Figure လို့ အမည်ပေးထားတဲ့ ကာတွန်းဟန်လေးနဲ့ ဓာတ်ပုံ စိုင်းကျော်ခိုင်တို့ရဲ့ပန်းချီနဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ကျောက် တံတားမြို့နယ် ၃၅လမ်း အမှတ် ၁၅၀ ရှိ Moon အနုပညာ ပြခန်းမှာ အောက်တိုဘာလ ၁၉ ရက်နေ့က ပြသခဲ့ပါတယ်။
အာဏာရှင်စနစ်ကို ကာတွန်းပေါင်းများစွာနဲ့ သရော်ခဲ့တဲ့ ကာတွန်းဆရာ ဟန်လေးရဲ့ ပန်းချီပြပွဲဆို တော့ ဘယ်လို ပန်းချီ လက်ရာတွေ ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။
သူ့ရဲ့ ပန်းချီတွေဟာ ဒီတခါမှာတော့ နိုင်ငံရေး အငွေ့အသက် ကင်းပေမယ့် မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် လက်မခံနိုင် သေးတဲ့ Nude ပန်းချီကားတွေပဲ ဖြစ်ပါတယ်။
အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ၊ ကာတွန်းပေါင်းများစွာနဲ့ သရော်ခဲ့တဲ့ ကာတွန်းဟန်လေးရဲ့ ဒီတခါ ပန်းချီလက်ရာတွေကတော့ နိုင်ငံရေးအငွေ့အသက်တွေကင်းနေပေမယ့် မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် လက်မခံနိုင် သေးတဲ့ Nude ပန်းချီကားတွေပဲဖြစ်ပါတယ်။
ဒီအပေါ်မှာတော့ “ကျွန်တော်တို့က အနုပညာသက်သက်ပြတာပါ။ Sex ကိစ္စနဲ့မဆိုင်ပါဘူး။ ဝက်ကို မြင်တိုင်း ဝက်သားစား ချင် တတ်တာမျိုး မဟုတ်ပါဘူး။ ခန္ဓာဗေဒကို ဖော်ကျူးထားခြင်းသာဖြစ်ပါတယ်”လို့ ၁၉၈၅ ခုနှစ်၊ ရန်ကုန်ပန်းချီပန်းပုကျောင်းဆင်းတစ်ဦးလည်းဖြစ်တဲ့ ကာတွန်းဟန်လေးက ဆိုပါတယ်။
Nude ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကာတွန်းဟန်လေးနဲ့ အတူ ဓာတ်ပုံတွေကို ပြသသူကတော့ ဓာတ်ပုံပညာရှင် စိုင်း ကျော်ခိုင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပုံတွေကလည်း အမျိုးသမီးတွေရဲ့ အလှကို ဖော်ကျူးထားတဲ့ Nude ပုံတွေပဲ ဖြစ်ပါတယ်။
“ကျနော်က ဒီ nude ကို အနုပညာအနေနဲ့ ချပြတာပါ။ အဓိကက အလင်းအမှောင်နဲ့ ထုထည်တွေကို ကျနော်ကြိုက်တဲ့ အဖြူ၊ အမည်းအရောင်တွေနဲ့ ပေါင်းစပ်ဖန်တီးဖြစ်ပါတယ်”လို့ ဓာတ်ပုံ စိုင်းကျော်ခိုင်က ပြောပါတယ်။
အနုပညာကိုရူးသွပ်တဲ့ ဒီရှမ်းတိုင်းရင်းသား နှစ်ယောက်ရဲ့အနုပညာလက်ရာတွေက ပရိသတ်တွေကို မှင်သက်စေခဲ့ပါ တယ်။ ကာတွန်းဟန်လေးက သူ့ရဲ့ Nude ပန်းချီကားတွေကို ကွန်ပိုဇေးရှင်းအမျိုးမျိုးနဲ့ရေးဆွဲထားသလို တချို့ကို ရီရယ် လစ်ဇင်၊ တချို့ကိုတော့ မော်ဒန်ဟန်နဲ့ တင်ပြထားပါတယ်။
Knifeနဲ့ ဆေးသား ထူထူတင်ထားတဲ့ ပန်းချီကားကိုပြရင်း သူက ရုပ်ရှင်ပိုစတာလည်းဆွဲခဲ့၊ ပန်းပုလည်းထုတော့ ဒီလိုဆွဲရ တာ အားရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ စိုင်းကျော်ခိုင်ရဲ့ ဝတ်လစ်စလစ် မိန်းမပျိုလေးရဲ့ ပျော့ပြောင်းတဲ့ကောက်ကြောင်းအလှ၊ အသားဆိုင်တွေရဲ့ တက်ချာအလှဟာလည်း ငြိမ်သက်တဲ့ အလင်းအမှောင်၊အရိပ်တွေကြားမှာ ပေါ်လွင်လို့နေပါတယ်။
ဒီပြပွဲမှာ ဓာတ်ပုံနဲ့ပန်းချီကား ၂၀ ကျော်ပြသထားပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၂၀၀ ကနေ ၅၀၀ အထိသတ်မှတ် ထားပါတယ်။ ပြပွဲကိုတော့ အောက်တိုဘာ ၂၃ ရက်နေ့အထိပြသသွားမှာပါ။
ကာတွန်းဟန်လေးဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အချိန်ကာလ အတန်ကြာနေထိုင်းရင်း ဧရာဝတီသတင်းဌာနရဲ့ ပင်တိုင် ကာတွန်းရေးဆွဲသူတဦးဖြစ်ပါတယ်၊ သူ့ရဲ့ စာမဲ့ကာတွန်းတွေဟာ စာဖတ်သူတွေရဲ့ အတွေးထဲကို ဒက်ခနဲ ရောက်ရှိစေ တာကြောင့် အောင်မြင်ကျော်ကြားသူတဦးလို့ ဆိုရမှာပါ။ သူဟာ ထိုင်းနိုင်ငံမှာလည်း ပန်းချီပြပွဲတွေ လုပ်ခဲ့ဘူးပါတယ်
ဓာတ်ပုံ စိုင်းကျော်ခိုင်ကလည်း သြစတြေးလျကနေ ဓာတ်ပုံပညာကိုသင်ကြားခဲ့ပြီး အောင်မြင်တဲ့အနုပညာရှင် တဦးဖြစ်ပါ တယ်။
ဒီအနုပညာပြပွဲကို လာရောက်ကြည့်ရှု့တဲ့ သရုပ်ဖော်ပန်းချီဆရာ မျိုးမြင့်က “ကျနော်တချိန်က အမှောင်ခေတ်မှာ အနုပညာ တွေ လွတ်လပ်မှု မရှိတာတွေ ကြုံခဲ့ရပါတယ်။ ဒီ nude ကို ပြပွဲအနေနဲ့ သီးသီးသန့်သန့် ပြနိုင်တာ ကျနော် အများကြီး ဝမ်း သာပါတယ်။ ဒါက အနုပညာဖန်တီးမှုတွေ ရာဂစိတ်တွေကို နှိုးဆွတာတွေမဟုတ်ဘူး။ `လို့ ဆိုပါတယ်။