တကယ်လို့ သင်ဟာ အိန္ဒိယကို သွားလည်မယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို လိုက်နာရမယ့် စည်ကမ်းတွေ ရှိပါတယ်။ လူဦးရေ အရမ်းများတဲ့ အိန္ဒိယနိုင်ငံမှာ လူမျိုးတွေ အများကြီး ရှိတာကြောင့် အိန္ဒိယကို သွားလည်မယ်ဆိုရင် ရှောင်ကြဉ်ရမယ့် အချက်တွေ ဖော်ပြပေးချင်ပါတယ်။
(၁) သူစိမ်းတွေကို မယုံပါနဲ့
အိန္ဒိယဟာ လူဦးရေ အရမ်းထူထပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယကို သွားရောက် လည်ပတ်မယ်ဆိုရင် သူစိမ်းတရံတွေဆီက ပစ္စည်းတွေကို ဈေးကြီးပေးပြီး မဝယ်ပါနဲ့။ တကယ်လို့ တယောက်ယောက်က သင့်ကို လည်ပတ်စရာ နေရာကောင်းကောင်းတွေ သိတယ်လို့ ပြောလာခဲ့ရင် လိုက်မသွားပါနဲ့။ ကိုယ့်လမ်းကိုယ်ပဲ ဆက်လျှောက်ပါ။
(၂) သင့်ပိုက်ဆံတွေကို မျက်ချေ မပြတ်ပါစေနဲ့
ဒီတချက်ကလည်း အရေးကြီးပါတယ်။ လူများပြီး လူထူထပ်တဲ့ နေရာတွေကို သွားလည်တဲ့အခါ သင့်ရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို ဂရုစိုက်ပါ။ ခါးပိုက်နှိုက် အရမ်းပေါတာကြောင့် သင့်ပိုက်ဆံအိတ်ကို သင့်မျက်စိအောက်က မပျောက်ပါစေနဲ့။
(၃) အသားတွေကို ကြိုက်တဲ့အကြောင်း အရမ်း မပြောပါနဲ့
အိန္ဒိယဟာ သတ်သတ်လွတ် စားသုံးသူ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် နွားကို အိန္ဒိယ နိုင်ငံသားတွေက အလေးအမြတ် ထားကြတဲ့အတွက် ဂရုစိုက်ဖို့ လိုပါတယ်။ သင်အသားတွေကို အရမ်းကြိုက်နှစ်သက်တဲ့ အကြောင်းကို သူတို့ ရှေ့မှာ မပြောမိဖို့ ဂရုစိုက်ပါ။
(၄) မလုံမခြုံ မဝတ်ပါနဲ့
အိန္ဒိယနိုင်ငံသားတွေဟာ ရှေးရိုးစွဲတွေ များပါတယ်။ ဒါကြောင့် သင်ဟာ အိန္ဒိယကို သွားလည်မယ် ဆိုရင်တော့ အဝတ်အစားကို လုံလုံခြုံခြုံဝတ်ဖို့ လိုအပ်ပါတယ်။ ခေါင်းအစ ခြေအဆုံး ဖုံးပြီးသွားဖို့ မလိုအပ်ပေမမယ့် မပေါ်သင့်တဲ့ နေရာ မပေါ်အောင် ဂရုစိုက်ဖို့ အကြံပေးချင်ပါတယ်။
(၅) ဘယ်လက်နဲ့ မကိုင်ပါနဲ့
အိန္ဒိယနိုင်ငံမှာ ဘယ်လက်ကို ညစ်ပတ်တဲ့ အရာတွေကိုင်တဲ့ လက်လို့ သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် လူတယောက်ကို ဘယ်လက်နဲ့ ကိုင်တာ၊ တယောက်ယောက်ကို ပစ္စည်းတွေ ပေးရင် ဘယ်လက်နဲ့ ပေးတာတွေကို ရိုင်းတဲ့ အမူအရာလို့ သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် အိန္ဒိယကို ရောက်ခဲ့ရင် ဘယ်လက်ကို မသုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
(၆) ဆင်းရဲသားတွေကို ပိုက်ဆံ မပေးပါနဲ့
အိန္ဒိယနိုင်ငံမှာလည်း ပိုက်ဆံတောင်းတဲ့သူတွေ အများကြီး ရှိပါတယ်။ တကယ်လို့ သင့်ကို တယောက်ယောက်က ပိုက်ဆံလာတောင်းခဲ့သည် ရှိသော် မပေးပါနဲ့။ သင် အရမ်း စေတနာ ရှိတယ်ဆိုရင် စားစရာ၊ သောက်စရာတွေ ဝယ်ပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်။
(၇) လမ်းဘေးစာတွေ မစားပါနဲ့
တော်တော်များများက အိန္ဒိယကို လာရောက်လည်ပတ်ကြတယ်ဆိုတာ အစားအသောက် ကောင်းလို့ပါ။ ဒါပေမယ့် လမ်းဘေးစာတွေတော့ မပါပါဘူး။ အိန္ဒိယနိုင်ငံက လမ်းဘေးစာတွေဟာ အရမ်း ညစ်ပတ်တဲ့အပြင် သူတို့နိုင်ငံသားတွေပါ မကြာခဏ အစာအဆိပ်သင့်တတ်လို့ ရှောင်ကြဉ်တာ ကောင်းပါလိမ့်မယ်။
Ref;destinationtips.com