ကမ္ဘာတဝှမ်းက နိုင်ငံအများစုမှာ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်စီရှိကြပြီး ပွဲတော်နဲ့ အစဉ်အလာတွေကို လအလိုက် ဆိုသလို ကျင်းပလေ့ ရှိကြပါတယ်။ အမေရိကန် နိုင်ငံသား အများဆုံး ပြုလုပ်လေ့ရှိကြတဲ့ တချို့သော အစဉ်အလာတွေကတော့ ကိုယ်ပိုင်ယဉ်ကျေးမှု မဟုတ်ဘဲ အများစုကတော့ အမေရိကန်လူမျိုးတွေက အစပြုတယ်လို့ ထင်မှတ်မှားနေကြတာကြောင့် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။
(၁) မိသားစု အပေါင်းအသင်းတွေနဲ့ ပျော်ပွဲစားထွက်တဲ့ အစဉ်အလာဟာ ပြင်သစ်စကားလုံး pique-nique ကနေ ဆင်းသက်လာတာဖြစ်ပြီး ၁၆၀၀ ခုနှစ်နောက်ပိုင်းတည်းက ပြင်သစ်လူမျိုးတွေကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အစားအစာနဲ့ ဝိုင်တွေကို သာယာကျယ်ဝန်းတဲ့ နေရာမှာ စားသောက်ပျော်ပါးကြပြီး တခြားသော အထိမ်းအမှတ်ပွဲတွေကိုလည်း အလားတူ ပြုလုပ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။
(၂) ဇူလိုင်လ ၄ ရက်နေ့တိုင်းမှာအမေရိကန် နိုင်ငံသားတွေဟာ မီးပန်းဖောက်ပွဲ ပြုလုပ်လေ့ရှိကြပြီး ဒီအလေ့အထဟာဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်တည်းက တရုတ်လူမျိုးတွေကနေ စတင်ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ မီးပန်းတွေကို တရုတ်လူမျိုး စားဖိုမှူးတယောက်က စတင်ဖန်တီးပြုလုပ်ခဲ့တာဖြစ်ပြီး တရုတ်လူမျိုးတွေကတော့ မီးပန်းဖောက်ခြင်းကို ဈာပနအခမ်းအနား၊ မွေးနေ့ပွဲနဲ့ တရုတ်နစ်သစ်ကူးပွဲတော်တွေမှာ ပြုလုပ်လေ့ရှိကြတာပဲဖြစ်ပါတယ်။
(၃) မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အားလပ်ရက်တွေမှာ အသားကင်(BBQ) ပြုလုပ်စားသောက်ခြင်း ဓလေ့ဟာဆိုရင်လည်း အမေရိကန်လူမျိုးတွေကနေ စတင်ခဲ့တာ မဟုတ်ဘဲ စပိန်လူမျိုးတွေက စတင်ခဲ့တာ ဖြစ်ပါတယ်။ Barbacoa ဆိုတဲ့ စပိန်စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီး အသားကို မီးအေးအေးနဲ့ မကျက်တကျက် ကင်ကာ စားသောက်ကြတဲ့ အစဉ်အလာတခုပဲ ဖြစ်ပါတယ်။
(၄) ဇူလိုင်လ ၄ ရက်နေ့ရောက်တိုင်း အမေရိကန်နိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ စစ်ရေးပြပွဲဟာဆိုရင်လည်း ပြင်သစ်စကားလုံး parade ကနေဆင်းသက်လာတာဖြစ်ပြီး ၁၇ ရာစုတည်းက ပြင်သစ်လူမျိုးတွေကနေ စတင်ပြုလုပ်ကျင်းပခဲ့တဲ့ အစဉ်အလာတခုပဲ ဖြစ်ပါတယ်။
(၅) အမေရိကန်နိုင်ငံမှာရော တကမ္ဘာလုံ းအတိုင်းအတာနဲ့ပါ အခမ်းအနားတွေမှာ သုံးစွဲကျင်းပလေ့ရှိတဲ့ အလံငယ်အသေးစားလေးတွေရဲ့ အစကတော့ အင်္ဂလန်စစ်သူရဲကောင်းတွေကနေ စတင်ခဲ့တာဖြစ်ပြီး ချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ထားတဲ့အချိန်မှာ သူတို့ရဲ့ ကိုယ်ပိုင်သင်္ကေတကို ပြသလိုခြင်းလည်းဖြစ်ပါတယ်။
Ref: listaka.com