တရုတ်နှစ်သစ်ကူးပွဲတော်ဟာ တရုတ်ယဉ်ကျေးမှုတွေနဲ့ ဆက်စပ်နေတဲ့အတွက် မလုပ်သင့်တဲ့ အချက်အလက်တွေလည်း ရှိပါတယ်။ အဲဒီအချက်တွေကတော့ ၆ ချက်ရှိပြီး တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ပထမဆုံးနေ့တွေမှာ မလုပ်သင့်တဲ့ အချက်တွေပါ။
ပထမဆုံးအချက်ကတော့ တရုတ်နှစ်သစ်ကူးပွဲတော် ပထမရက်တွေမှာ ဆေးသောက်တာကို မလုပ်သင့်ပါဘူး။ ဆေးသောက်တဲ့ အပြုအမူဟာ တနှစ်ပတ်လုံး နေမကောင်းနိုင်တော့တဲ့ အယူအဆဖြစ်တဲ့အတွက် တရုတ်လူမျိုးတွေက နှစ်သစ်ကူးပွဲတော် ပထမရက်တွေမှာ ဆေးသောက်တာကို တားမြစ်လေ့ ရှိပါတယ်။
ဒုတိယအချက်ကတော့ အမှိုက်သရိုက်တွေကို လှည်းကျင်းရှင်းထုတ်တာနဲ့ အမှိုက်သရိုက်တွကို အိမ်တွင်းယူဆောင်လာတာပါပဲ။ ဒီအပြုအမူကလည်း စည်းစိမ်ချမ်းသာတွေကနေ ကွာဝေးစေနိုင်တယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။
နောက် တတိယအချက်ကတော့ ဂျုံယာဂုနဲ့ အသားကို မနက်စာအဖြစ် မစားသုံးဖို့ပါ။ ဒီအပြုအမူတွေက ဆင်းရဲခြင်းကို ယူဆောင်လာပေးတယ်လို့ တရုတ်လူမျိုးတွေက ယူဆထားကြပါတယ်။ ဘာသာရေး အယူအဆအရလည်း သက်သတ်လွတ်စားခြင်းက ကောင်းတယ်လို့ ယူဆထားကြတဲ့အတွက် နှစ်သစ်ကူးပွဲတော်ရဲ့ ပထမဆုံးနေ့တွေမှာ အသားစားခြင်းကို ရှောင်ကြဉ်လေ့ ရှိကြပါတယ်။
နောက်ထပ် ရှောင်ကြဉ်ရမယ့်အချက်ကတော့ အဝတ်အစားတွေ လျှော်တာနဲ့ ခေါင်းလျှော်တာပါပဲ။ ဒီအပြုအမူကိုတော့ တရုတ်နှစ်သစ်ကူးပွဲတော် ပထမရက်နဲ့ ဒုတိယရက်တွေမှာ မလုပ်သင့်ပါဘူး။ ဘာလို့ မလုပ်သင့်တာလဲဆိုတော့ အဲဒီနှစ်ရက်က ရေစောင့် နတ်ဘုရားတပါးဖြစ်တဲ့ Shuishen နတ်ဘုရားရဲ့ မွေးနေ့ဖြစ်နေလို့ပါ။
ပဉ္စမအချက်ကတော့ ဓားနဲ့ ကတ်ကြေးတွေကို အသုံးမပြုရတာပါ။ ဒီအပြုအမူကလည်း တနှစ်ပတ်လုံး ထိခိုက်ဒဏ်ရာ ရဖို့ဖြစ်သလို ချမ်းသာကြွယ်ဝမှုတွေ ပျောက်ကွယ်စေနိုင်တဲ့ အပြုအမူလို့ ယုံကြည်ထားကြပါတယ်။
နောက်ဆုံးအချက်ကတော့ လက်ထပ်ထားတဲ့ အမျိုးသမီးဟာ မိဘတွေအိမ်ကို အလည်မသွားရပါဘူး။ ဒီအပြုအမူက တရုတ်နှစ်သစ်ကူးပွဲတော် ပထမရက်မှာ မလုပ်သင့်တဲ့အရာတွေ ဖြစ်ပြီး မိဘတွေကို ကံဆိုးမိုးမှောင်ကျစေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။
တရုတ်ရိုးရာအရဆိုရင်တော့ လက်ထပ်ထားတဲ့ အမျိုးသမီးဟာ ဒုတိယရက်ရောက်မှ မိဘတွေအိမ်ကို အလည်သွားသင့်ပါတယ်။ ဒီအချက်တွေအပြင် ကလေးတွေငိုတာကလည်း မိသားစုအတွင်း ကံဆိုးစေတယ်လို့ ယူဆထားကြပါတယ်။ ဒါ့အပြင် ဆေးရုံကိုလူနာသွားကြည့်တာတို့ ပိုက်ဆံချေးတာတို့ကိုလည်း မလုပ်ရပါဘူး။
ဆက်စပ် သတင်းလင့်ခ်များ –
ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်
တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် လူသား Hot pot ရေစိမ်ကန်
ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်
Ref : Chinahighlights