Culture

ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်

Want create site? Find Free WordPress Themes and plugins.

မကြာခင် ရက်ပိုင်းအတွင်းမှာပဲ တရုတ်နှစ်သစ်ကူးပွဲတော် ရောက်လာပါတော့မယ်။ တရုတ်လူမျိုးတွေအသုံးပြုတဲ့ ရိုးရာပြက္ခဒိန်အရဆိုရင်တော့ ၂၀၁၉ ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူးပွဲတော်က ဖေဖော်ဝါရီ ၅ ရက်၊ အင်္ဂါနေ့မှာ ကျရောက်ပါလိမ့်မယ်။

တရုတ်ရိုးရာဗေဒင် အတတ်ပညာဆိုရင်တော့ နှစ်တနှစ်ကို တိရစ္ဆာန်တကောင်က ကိုယ်စားပြုပါတယ်။ ၂၀၁၉ ခုနှစ်ကို ကိုယ်စားပြုတာကတော့ ဝက်ပါပဲ။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်အရဆိုရင်တော့ ဝက်နှစ်ပါ။ တရုတ်တွေရဲ့ အယူအဆအရဆိုရင်တော့ ဝက်နှစ်ဆိုတာ ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် နှစ်တနှစ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်အပြင် အရင်က ကျရောက်ဖူူးခဲ့တဲ့ ဝက်နှစ်တွေကိုဖော်ပြရမယ်ဆိုရင်တော့ ၁၉၃၅ ၊ ၁၉၄၇ ၊ ၁၉၅၉ ၊ ၁၉၇၁ ၊ ၁၉၈၃ ၊ ၁၉၉၅ နဲ့ ၂၀၀၇ တို့ပါ။ တရုတ်ရာသီခွင်အရဆိုရင်တော့ ဝက်နှစ်က လုံ့လဝီရိယ ၊ ကြင်နာမှုနဲ့ ရက်ရောမှုတွေကို ကိုယ်စားပြုပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ဟာ ကမ္ဘာပေါ်မှာအရေးအကြီးဆုံးနဲ့ ထင်ရှားတဲ့ပွဲတော်တခုပါ။ ဒီပွဲတော်ကိုတော့ စင်ကာပူ ၊ မလေးရှား ၊ ထိုင်း ၊ကမ္ဘောဒီးယား ၊ သြစတြေးလျ ၊ ဖိလစ်ပိုင် ၊ ထိုင်ဝမ် ၊ဟာင်ကောင်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာကျင်းပကြသလို ဥရောပနိုင်ငံတွေနဲ့ နယူးဇီလန် ၊ အမေရိကန် ၊ ကနေဒါနိုင်ငံတွေမှာလည်း ကျင်းပလေ့ရှိပါတယ်။ အထူးသဖြင့်ကတော့ ကြီးမားတဲ့ တရုတ်အသိုင်းအဝိုင်းရှိတဲ့ ဒေသတိုင်းတွေမှာ ကျင်းပလေ့ ရှိပါတယ်။

တရုတ်လူမျိုးတွေ အသုံးပြုတဲ့ ပြက္ခဒိန်က သီးခြားရှိပါတယ်။ တရုတ်တွေရဲ့ ပထမဆုံးနေ့သစ်ကတော့ လဆန်းနေ့နဲ့အတူ စတင်ပါတယ်။ အဲဒီလဆန်းနေ့ကတော့ ဇန်နဝါရီ ၂၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွင်းမှာ ကျရောက်လေ့ ရှိပြီး ဒီနှစ်အတွက်ဆိုရင်တော့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်ပါတယ်။

မီးထွန်းပွဲတော်အဖြစ် လူသိများတဲ့ ပွဲတော်ကိုတော့ နောက်ဆုံးရက်မှာ ကျင်းပလေ့ ရှိပြီး အဲဒီနေ့ကတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ပါ။ အဲဒီနေ့မှာဆိုရင်တော့ မီးထွန်းပွဲတော်ကို ကျင်းပပြီး ၁၅ ရက်တာအကြာကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်က ပြီးဆုံးမှာပဲဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ကတော့ မိသားစုဝင်တွေအကြားမှာ ကျင်းပတဲ့ မိသားစု အထိမ်းအမှတ်ပွဲတော်ဖြစ်ပြီး ဘိုးဘွားတွေကို ကန်တော့တဲ့ပွဲလည်းဖြစ်သလို နောက်ဆုံးမှာတော့ သက်ဆိုင်ရာဘာသာရေး ထုံးတမ်းဓလေ့ဆိုင်ရာတွေ ကျင်းပပြီး အဆုံးသတ်လေ့ ရှိပါတယ်။ တရုတ်နှစ်သစ်ကူးမှာ အရေးအပါဆုံး အခမ်းအနားကတော့ ဘိုးဘွားကန်တော့တဲ့ အခမ်းအနားပါပဲ။

Ref : thechinesezodiac

Did you find apk for android? You can find new Free Android Games and apps.
Loading