Culture

အဝတ်မပါဘဲ ကြည့်ရှုခံစားရမယ့် ပါရီက အနုပညာ ပြတိုက်

Want create site? Find Free WordPress Themes and plugins.

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Palais de Tokyo လို့ အမည်ပေးထားတဲ့ Contemporary Art အနုပညာပြတိုက်ကို အဝတ်မပါ ကိုယ်ဗလာနဲ့ သဘာ၀ အတိုင်း ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ပထမဆုံး ပြတိုက် အဖြစ် သတ်မှတ်လိုက်ပါပြီ။

ပြီးခဲ့တဲ့ မေ ၅ ရက် စနေနေ့က ဝိရောဓိ၊ ည၏ သမီးပျို (Discord, Daughter of the Night) လို့ အမည်ပေးထားတဲ့ အနုပညာ ပြပွဲအတွင်း Naturist (သဘာဝသမား) လူပေါင်း ၁၆၀ ဝန်းကျင် ခန့်ကို ဝတ်လစ်စလစ်ဖြင့် ဝင်ရောက် လှည့်လည် ကြည့်ရှု ခံစားခွင့် ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီ ပြပွဲရက် မတိုင်မီ ၂ ရက်အလိုလောက်က အဆိုပါ ဝတ်လစ်စလစ်နဲ့ ပြခန်းအတွင်း လှည့်လည် ကြည့်ရှုမယ့် အစီအစဉ် လက်မှတ်များ ရောင်းချခဲ့တာ ဖြစ်ပြီး သဘာဝသမားများရဲ့ တက်ကြွလှုပ်ရှားမှုကို အားပေးရာ ခြေလှမ်းတရပ် ဖြစ်တယ်၊ ယမန်နှစ်က တည်ထောင်ခဲ့တဲ့ Bois de Vincennes park ဖွင့်လှစ်နိုင်ဖို့ လှုပ်ရှားသည့် ခြေလှမ်းမျိုးပင် ဖြစ်တယ် လို့ ပြောဆိုကြပါတယ်။

ပါရီ သဘာဝသမားများ အစည်းအရုံး (Paris Naturists Association) ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ ဂျူလီယန်ကလော့ဒ် ပင်နီဂရီ (Julien Claude-Penegry) က “သဘာဝသမားတွေရဲ့ အနေအထားက ဝတ်လစ်စလစ်ပါ။ နေ့စဉ်လူမှု ဘဝတွေရဲ့ အစိတ်အပိုင်း တရပ်လည်း ဖြစ်ပါတယ်။ ပြီးတော့ အခုရတဲ့ အခွင့်အလမ်းက တကယ့်ကို ထူးခြားပါတယ်” လို့ ပြောပါတယ်။

“ယနေ့ခေတ်မှာတော့ စိတ်ပိုင်းဆိုင်ရာ အနေအထားတွေက ပြောင်းလဲ လာနေပါပြီ၊ သဘာဝသမားတွေက လူမှု အတားအဆီးတွေ၊ ဘာသာရေး တားမြစ်ချက်တွေ၊ တနည်းအားဖြင့် လူသားရဲ့ စိတ်ပိုင်းဆိုင်ရာကို နှောင်ငင် ပိတ်ဆို့ ထားတွေကို ဖယ်ရှားချီတက်နေပါတယ်” လို့လည်း သူက ဆိုပါတယ်။

ပြင်သစ်တနိုင်ငံလုံးမှာ သဘာဝသမား ၂ ဒသမ ၆ သန်းကျော် ရှိပြီး ပါရီသဘာဝသမားများ အစည်းအရုံးဝင်က ၈ သောင်း ၈ ထောင် ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း ဗီယင်နာမှာ ရှိတဲ့ ပြခန်းတခုရဲ့ အမျိုးသားNude ပန်းချီကား ပြပွဲမှာ လာရောက်ကြည့်ရှုသူတွေကို အဝတ်အစားမဲ့ ဝင်ရောက်ကြည့်ရှုစေခဲ့သလို သြစတြေးလျက ပြတိုက်တခုကလည်း လာရောက်ကြည့်ရှုသူတွေကို အဝတ်အစား ချွတ်ကာ ကြည့်ရှုခွင့် ပြုခဲ့တယ် လို့ ဆိုပါတယ်။

Ref: www.dailymail.co.uk

Did you find apk for android? You can find new Free Android Games and apps.
Loading