ကမ္ဘာပေါ်က လူမျိုးအသီးသီးမှာ ကွဲပြားခြားနားတဲ့ ရိုးရာဓလေ့ကိုယ်စီရှိကြပြီး အခုဖော်ပြပေးမှာကတော့ ကမ္ဘာတလွှားက ထူးထူးခြားခြား နဲ့ အဆန်းတကြယ်ဖြစ်လှတဲ့ ရိုးရာဓလေ့တွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော်
La Tomatina လို့ခေါ်တဲ့ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်တဲ့ ဒီပွဲတော်ကိုတော့ စပိန်နိုင်ငံ bunol မြို့မှာ ကျင်းပလေ့ရှိတာပဲ ဖြစ်ပြီး ဖျော်ဖြေရေးနဲ့ ပျော်ရွှင်စရာကစားနည်းအဖြစ် ပြုလုပ်ကျင်းပကြတာပဲ ဖြစ်ပါတယ်။ နှစ်စဉ် သြဂုတ်လရောက်တိုင်း မြို့ပေါ်က လူအချင်းချင်းဟာ တယောက်နဲ့တယောက် ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ကာ ဆော့ကစားလေ့ ရှိကြပါတယ်။
(၂) အရိုးပြာစားသောက်ခြင်းပွဲတော်
အမေဇုန်မိုးသစ်တောတွေထဲမှာ နေထိုင်ကြတဲ့ yanomami လူမျိုးစုတွေဟာ မိသားစုဝင်တွေထဲက တဦးဦးသေဆုံးသွားတဲ့ အခါ သေဆုံးသူရဲ့ အရိုးပြာကို ကျန်ရစ်သူမိသားစုက စားသောက်ရတဲ့ ဓလေ့ထုံးစံပဲ ဖြစ်ပါတယ်။ သေသူရဲ့အရိုးပြာကို စွပ်ပြုတ်ထဲထည့်ကာ စားသုံးရတဲ့ အခမ်းအနားပဲဖြစ်ပြီး ရက်ပေါင်း ၃၀ ကနေ ၄၅ ရက်အထိ ကျင်းပပြုလုပ်လေ့ရှိကြပါ တယ်။
(၃) တံတွေးထွေးပြီး ဂုဏ်ပြုတဲ့ပွဲတော်
ဒီထူးထူးဆန်းဆန်း ရိုးရာဓလေ့ကြီးဟာဆိုရင်တော့ အာဖရိကက massai လူမျိုးစုတွေ ကျင်းပပြုလုပ်လေ့ရှိကြတဲ့ ပွဲတော်ပဲဖြစ်ပြီး သူတို့ရဲ့ယုံကြည်မှုအရ မွေးကင်းစကလေးငယ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဝိုင်းဝန်းတံတွေးနဲ့ ထွေးခြင်းဟာ ကျန်းမာရေးပိုမိုကောင်းမွန်စေပြီး တဦးနဲ့တဦး လေးစားသမှုကို ပြသရာရောက်တယ်လို့ ယုံကြည်ကြပါတယ်။
(၄) ကလေးငယ်ကို လေထဲပစ်မြှောက်ခြင်း ဓလေ့
ဒီရိုးရာဓလေ့ဟာဆိုရင်တော့ အိန္ဒိယနိုင်ငံမှာ ပြုလုပ်ကြတာပဲဖြစ်ပြီး အသက် ၂ နှစ်အောက် ကလေးငယ်တွေကို အမြင့်ပေ ၃၀ နဲ့အထက်ကို ပစ်မြှောက်ကြတာပဲဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ကလေးငယ်အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်မြက်လာနိုင်တယ်လို့ ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။
(၅) သေသူနဲ့ ကခုန်ခြင်းပွဲတော်
ဒီပွဲတော်ဟာဆိုရင်တော့ Madagascar နိုင်ငံရဲ့ Malagasy လူမျိုးတွေ ကျင်းပပြုလုပ်ကြတဲ့ ရှေးရိုးရာဓလေ့တခုဖြစ်ပြီး သေဆုံးသူ မြှပ်နှံထားတဲ့ သင်္ချိုင်းဂူနားမှာ ကျန်ရစ်သူဆွေမျိုးတွေက ၇ နှစ်တကြိမ် ဝိညာဉ်ခေါ်ကာ ကခုန်ကြတဲ့ ပွဲတော်ပဲဖြစ်ပါတယ်။
Ref. listaka.com