Culture

တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြီးကြီးကျယ်ကျယ် ကျင်းပလေ့ရှိတဲ့ အမေရိကရဲ့ မြို့ ၅ မြို့

Want create site? Find Free WordPress Themes and plugins.

တရုတ်နှစ်သစ်ကူးပွဲတော်ကို နိုင်ငံအများအပြားမှာ ပျော်ရွှင်စရာကောင်းအောင် ကျင်းပလေ့ ရှိကြပါတယ်။ တရုတ်နိုင်ငံမှာတင်မက အမေရိကလို နိုင်ငံမှာပါ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပလေ့ ရှိကြပါတယ်။ အဲဒီလို ကျင်းပတဲ့နေရာထဲကမှ အမေရိကရဲ့ ဘယ်မြို့တွေမှာ တရုတ်နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနားကျင်းပကြသလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

(၁) Chicago

ချီကာဂို မြို့ကတော့ အမေရိကန်မြောက်ပိုင်းမြို့တွေထဲမှာ တရုတ်လူမျိုးတွေ အများဆုံး နေထိုင်တဲ့မြို့ ဖြစ်သလို တရုတ်နှစ်သစ်ကူးပွဲတော်ကိုလည်း ကြီးကြီးကျယ်ကျယ် ကျင်းပလေ့ရှိတဲ့ မြို့ပါ။ Chigago မြို့လယ်လမ်းမတွေမှာ ဆိုရင်တော့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြီးကြီးကျယ်ကျယ် ကျင်းပလေ့ ရှိပါတယ်။ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေပွဲတွေကိုလည်း Chicago မြို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပလေ့ ရှိတတ်ပါတယ်။

(၂) New York City

တရုတ်နှစ်သစ်ကူးပွဲတော်စပြီ ဆိုတာနဲ့ မန်ဟက်တန် (Manhattan) တရုတ်တန်း တလျှောက်မှာ လူတွေ စည်ကားလို့လာပါပြီ။ ပွဲတော်ကျရောက်ချိန် ပထမဆုံးရက်မှာကိုပဲ ဆိုင်အသီးသီး အိမ်အသီးသီးက မီးပုံးတွေထွန်းထားကြပါတယ်။ လမ်းမတလျှောက်မှာဆိုရင်လည်း ပါတီအသီးသီး ကျင်းပတတ်ကြပြီး အစားအစာမျိုးစုံကိုလည်း လူတွေ အလွယ်တကူ စားသောက်နိုင်ဖို့ စီစဉ်ပေးထားပါတယ်။

(၃) San Francisco

ဆန်ဖရန်စစ္စကိုမြို့ကလည်း အမေရိကန်မြောက်ပိုင်းမှာ တရုတ်နှစ်သစ်ကူးပွဲတော်ကို ရှေးကတည်းက ခမ်းခမ်းနားနား ကျင်းပလာခဲ့တဲ့ မြို့တမြို့ပါ။ ဆန်ဖရန်စစ္စကိုမှာဆိုရင် ၁၈၆၀ ခုနှစ်တွေကတည်းက တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပလာခဲ့ပြီး အာရှအပြင်မှာဆိုရင် တရုတ်နှစ်သစ်ကူးပွဲတော်ကို အကြီးအကျယ် ကျင်းပလာခဲ့တဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။

(၄) Toronto

Toronto တရုတ်တန်းကတော့ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေစုဝေးနေတဲ့ နေရာ တနေရာ ဖြစ်ပါတယ်။ Toronto တရုတ်တန်းကတော့ တရုတ်နှစ်သစ်ကူးပွဲတော်ကို အထင်ကရ ကျင်းပလေ့ ရှိပါတယ်။ အဲဒီမှာဆိုရင်တော့ တရုတ်ရိုးရာ နဂါးအကကို မြင်တွေ့နိုင်ပါလိမ့်မယ်။

(၅) Vancouver

Vancouver တရုတ်တန်းကိုတော့ ၁၈၉၀ လောက်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး တရုတ်သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦတွေကို တွေ့နိုင်တဲ့နေရာတနေရာပါ။ New York City နဲ့ San Francisco ပြီးရင် တရုတ်တွေအများဆုံး နေထိုင်တဲ့ မြို့တမြို့ပါ။ Vancouver တရုတ်တန်းကတော့ ဈေးဝယ်ထွက်လို့ ကောင်းတဲ့နေရာ တနေရာဖြစ်သလို အနုပညာပြခန်းတွေ ၊ ကာစီနိုရုံတွေလည်း ရှိပါသေးတယ်။

ဆက်စပ် သတင်းလင့်ခ်
ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်

Ref : grouptoday

Did you find apk for android? You can find new Free Android Games and apps.
Loading