ဟိုက်ဖိုင်အခန်းတွင် မြို့ပြရဲ့ မွန်းကျပ်မှုကို ခံစားရသည်။ လိုးဖိုင်အခန်းသည် လူ့ဖြစ်တည်မှုနှင့် ဆိုင်သော အကြောင်းအရာများကို ပြသထားပြီး နိုးဖိုင် အခန်းတွင်မူ အရောင်များကို ပေါင်းစပ်ထားပြီး စိတ်ကို ပြေလျှော့စေသည်။

“ကျားပေါက်က ဂီတကို ဖန်တီးနေတာ ဆယ်စုနှစ်များစွာ ကြာပြီ။ မည်သူမဆို သူရဲ့ သီချင်းတွေကို ဝယ်ပြီး အကြိမ်ကြိမ် နားထောင်နိုင်တယ်၊ ဒါပေမယ့် ပန်းချီမှာ အဲသလို မဟုတ်ဘူး။ သူရဲ့ ပန်းချီကားတွေ ထဲက တချပ်ကိုပဲ ဝယ်ယူမယ်ဆို အဲဒီတချပ်ပဲ၊ တခြားမူပွား မရှိဘူး။ သူလည်း တပုံစံထဲ ထပ်မဆွဲနိုင်ဘူး။ ဒီလို အနေအထားကြောင့် ဒီပန်းချီကားတွေဟာ အနုပညာ လက်ရာဆိုတာချင်း တူပေမယ့် ပိုပြီး သီးခြား သီးသန့် ဖြစ်တယ်” ဟု စန်းမွန်အောင်က ပြောသည်။

ပြပွဲလာကြည့်သူတဦး/ချမ်းစွန်း / ဧရာဝတီ

ပန်းချီကားများကို ဒေါ်လာ ရာဂဏန်း အနည်းငယ်ဈေးနှင့် ရောင်းချသည်။ Undead-1 ပန်းချီကားကို စောင့်ရှောက်ရေးဂေဟာတစ်ခုကို လှုဒါန်းရန်ရည်ရွယ်ပြီး အွန်လိုင်းပန်းချီလေလံပွဲအနေနဲ့ လေလံတင်ခဲ့ရာ ၃၁၀၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၂၃၀) ရရှိခဲ့သည်။

ဟန်ထူးလွင် ဟုလည်း ခေါ်ကြသော ကျားပေါက်သည် Big Bag အဖွဲ့နှင့် ၎င်း၏ အဖွဲ့ခွဲ Blood Sugar Politik ၏ ခေါင်းဆောင် အဆိုတော်နှင့် ဂစ်တာသမားလည်း ဖြစ်ပြီး ဂီတ ထုတ်ဝေသူလည်း ဖြစ်သည်။ Big Bag အဖွဲ့သည် တေးအယ်လ်ဘမ် ၉ ခုထွက်ခဲ့ပြီး နောက်ဆုံးအခွေ “Anger Management” ကို ၂၀၁၇ ခုနှစ် မေလက ထုတ်ဝေခဲ့သည်။

ကျားပေါက်သည် သီချင်းရေးဆရာ၊ စာရေးဆရာလည်း ဖြစ်သည်။ ။

Your Thoughts …
Tags: ပန်းချီဆွဲတဲ့ ရော့ခ်စတား ကျားပေါက်
လွင်မာထွန်း

လွင်မာထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဦးကိုနီအား လုပ်ကြံခဲ့သူမှာ အင်းစိန်အောင်စိုးဟု မှားယွင်းထွက်ဆိုမိတဲ့ လွှတ်တော်အမတ် ပြန်တောင်းပန် (ရုပ်/သံ)

ဦးကိုနီအား လုပ်ကြံခဲ့သူမှာ အင်းစိန်အောင်စိုးဟု မှားယွင်းထွက်ဆိုမိတဲ့ လွှတ်တော်အမတ် ပြန်တောင်းပန် (ရုပ်/သံ)

သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ကြံ့ခိုင်ရေးပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှသိန်း  / ထက်နိုင်ဇော် / ဧရာဝတီ

ဘာသာရေးကို ခုတုံးလုပ်သည့် နိုင်ငံရေးပါတီ မဟုတ်ကြောင်း ကြံ့ခိုင်ရေး ရှင်းလင်း

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.5k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate