ငြိမ်းချမ်းမှုတခုတည်းနဲ့ နေထိုင်နိုင်ပြီး နိုင်ငံရေး၊ ဘာသာတရားနဲ့ ပိုက်ဆံတွေ မလိုအပ်တဲ့ နေရာတခုကို တွေးတော စဉ်းစားကြည့်ဖူးပါသလား။ အဲဒီလိုနေရာမျိုးဟာ ကမ္ဘာပေါ်မှာ အမှန်တကယ် တည်ရှိနေပြီး အဲဒီနေရာကို Auroville လို့ ခေါ်ပါတယ်။
၁၉၆၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ နိုင်ငံတွေနဲ့ တန်းတူဖြစ်တယ်လို့ UNESCO က ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၅၀က နိုင်ငံသားတွေဟာ Auroville ကို များစွာသော ယဉ်ကျေးမှုတွေနဲ့ လာရောက်နေထိုင်ခဲ့ကြ၊ လာရောက် နေထိုင်နေကြဆဲ ဖြစ်ပါတယ်။ ဘယ်လို ပြဿနာမျိုးမှ မရှိဘဲ နေထိုင်နိုင်တဲ့ Auroville ရဲ့ နိုင်ငံရေးကတော့ ကိုးကွယ်တဲ့ ဘာသာတရားဆိုတာတွေ မရှိတဲ့အပြင် ပိုက်ဆံတွေကိုလည်း အသုံးမပြုကြပါဘူး။
ကုန်စည်လှဲလယ်ခြင်း တမျိုးတည်းကိုသာ ဘဝရပ်တည်ရေးအတွက် အသုံးပြုကြလို့ပဲဖြစ်ပါတယ်။ Auroville မြို့လေးမှာ အဆောက်အဦတွေဟာ ထူးခြားဆန်းပြားတဲ့ပုံစံတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အဲဒီ အဆောက်အဦတွေဟာလည်း အခါအခွင့်သင့်တိုင်း ပုံသဏ္ဍာန်ပြောင်းလဲနေတတ်တာဖြစ်ပါတယ်။
ဘာလို့လဲဆိုရင်တော့ အဆောက်အဦးတွေမှာ အသုံးပြုထားတဲ့ ပစ္စည်းတွေဟာ ပြန်လည်ဆန်းသစ်နိုင်စွမ်းတွေရှိနေပြီး မြို့ရဲ့ အဓိက နေထိုင်မှုပုံစံက Recycle စနစ်နဲ့ အခြေချထားလို့လည်းဖြစ်ပါတယ်။
မြို့ကို စတင် စီမံဒီဇိုင်းဆွဲခဲ့တဲ့ တဦးတည်းသော ပုဂ္ဂိုလ်တဦးကတော့ Mirra Alfassa ဖြစ်ပြီး သူ့ကို Mother လို့ မြို့ခံတွေက ခေတ်အဆက်ဆက်သိရှိထားကြပါတယ်။ မြို့ကို နေရာချထားပုံက လူတွေကို အကျိုးပြုတဲ့ စီးပွားရေး မြို့တော်ကြီးတွေလိုပဲဖြစ်ပြီး သီးပင်စားပင်တွေဖြစ်တဲ့ ပြောင်းခင်းနဲ့ အသီးအနှံစိုက်ခင်းစုစုပေါင်း ၁၅ခုလောက်ကို စိုက်ပျိုးလုပ်ကိုင်ကြပြီး အဲဒီစိုက်ခင်းတွေဟာ ၁၆၀ hectares လောက်အထိ ကျယ်ပြန့်ပါတယ်။
အခုလိုစိုက်ပျိုးရေးနည်းနဲ့ပဲ မြို့နေလူဦးရေအတွက် အစားအစာကို ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ စိုက်ပျိုးသူ ၅၀ နဲ့ စောင့်ရှောက်သူ ၃၀၀ တို့ဟာ စပါး ၂ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းသော အသီးအနှံတွေကို ထုတ်လုပ်ပေးနိုင်တာလည်းဖြစ်ပါတယ်။
Auroville မြို့လေးဟာ လူတွေရဲ့ စိတ်ကျန်းမာရော ကိုယ်ကျန်းမာရေးအတွက်ပါ ဥပမာကောင်းတခုဖြစ်ပြီး မြို့လေးရဲ့ လည်ပတ်နေတဲ့စနစ်အတွက်တော့ နောင်လာမယ့် အနာဂတ်ကာလအတွက် အတုယူ အားကျဖွယ်ပဲ ဖြစ်ပါတယ်။
Ref: truththeory.com