ပထမကမ္ဘာစစ်အတွင်းတုန်းက Battle of Verdun စစ်ပွဲမှာ ပြင်သစ်နဲ့ ဂျာမန် စစ်သားတွကြောင့် ကျေးရွာပေါင်း ၉ ရွာလောက် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီစစ်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာကတော့ ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းက Fleury – devant – Douaumont လို့ ခေါ်တဲ့နေရာပါ။
ဒီစစ်ပွဲတွေဟာ ပထမကမ္ဘာစစ်ရဲ့ အပြင်းထန်ဆုံးတိုက်ပွဲတွေထဲက တိုက်ပွဲတပွဲပါ။ ၁၉၁၆ ခုနှစ်လောက်က ရက်ပေါင်း ၃၀၀ ကျော် ကြာအောင် ဖြစ်ပွားခဲ့ကြပြီး လက်နက်ကြီးမြောက်မြားစွာ အသုံးပြုခဲ့ကြပါတယ်။ ဂျာမန်စစ်သားတွေဖက်က အဆိပ်ဓာတ်ငွေ့လို အပါအဝင် လက်နက်တွေကို အသုံးပြုခဲ့ကြပါတယ်။
အဲဒီလို လက်နက်တွေကို အသုံးပြုခဲ့ကြတဲ့အတွက်ကြောင့် ပြင်သစ်အစိုးရက အဲဒီရွာအများစုကို ပြန်လည်တည်ဆောက်နိုင်မှာ မဟုတ်တဲ့အကြောင်း ကြေညာခဲ့ရပါတယ်။ စစ်ပွဲကြောင့်သူတို့ လူတွေအများအပြား သေကြေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ပြင်သစ်တွေဟာ ကိုယ့်နိုင်ငံအတွက် ကိုယ်အသေခံခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဖျက်ဆီးခံခဲ့ရတဲ့ ရွာပေါင်း ၉ ရွာထဲကမှ ရွာတရွာကိုသာ ပြန်လည် တည်ဆောက်နိုင်ပါသေးတယ်။ နောက်ထပ်ရွာ ၂ ရွာကို တစိတ်တပိုင်း ပြန်လည်တည်ဆာက်နိုင်ခဲ့ပေမယ့် ၆ ရွာတိတိ ပြန်လည် တည်ဆောက်ဖို့ ကျန်နေပါသေးတယ်။ Fleury – devant-Douaumont အပါအဝင်ကျန်တဲ့ အနီရောင်အဆင့် သတ်မှတ်ဇုန်တွေထဲ ခုထိလူနေထိုင်မှု မရှိသေးပါဘူး။
စစ်ပွဲကြီးပြီးသွားတဲ့ ၁၉၁၈ ခုနှစ်မှာတော့ ပြင်သစ်အစိုးရက စစ်ပွဲဖြစ်ပွားရာ Verdun နဲ့ တဆက်တစပ်တည်း စတုရန်းကီလိုမီတာ ၁၂၀၀ ပတ်ဝန်းကျင်ကို လူနေထိုင်ဖို့ မသင့်အောင်အန္တရာယ်များတဲ့အပြင် ပြန်လည်တည်ထောင်မယ်ဆိုရင်လည်း အကုန်အကျ များနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။
ပြင်သစ် စည်ပင်သာယာရေး ဥပဒေအရ လူနေထိုင်ဖို့ မသင့်လျော်တဲ့ဒေသ ဖြစ်တဲ့အပြင် ခရီးသွားတွေ လာရောက်လည်ပတ်ဖို့ မသင့်တဲ့အတွက် ဖျက်ဆီးပစ်လိုက်ဖို့ ဖြစ်ပေမယ့် သမိုင်းရဲ့ အမေ့အလျော့ခံ ဖြစ်သွားမှာစိုးတာကြောင့် ဆက်လက် ထားရှိခဲ့ပါတယ်။
ဒါကြောင့်လည်း တနှစ်ပတ်လုံး ဖွင့်လှစ်ထားပြီး စစ်ပွဲအတွင်းက တိုင်းပြည်အတွက် အသက်ပေးသွားကြသူတွေကို ရည်ရွယ်ကာ ပြတိုက်အနည်းကိုပါ ထပ်မံထည့်သွင်းခဲ့ပါတယ်။
အနီရောင်ဇုန် အဖြစ်သတ်မှတ်ထားတဲ့ ဧရိယာပြင်ပမှာဆိုရင်တော့ သေဆုံးသူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထည့်သွင်းထားတဲ့ ကိုယ်ပိုင်ပြတိုက်ငယ်လေးတွေ ရှိကြပါတယ်။ ဒီကိုယ်ပိုင်ပြတိုက်လေးတွေက စစ်အမှတ်တရအဖြစ် အကြီးမားဆုံးစုဆောင်းထားတာဖြစ်ပြီး အသက်ဆုံးရှုံးသွားကြသူတွေရဲ့ တဦးချင်းဇာတ်လမ်းတွေကို ပြောပြနေကြပါတယ်။
အတွင်းဖက်ထဲမှတော့ Memorial de Verdun လို့နာမည်ပေးထားတဲ့ ပြတိုက်တခုရှိပြီး အဲဒီပြတိုက်ကိုတော့ ပြင်သစ်အစိုးရက ၁၉၆၇ ခုနှစ်မှာ ဖွင်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီပြတိုက်မှာဆိုရင်တော့စစ်ပွဲဖြစ်ခဲ့တဲ့အခြေအနေတွေကို ထင်ဟပ်သွားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
အဲဒီကနေ အနည်းငယ်ဆက်သွားလိုက်မယ်ဆိုရင်တော့ The Douaumont National Necropolis and Ossuary ဆိုတဲ့နေရာကို ရောက်ပါလိမ့်မယ်။ အဲဒီနေရာဟာဆိုရင်တော့ စစ်ပွဲအတွင်းက သေဆုံးခဲ့တဲ့ ပြင်သစ် ၊ ဂျာမန်စစ်သားပေါင်း ၁၃၀၀၀၀ ရဲ့ အရိုးတွေကိုမြှုပ်နံှထားတဲ့ စစ်သင်္ချိုင်းပဲ ဖြစ်ပါတယ်။
ဒီတားမြစ်နယ်မြေထဲမှာရှိနေတဲ့ ရွာ ၉ ရွာဟာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့သူတွေပါ။ ဒီကျေးရွာတွေဟာ စစ်ယဇ်ပလ္လင်ထက်မှာ အသက်ပေးခဲ့ကြသူတွေရဲ့ သင်္ကေတတခု ဖြစ်တယ်။ အတိတ်တုန်းဆီက ဒီနေရာတွေမှာ ဘာဖြစ်ခဲ့ကြသလဲဆိုတာ အမြဲအမှတ်ရနေဖို့ လိုအပ်ပြီး ရှောင်နိုင်ကြဖို့ပဲဖြစ်ပါတယ်။
Ref : bbc