• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်

by ညီညီသူ
31 January 2019
in Culture
A A
အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို မြို့ပေါ်က တရုတ်နှစ်သစ်ကူးပွဲတော်

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို မြို့ပေါ်က တရုတ်နှစ်သစ်ကူးပွဲတော်

19.7k
VIEWS
Share on FacebookShare on Twitter

တရုတ်နှစ်သစ်ကူးပွဲတော်ကိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ ထောင်ကျော်လောက်ကတည်းက စတင်ကျင်းပလာခဲ့ကြပြီး Shang မင်းဆက်လက်ထက်မှာ စတင်ကျင်းပလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပွဲတော်ကို နွေဦးပွဲတော်လို့ ခေါ်လေ့ရှိသလို ဘာသာရေးဆိုင်ရာနဲ့ ဘိုးဘွားတွေကို ကန်တော့ကြတဲ့ အစဉ်အလာတခုလည်း ဖြစ်နေပါသေးတယ်။

တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ အချိန်နီးလာပြီဆိုရင် တရုတ်လူမျိုးတွေ မိမိတို့ရဲ့နေအိမ်တွေကို အခမ်းနားဆုံးနဲ့ အသပ်ရပ်ဆုံးဖြစ်အောင် စီစဉ်တတ်ကြပါတယ်။ ၂၁ ရာစုထဲမှာတော့ အခု ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်ဟာ အရှည်ကြာဆုံးဖြစ်သလို ၁၅ ရက် ကျင်းပမယ့်ပွဲတော်လည်း ဖြစ်ပါတယ်။ဒီအချိန်မှာဆိုရင် တရုတ်နိုင်ငံရဲ့ ဈေးဆိုင်တော်တော်များများက ပထမ ၅ ရက်အတွင်း ပိတ်ထားလေ့ ရှိပြီး တချို့ကတော့ ပွဲပြီးချိန်အထိ ပိတ်ထားတတ်ကြပါတယ်။

RelatedPosts

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.4k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k
မော်လမြိုင်မြို့

မော်လမြိုင်မြို့

8 June 2025
666

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုဟာလည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့မြို့ တမြို့ပါ။ လူအများစုနဲ့ ကျင်းပလေ့ရှိတဲ့ ဆန်ဖရန်စစ္စကိုရဲ့ တရုတ်နှစ်သစ်ကူး ပွဲတော်ကိုတော့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၂၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်တွေအရဆို ဝက်နှစ် ဖြစ်သလို ဖေဖော်ဝါရီ ၅ ရက်နေ့ဟာ တရုတ်နှစ်သစ်ကူး ပွဲတော်ကျရောက်တဲ့ အချိန်ပါ။ ဝက်နှစ်ဟာ ကံကောင်းခြင်းနဲ့ ပျော်ရွှင်စရာတွေကို ယူဆောင်ပေးတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ ဆန်ဖရန်စစ္စကိုမှာဆိုရင် ဖေဖော်ဝါရီ တင်မကဘဲ မတ်လလောက်အထိ တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ပျော်ရွှင်စရာ အငွေ့အသက်တွေကို ခံစားနိုင်ကြပါလိမ့်မယ်။

ဆန်ဖရန်စစ္စကိုမှာဆိုရင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပလာခဲ့တာက ၁၈၀၀ ပြည့်နှစ်က စတင်ခဲ့ပါတယ်။ တရုတ်နိုင်ငံကနေ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်လာကြတဲ့ တရုတ်လူမျိုးတွေက စတင်ကျင်းပ လာခဲ့တာဖြစ်ပြီး အခုဆို နှစ်ပေါင်း ၂၀၀ ကျော်လာခဲ့ပါပြီ။

ဒီမြို့ကြီးမှာဆိုရင်တော့ ကြီးမားတဲ့ တရုတ်အသိုင်းအဝိုင်းတခု ရှိနေပြီး ဆန်ဖရန်စစ္စကိုရဲ့ တရုတ်တန်းကလည်း ကမ္ဘာပေါ်မှာ နာမည်ကြီးပါတယ်။ တရုတ်နိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်ကြသူတွေက သူတို့ရဲ့ ပထမဆုံး တရုတ်နှစ်သစ်ကူးပွဲတော်ကို ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ်လို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ အမေရိကန်အစဉ်အလာရော တရုတ်အစဉ်အလာပါ ပါဝင်အောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

ယနေ့ခေတ်မှာဆိုရင် ဆန်ဖရန်စစ္စကိုရဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ဟာ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ ပွဲတော်တခု ဖြစ်လာသလို နှစ်စဉ်နှစ်တိုင်းလည်း လူ ၃ သန်းကျော် လာရောက်လည်ပတ်လေ့ ရှိပါတယ်။

ဖျော်ဖြေပွဲ အများအပြား ထည့်သွင်းထားတဲ့ ဆန်ဖရန်စစ္စကိုရဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာ လူစိတ်အဝင်စားဆုံးကတော့ ၂၈ ပေတဲ့ ရွှေရောင်နဂါးပါ။ ဒီနဂါးရုပ်ကိုတော့ လူအယောက် ၁၀၀ ကျော်က ထမ်းပိုးပြီး ဆန်ဖရန်စစ္စကို လမ်းတွေမှာ လိုက်လံကပြ ဖျော်ဖြေလေ့ ရှိပါတယ်။

လူစုလူဝေးနဲ့ အခမ်းနားဆုံး ကျင်းပမယ့် အဲဒီပွဲတော်ကိုတော့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်မှာ ကျင်းပဖို့ စီစဉ်ထားပြီး ည ၈ နာရီ ပတ်ဝန်းကျင်လောက်မှာ ပြီးဆုံးပါလိမ့်မယ်။

Ref : sftourismtips

Your Thoughts …
Tags: ဆန်ဖရန်စစ္စကိုတရုတ်နှစ်သစ်ကူးပွဲတော်
ညီညီသူ

ညီညီသူ

Similar Picks:

စာအိတ်အနီထဲ ထည့်ထားတဲ့ အန်ပေါင်းကိုတော့ တရုတ်နှစ်သစ်ကူးကာလမှာ လက်ဆောင် အပေးသင့်ဆုံးပါ

တရုတ်နှစ်သစ်ကူးပွဲတော် ကာလမှာ ပေးသင့်တဲ့ လက်ဆောင်များ

by ညီညီသူ
5 February 2019
6.2k

တရုတ်နှစ်သစ်ကူးပွဲတော်မှာ ကလေးတွေ သဘောအကျဆုံးအရာကတော့ အနီရောင် စာအိတ်ထဲ ထည့်ထားတဲ့ အန်ပေါင်းပါ။ နောက်ပြီး ချိုချဉ်၊ သကြားလုံး၊ ကစားစရာအရုပ်နဲ့ ကျောင်းသုံးပစ္စည်းတွေလည်း ကလေးတွေကို လက်ဆောင်ပေးသင့်ပါတယ်။

ယခုနှစ်မှာ ကျရောက်မယ့် တရုတ်နှစ်ကူးပွဲတော်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်အရ ဝက်နှစ်ကို ကိုယ်စားပြုပါတယ်

တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ရှောင်ကြဉ်ရမည့် အချက်များ

by ညီညီသူ
1 February 2019
9.2k

နောက်ထပ် ရှောင်ကြဉ်ရမယ့်အချက်ကတော့ အဝတ်အစားတွေ လျှော်တာနဲ့ ခေါင်းလျှော်တာပါပဲ။ ဒီအပြုအမူကိုတော့ တရုတ်နှစ်သစ်ကူးပွဲတော် ပထမရက်နဲ့ ဒုတိယရက်တွေမှာ မလုပ်သင့်ပါဘူး။

ရှန်ဟိုင်း တရုတ်နှစ်သစ်ကူးပွဲတော်

ခမ်းခမ်းနားနား ကျင်းပတဲ့ ရှန်ဟိုင်း တရုတ်နှစ်သစ်ကူးပွဲတော်

by ညီညီသူ
5 February 2019
6.1k

တရုတ်နှစ်သစ်ကူးပွဲတော် ရောက်လာရင်တော့ ရှန်ဟိုင်းလိုမြို့မှာ အေးအေးလူလူ အနားယူ အပန်းဖြေတာက အကောင်းဆုံးပါပဲ။ ရှန်ဟိုင်းမှာဆိုရင်တော့ တရုတ်နှစ်သစ်ကူးပွဲတော်ကို နှစ်ပတ်ကြာတဲ့အထိ ကျင်းပပါလိမ့်မယ်။

လန်ဒန်မှာကျင်းပနေတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မြင်ကွင်း

တရုတ်နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနားကျင်းပနေတဲ့ နေရာများ

by ညီညီသူ
6 February 2019
5.8k

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ကနေစပြီး တရုတ်နှစ်သစ်ကူးပွဲတော်ကို ကမ္ဘာနဲ့အဝှမ်း မှာ ကြီးကြီးကျယ်ကျယ် ကျင်းပနေကြပါတယ်။

ဆန်ဖရန်စစ္စကိုမြို့မှာ နေထိုင်တဲ့ ကဗျာဆရာ၊ စာရေးဆရာ ကိုထိန်လင်း  / Htain Linn's Facebook

ကိုရိုနာ ဂယက်က အမေရိကန်ရောက် မြန်မာတွေအပေါ် ဘယ်လောက်ထိ ရိုက်ခတ်နေလဲ

by သီဟတိုး
18 March 2020
17.1k

တကယ့် ကပ်ရောဂါ အကြီးကြီး ဖြစ်လာတယ်ဆိုရင် ပစ္စည်းပစ္စယာတွေကို ကာကွယ်ဖို့လိုတယ်ဆိုတဲ့ အသိတွေနဲ့ လက်နက်တွေ ဝယ်ကြ၊ စုကြဆောင်းကြ ဖြစ်လာတယ်။

ထိုင်းနိုင်ငံရဲ့  သုဝဏ္ဏဘူမိ လေဆိပ်

တရုတ်နှစ်သစ်ကူးပွဲတော်မှာ ခရီးစဉ်ပေါင်း ၁ သောင်းကျော် ပြေးဆွဲဖို့ရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်

by ညီညီသူ
31 January 2019
5.6k

တရုတ်နှစ်သစ်ကူးပွဲတော်အတွင်းမှာ နိုင်ငံတကာကိုပြေးဆွဲပေးမယ့် လေကြောင်းလိုင်းပေါင်း ၂၀ လောက်အထိ ရှိပြီး တရုတ် လေကြောင်းလိုင်း၊ ထိုင်းလေကြောင်းလိုင်းနဲ့ Cathay Pacific လေကြောင်းလိုင်းတွေလည်း ပါဝင်ပါတယ်။

Next Post
အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များ

အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များ

အင်္ဂါနေ့က လွိုင်ကော်သို့ ရောက်လာသည့် ဗိုလ်ချုပ်ကြေးရုပ် / Kayan New Generation Youth  / Facebook

လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး မကျေနပ်သံများ တဖန်ထွက်ပေါ်လာ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

2 days ago
3.8k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate