အာရှနိုင်ငံတော်တော်များများမှာ ထင်ရှားကျော်ကြားတဲ့ တရုတ်တန်း နေရာတွေ ရှိပါတယ်။ အာရှရဲ့ အပြင်ဘက် နိုင်ငံတွေမှာလည်း လူကြိုက်များပြီး ထင်ရှားတဲ့ တရုတ်တန်းတွေ ရှိပါတယ်။ အဲဒီထဲကမှ ကျော်ကြားတဲ့ တရုတ်တန်း တချို့ကိုဖော်ပြပေးချင်ပါတယ်။ အဲဒီနေရာတွေဟာ အားလပ်ရက်မှာ ခရီးထွက်လို့ ကောင်းတဲ့ နေရာတွေပါ။
(၁) ဆန်ဖရန်စစ္စကို (အမေရိကန်)
ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ တရုတ်တန်းကတော့ အာရှအပြင်ဘက်မှာဆို အကြီးဆုံးနဲ့ အကောင်းဆုံး တရုတ်တန်းပါ။ အဲဒီတရုတ်တန်းက ၁၈၄၈ ခုနှစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး တရုတ်ရိုးရာ ယဉ်ကျေးမှုတွေ လွှမ်းမိုးထားတဲ့ နေရာတနေရာလည်း ဖြစ်ပါသေးတယ်။ နောက်ပြီး ဒီတရုတ်တန်းက အမေရိကန်မြောက်ပိုင်းမှာ ရှေးအကျဆုံးနေရာတခုပါ။ အဲဒီနေရာဟာ ဆန်ဖရန်စစ္စကိုမှာ လုံခြုံမှုရှိတဲ့ နေရာတနေရာလည်း ဖြစ်နေပါသေးတယ်။
(၂) နယူးယောက် ( အမေရိကန် )
အမေရိကန်မှာရှိတဲ့ အကောင်းဆုံး တရုတ်တန်းတွေအကြောင်း ဆွေးနွေးကြတဲ့အခါ မြန်ဟက်တန် တရုတ်တန်းပါမှ ပြည့်စုံပါလိမ့်မယ်။ မြန်ဟက်တန် တရုတ်တန်းဟာ နယူးယောက်မြို့မှာရှိတဲ့ အခြားသော တရုတ်တန်းတွေထက် ပိုပြီးထင်ရှားတဲ့ တရုတ်တန်းပါ။ တကယ်တော့ နယူးယာက်မြို့မှာရှိတဲ့ တရုတ်တန်းတွေက တဒါဇင်လောက် ရှိပါတယ်။
ဆိုကြပါစို့။ တကယ်လို့များ နယူေးယာက်မြို့မှာ တရုတ်မျိုးနွယ်စုပေါင်း ၈ သောင်းရှိတယ်ဆို ၁ သောင်းလောက်က မြန်ဟက်တန် တရုတ်တန်းမှာ နေထိုင်ကြပါတယ်။ နယူးယောက်မှာဆိုရင်တာ့ တရုတ်-အမေရိကန်နွယ်ဖွားတွေကို ကိုယ်စားပြုထားတဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို ပြသနိုင်ဖို့ ရည်ရွယ်ဆောက်လုပ်ထားတဲ့ တရုတ်အမျိုးသားပြတိုက်လည်း ရှိပါသေးတယ်။
(၃) လန်ဒန် (အင်္ဂလန်)
နောက်ထပ် ထင်ရှားတဲ့ တရုတ်တန်းကတော့ လန်ဒန် တရုတ်တန်းပါ။ Qing မင်းဆက် စတိုင် အနုပညာလက်ရာတွေနဲ့ ဖန်တီးထားတဲ့ လန်ဒန်တရုတ်တန်းကတော့ သန့်ရှင်းလှပတဲ့နေရာ တနေရာပါ။ အဲဒီနေရာမှာဆိုရင်တော့ တရုတ်အစားအသောက် သက်သက်ကိုသာ ရောင်းချတဲ့ စားသောက်ဆိုင်ပေါင်း ၈၀ ကျော်ကို တွေ့နိုင်တဲ့အပြင် တရုတ်နိုင်ငံက တင်သွင်းထားတဲ့ တရုတ်ကုန်ပစ္စည်းတွေကို ရောင်းချပေးတဲ့ စူပါမားကတ်တွေနဲ့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေလည် းရှိပါတယ်။
(၄) မဲလ်ဘုန်း (သြစတြေးလျ)
လူတွေကတော့ မဲလ်ဘုန်း တရုတ်တန်းကို “ ကမ္ဘာ့တောင်ဖက်ခြမ်းက ရှေးအကျဆုံး တရုတ်တန်း ” လို့ ခေါ်ဆိုကြပါတယ်။ တရုတ်နိုင်ငံကနေ ပြောင်းရွှေ့နေထိုင်သူတွေဟာ ဒီနေရာမှာ ၁၈၅၀ လောက်ကတည်းက ရောက်ရှိခဲ့ကြပြီး ဒေသခံတွေအကြိုက်နဲ့ ခရီးသွားဧည့်သည်တွေ အကြိုက်ပုံစံ တရုတ်တန်းကို တည်ထောင်ခဲ့ပါတယ်။
ဒီလို တည်ထောင်တဲ့နေရာမှာ တရုတ်လူမျိုးတွေရဲ့ အမွေအနှစ်နဲ့ ယဉ်ကျေးမှုတွေကလည်း မပျောက်ဆုံးခဲ့ပါဘူး။ မဲလ်ဘုန်း တရုတ်တန်းရဲ့ စိတ်ဝင်စားစရာတွေကတော့ တရုတ်လူမျိုးတွေရဲ့ အသေးစိတ် ဗိသုကာ လက်ရာတွေ၊ မကြာခဏ ကျင်းပတဲ့ ပွဲတော်တွေနဲ့ စားလို့မြိန်တဲ့ စားသောက်ဆိုင်ကောင်းကောင်းတွေ ရှိပါတယ်။ တရုတ်အစားအသောက်တွေအပြင် ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ အိန္ဒိယ၊ မလေးရှား၊ ကိုးရီးယားအစားအစာတွေ ရောင်းချတဲ့ စားသောက်ဆိုင် ကောင်းကောင်းတွေလည်း ရှိပါသေးတယ်။
(၅) လီမာ (ပီရူး)
ပီရူးနိုင်ငံ၊ လီမာမြို့ ၊ El Barrio Chino တရုတ်တန်းကတော့ ကမ္ဘာပေါ်မှာနောက်ဆုံးတွေ့ရမယ့် အကောင်းဆုံး တရုတ်တန်းပါ။ ဒီလမ်းမကြီး တလျှောက်မှာဆိုရင်တော့ တရုတ်ပွဲတော်တွေကို ကျင်းပလေ့ရှိသလို အမှတ်တရလက်ဆောင် ပစ္စည်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုလည်း တွေ့နိုင်ပါတယ်။
လီမာမြို့ မှာဆိုရင်တော့ တရုတ်စားသောက်ဆိုင်ပေါင်း ၆ ထောင်ကျော်ရှိပြီး အများစုကတာ့ El Barrio Chino မှ ာရှိပါတယ်။ ဒါ့အပြင် တရုတ်ဘုံကျောင်းနဲ့ လူမှုရေးဆိုင်ရာ တရုတ်အသင်းအဖွဲ့အမျိုးမျိုးလည်း ရှိပါသေးတယ်။ တကယ့်ပွဲတော်ကို မြင်တွေ့နိုင်တဲ့ အချိန်ကတော့ တရုတ်နှစ်သစ်ကူးပွဲတော်လို အချိန်မျိုးပါပဲ။
Ref : isango