Culture

ထိုင်းနိုင်ငံရဲ့ အသုဘပို့ခြင်း ထုံးတမ်းဓလေ့

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက် အသုဘချတာဟာလည်း ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာ လွှမ်းမိုးပါတယ်။ ဒီတခါမှာတော့ ထိုင်းနိုင်ငံရဲ့ အသုဘပို့တဲ့ ထုံးတမ်းအစဉ်အလာတွေကို ဖော်ပြပေး ချင်ပါတယ်။

ရေချိုးပေးခြင်း

ရေချိုးပေးခြင်းအခမ်းအနားဟာ လူတယောက်သေဆုံးတာနဲ့ ပထမဆုံးလုပ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ရေချိုးပေးတာဟာ သေဆုံးသူအပေါ်လေးစားမှုကို ပြသတာဖြစ်ပါတယ်။ ဒီအခမ်းအနားကိုတော့ သေဆုံးသူရဲ့ အမျိုးတွေနဲ့ ရင်နှီးတဲ့ မိတ်ဆွေတွေသာ တက်ရောက်ကြရတာဖြစ်ပါတယ်။

ဒီပွဲမှာ သေသူကို ပရိတ်ရေနဲ့ လက်ကို လောင်းပေးရပြီး နှုတ်ဆက်ကြပါတယ်။ လာရောက်နှုတ်ဆက်သူတွေဟာ အိမ်ရှင်တွေကို နှုတ်ဆက်ပြီးနောက် အသုဘကို သွားရောက်နှုတ်ဆက်ဖို့ အချိန်မတန်ခင် အထိ သတ်မှတ်နေရာမှာ စောင့်နေတာ ဖြစ်ပါတယ်။

အသုဘ ဆုတောင်း

ရေချိုးပေးတဲ့ အခမ်းအနားပြီးတာနဲ့ အသုဘကို အခေါင်းထဲထည့်ပြီးနောက် အခေါင်းကိုပန်းတွေနဲ့ အလှဆင်ကြပြီး သေဆုံးသူရဲ့ ဓာတ်ပုံကို ချိတ်ဆွဲထားရပါတယ်။ ဒါတွေပြီးတဲ့အချိန်မှာတော့ ရဟန်းတွေကို ပင့်ဖိတ်ပြီး ဆုတောင်းပွဲ တွေပြုလုပ်ကြပါတယ်။ဒီဆုတောင်းပွဲတွေကို အနည်းဆုံး ၇ ညကြာ ပြုလုပ်ကြပါတယ်။

 

 

ဒီဆုတောင်းပွဲကို တက်ရောက်သူတွေဟာ ဝမ်းနည်းကြောင်းကို ဖော်ပြဖို့ လွှမ်းသူ့ပန်းခွေတွေ ယူဆောင်လာကြ ပါတယ်။ လွမ်းသူ့ပန်းခွေကို ကိုယ်တိုင်ယူဆောင်ပြီး သေဆုံးသူရဲ့ အမျိုးတွေကို တိုက်ရိုက်ပေးကြတာလည်းရှိသလို ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိတဲ့ သူတွေကတော့ လွမ်းသူပန်းခွေတွေကို ပို့ပေးကြတယ်လို့လည်း သိရပါတယ်။

ဒီဆုတောင်းအခမ်းအနားကို တက်ရောက်သူတွေဟာ သေဆုံးသူကို မတွေ့ခင် ဘုရားဆင်းတုကို ကန်တော့ရပါတယ်။ တညတာ ဆုတောင်းပွဲတွေပြီးသွားတိုင်း သေဆုံးသူရဲ့ အမျိုးတွေနဲ့ အခမ်းအနားကို တက်ရောက်သူတွေဟာ ရဟန်းများကို ဘောဇဉ် ခဲဖွယ်တွေ ဆက်ကပ်လှူဒါန်းကြပါတယ်။

မီးသဂြိုလ်ခြင်း

မီးသဂြိုလ်ခြင်းကတော့ သေဆုံးသူကို နောက်ဆုံး နှုတ်ဆက်ရတဲ့ အခမ်းအနားပဲဖြစ်ပါတယ်။ မနက်ခင်းမှာ သေဆုံးသူ တွေရဲ့ မိသားစုဝင်တွေဟာ မီးသဂြိုလ်မှု မပြုလုပ်မီ အခေါင်းကို သုံးကြိမ် မ လေ့ရှိပါတယ်။

 

 

မီးသဂြိုလ်ပွဲ မစခင်မှာ သေသူကို ချီးမွမ်းထောပနာပြုခြင်းကို ပြုလုပ်လေ့ရှိပြီး မီးသဂြိုလ်ခြင်းအခမ်းအနားကို တက်ရောက်သူတွေဟာ ဖယောင်းတိုင်ထွန်းခြင်း၊အမွှေးနံ့သာပက်ဖြန်းခြင်းနဲ့ အခေါင်းရှေ့မှာ ပန်းစည်းများချခြင်းတို့ကို ပြုလုပ်ပြီး နောက်ဆုံးနှုတ်ဆက်လေ့ရှိပါတယ်။

Ref; .bangkokexpatlife.com

Did you find apk for android? You can find new Free Android Games and apps.
Loading