တရုတ်နှစ်သစ်ကူးပွဲတော်ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပြီး တရုတ်ရိုးရာအရ ဝက်နှစ်ကို ကျရောက်မှာ ဖြစ်ပါတယ်။ နှစ်ကူးကို ၂ ပတ်ခန့် ကျင်းပမှာ ဖြစ်ပြီး ပထမ ၇ ရက်မှာ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ ဆွေမျိုးများနဲ့ တွေ့ဆုံခြင်း၊ ဘိုးဘွားများကို ကန်တော့ခြင်း စတာတွေကို ပြုလုပ်လေ့ ရှိပါတယ်။
လူဦးရေ ၁ ဒဿမ ၃ ဘီလီယံခန့် ရှိတဲ့ တရုတ်နိုင်ငံမှာတော့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ခမ်းနားစွာ ကျင်းပနေပါတယ်။ ဒီလိုပဲ ကမ္ဘာအရပ်ရပ်မှာလည်း တရုတ်နှစ်သစ်ကူးကို ကျင်းပနေတာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဘန်ကောက် (ထိုင်းနိုင်ငံ)
ဆိုးရွားတဲ့ လေထုညစ်ညမ်းမှု ဖြစ်နေပေမယ့် ထိုင်းနိုင်ငံမှာ တရုတ်နှစ်သစ်ကူးပွဲကို ကျင်းပမယ်လို့ သိရပါတယ်။ ဈေးရောင်းပွဲတော်တွေနဲ့ အခြား ရိုးရာအစဉ်အလာအတိုင်း ပြုလုပ်ရမယ့် ပွဲတော်တွေ ဆိုင်တွေကို ဖွင့်ထားပြီး ထိုင်းအစိုးရကို မီးရှုးမီးပန်းဖောက်ခွင့် တောင်းထားဆဲ ဖြစ်ပေမယ့် လေထုညစ်ညမ်းမှု ဆိုးရွားနေတာကြောင့် ခွင့်ပြုဖို့ မသေချာဘူးလို့ သိရပါတယ်။
(၂) နယူးယောက် (အမေရိကန်)
တရုတ်တန်းရှိတဲ့ မြို့တိုင်းမှာ တရုတ်နှစ်ကူးကို ခမ်းနာစွာကျင်းပကြပေမယ့် နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့တို့မှာ ကျင်းပတဲ့ ပွဲတွေက အခမ်းနားဆုံးဖြစ်တယ်လို့ သိရပါတယ်။
(၃) ဟနွိုင်း (ဗီယက်နမ်)
ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းမှာနေထိုင်တဲ့ ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေဟာ ဟနွိုင်းမြို့လယ်ခေါင်မှာ နှစ်ကူး Countdown ပွဲကို ကျင်းပကြပြီး မီးရှုးမီးပန်းဖောက်ခြင်း၊ တရုတ်နဂါးအကများဖြင့် ဖျော်ဖြေခြင်း စတာတွေကို ပြုလုပ်ကြပါတယ်။
(၄) ကိုးလ်ကတ္တား (အိန္ဒိယ)
အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ တရုတ်လူမျိုးတွေဟာလည်း ရိုးရာအတိုင်း တရုတ်နှစ်သစ်ကူးကို ကျင်းပပြီး ကိုးလ်ကတ္တားမှာ ရှိတဲ့ လမ်းတွေပေါ်မှာ မီးပုံများ ချိတ်ဆွဲခြင်း၊ နဂါးအက ကပြခြင်းနဲ့ မီးရှုးမီးပန်းဖောက်ခြင်းတွေကို ပြုလုပ်လေ့ရှိပါတယ်။ အိန္ဒိယနိုင်ငံက တရုတ်တန်းရှိတဲ့ မြို့တိုင်းမှာ တရုတ်နှစ်ကူးကို ကြီးကျယ်စွာကျင်းပလေ့ ရှိပါတယ်။
ဆက်စပ်သတင်းလင့်ခ်များ
တရုတ်နှစ်သစ်ကူးမှာ မပေးသင့်တဲ့ လက်ဆောင် ၁၀ မျိုး
တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ရှောင်ကြဉ်ရမည့် အချက်များ
Ref ; mmn