Culture

တိုင်းရင်းသား ပုံပြင်တွေကပေးတဲ့ တိုင်းရင်းသားတွေကို ချစ်တဲ့စိတ်ကလေးတွေ

Want create site? Find Free WordPress Themes and plugins.

ကျမ မူလတန်းအရွယ် ကလေးဘဝတုန်းက ကျောင်းကပြန်လာတာနဲ့ လုပ်နေကျအလုပ်တခု ရှိပါတယ်။ ကျမ အဖိုးထားခဲ့တဲ့ စာအုပ်ဗီရိုကို ခိုးဖွင့်ပြီး အဲ့အထဲက ‘ဦးစောဦးသို့….. မောင်လှ’ ဆိုတဲ့ လက်မှတ်ကလေးတွေပါတဲ့ လူထုဦးလှရဲ့ ရောင်စုံမျက်နှာဖုံးတွေနဲ့ တိုင်းရင်းသား ပုံပြင်စာအုပ်လေးတွေကို မက်မက်မောမောယူဖတ်ဖို့ပါ။

အိမ်ကလူကြီးတွေက စာအုပ်တွေက ဟောင်းနေတော့ ပျက်စီးမှာဆိုးလို့ ဗီရိုထဲ ထည့်သိမ်းထားတာကို မရရအောင်ယူပြီး ဖတ်ရလောက်အောင် ကျမ ကိုဘာတွေက ဆွဲဆောင်ခဲ့ပါသလဲ။ ရောင်စုံရုပ်ပုံလေးတွေနဲ့ ပုံပြင်စာအုပ်လေးတွေရဲ့ မျက်နှာဖုံးလေးတွေကိုက သက်ဆိုင်ရာတိုင်းရင်းသားတွေရဲ့ ဓလေ့တွေ စရိုက်လေးတွေကို ချက်ချင်း သိသွားအောင် ရေးဆွဲထားတာချစ်စရာမို့ သိပ်ဖတ်ချင်တဲ့စိတ်ဖြစ်ခဲ့ရပါတယ်။

အဲဒီမှာ ကချင်, ကရင်၊ ချင်း၊ ရှမ်း၊ မွန်၊ ပလာင် ၊အင်းသားစတာတို့ရဲ့ ပုံပြင်တွေအပြင် အညာကျေးလက်ပုံပြင်တွေ ကျောင်းကန်အနီးမှ ပုံပြင်တွေဟာ သိပ်ဖတ်လို့ကောင်းအောင် အရေးအသားကအစ ကလေးအကြိုက် လွယ်ကူအောင် ရေးသားထားတာဖြစ်လို့ လက်ကမချနိုင်ဖြစ်ရတာပေါ့။

ကျမ ဒီပုံပြင်လေးတွေ စဖတ်ရတော့ စာကောင်းကောင်း ဖတ်နိင်နေပြီဖြစ်တဲ့ အသက်အရွယ် ၈ နှစ် လောက်ပဲ ဖြစ်ပါတယ်။ အသက်အရွယ်အရ တချို့သော တိုင်းရင်းသားပုံပြင်တွေရဲ့ အဓိပ္ပါယ်မသိပေမယ့် ဖတ်လို့ကောင်းကာင်းနဲ့ အကုန်မဖတ်ရက်ပဲ ချွေတာဖတ်ရတာမျိူးလေးတွေကိုလည်း သတိရရပါတယ်။ ဇာတ်လမ်းသိပ်ကောင်းနေတဲ့အခါမျိူးမှာ ဖတ်ရင်းကုန်သွားမှာစိုးလို့ နည်းနည်းချင်းစီ မျှင်းဖတ်ရတာမျိူးကို စာအုပ်ချစ်သူတွေ ခံစားသိကြမှာပါ။

တိုင်းရင်းသား ပုံပြင်စာအုပ်များ

အဲ့ကတည်းက တိုင်းရင်းသားတွေရဲ့ ချစ်စရာဓလေ့စရိုက်လေးတွေကို ပုံပြင်လေးတွေကနေတဆင့် ရင်းနှီးခဲ့ရတာပါ။ ဥပမာဆိုရင် ကချင်ပုံပြင်တွေမှာဆိုရင် ဒူဝါဆိုတာ သူတို့လူမျိူးရဲ့ အကြီးအကဲ၊ ချင်းပုံပြင်တွေမှာဆိုရင် တောင်ပေါ်ဒေသက နတ်ကိုးကွယ်မှုတွေ၊ ကရင်ပုံပြင်တွေမှာဆိုရင် ကရင်မလေးတွေဟာ သိပ်ချောပြီးတော့ မွန်ပုံပြင်တွေမှာဆိုရင်လည်း ချောမောလှပတဲ့ မွန်မလေးတွေနဲ့ ဒေသအစားအသောက်ကအစ၊ ယဉ်ကျေးမှု မြင့်မားတာတွေအကြောင်း၊ ရှမ်းပုံပြင်ထဲ မှာဆိုရင် ခွန်ဆန်လောနဲ့ နန်းဦးပြင်းဆိုတဲ့ ဆွတ်ပျံ့ ကြည်နူးဖွယ်ပုံပြင်လေးတွေကို ခုထက်ထိ သတိရနေစေ ပါတယ်။ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များနဲ့ အညာကျေးလက်ပုံပြင်များ ဆိုရင်လည်း မြန်မာလူမျိူးတွေရဲ့ ဟာသဉာဏ်ရွှင်ပုံနဲ့ ချစ်စရာ တောဓလေ့လေးတွေကို ဖတ်ရှုလို့ရနိုင်မှာပါ။

ပြောချင်တာက ကလေးမိဘတွေအနေနဲ့ ခုလိုကိုယ့်တိုင်းရင်းသားတွေရဲ့ ချစ်စရာဓလေ့လေးတွေကို မိမိတို့ သားသမီးလေး တွေကို ငယ်ငယ်ကတည်းကသိစေပြီးတော့ စာဖတ်ဝါသနာပါလာအောင် လုပ်ပေးနိုင်ရင် ခုတိုင်းပြည်က လိုနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာကိုလည်း တဘက်တလမ်းက ကူညီထောက်ပံ့ပေးနိုင်မှာပါ။

တိုင်းရင်းသားလူမျိူးစုတွေများလှတဲ့ ကျမတို့နိုင်ငံမှာ စည်းလုံးညီညွှတ်မှုရဖို့ဆိုတာ ကလေးတွေကို ငယ်စဉ်ကတည်းက ဒီအတွေးလေးတွေ ဝင်အောင် မိဘတွေက လုပ်ဆောင်ပေးထားဖို့လိုမယ်ထင်ပါတယ်။

ကျမတို့ တိုင်းရင်းသားတွေရဲ့ ချစ်စရာဓလေ့လေးတွေ၊ အယူအဆကလေးတွေ၊ အတွေးအခေါ်လေးတွေကို ဒီလိုပုံပြင်လေး တွေကနေ တဖြေးဖြေးလေ့လာသွားနိုင်ရင် နောင်မှာ ဒီစာအုပ်လေးတွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေကြားမှာ ခွဲခြား မှုတွေ၊ မတူညီတဲ့ အတွေးအခေါ်တွေကြောင့် ပဋိပက္ခတွေ ဖြစ်လာဖို့ နည်းများသွား လေမလားလို့တောင် စဉ်းစားမိ ပါ တယ်။

ကျမတို့ရဲ့ နောင်လာမယ့် မျိူးဆက်တွေအတွက် ဒီလို တိုင်းရင်းသားအချင်းချင်း ချစ်ကြည်မှုရနိုင်စေမယ့် စာအုပ်လေး တွေကို ကလေးစာပေထဲမှာလည်း များများပေါ်ထွက်လာဖို့လိုမယ်လို့ တွေးမိပါတယ်။ ကြိုလည်းကြိုဆိုချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading