နိုင်ငံတိုင်းမှာ ထူးခြားတဲ့ ဓလေ့ထုံးစံတွေ ကိုယ်စီ ရှိပါတယ်။ အထူးသဖြင့် အာရှနိုင်ငံ တော်တော်များများမှာ ထူးခြားတဲ့ ဓလေ့ထုံတမ်း အစဉ်အလာတွေ ရှိပါတယ်။ အခု ဖော်ပြပေးမှာကတော့ နိုင်ငံတကာက ထူးခြားတဲ့ ဓလေ့ထုံးစံတွေနဲ့ အဲဒီ ဓလေ့တွေကို ဖြေရှင်းထားတဲ့ ဖြေရှင်းချက် အဖြေတွေပဲ ဖြစ်ပါတယ်။
(၁) Microwave oven
ယနေ့ခေတ်မှာ ဟင်းနွှေးဖို့ သုံးနေတဲ့ Microwave oven တွေကို ရှေးယခင်က အကြောင်းအရင်း ၂ မျိုးနဲ့ အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။ ပထမ တမျိုးက စားစရာတွေ နွှေးစားဖို့နဲ့ ဒုတိယ တမျိုးကတော့ ဖိနပ်တွေ အခြောက်ခံဖို့လို့ သိရပါတယ်။ ဒီစင်တွေကို ၂၀ ရာစု အစောပိုင်းကတည်းက အသုံးပြုခဲ့ကြပြီး ယနေ့ခေတ်မှာတော့ မရှိသလောက်ရှားသွားပြီလို့ သိရပါတယ်။
(၂) ပိတ်နေတဲ့ တံခါးများ
အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ ရှေးဟောင်းတိုက်တွေမှာ တံခါးနေရာမှာ အလုံပိတ်တွေ ဖြစ်နေပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ ယခင်က အင်္ဂလန်နိုင်ငံမှာ အခွန်တွေ ဆောင်ရတဲ့အချိန် တံခါးပေါက်တွေ ရှိရင် ရှိသလောက် ပိုက်ဆံပိုပြီး ပေးရတာကြောင့် ဖြစ်ပါတယ်။ လူချမ်းသာတွေကသာ အိမ်တွေမှာ မှန်တံခါးတွေကို တပ်ဆင်နိုင်တယ်လို့ သိရပါတယ်။
(၃) ဇာမဏီငှက် တံဆိပ်
ဆွီဒင်နိုင်ငံက တချို့အိမ်တွေမှာ ဇာမဏီငှက်ကို အိမ်ရှေ့မှာ ချိတ်ထားကြပါတယ်။ ဒါဟာ ၁၈ ရာစုလောက်က ဆွီဒင်နိုင်ငံက မြို့ရွာတွေမှာ မီးလောင်တဲ့အခါ အိမ်တွေဟာ ကပ်လွန်းတာကြောင့် တခါတလေ တလမ်းလုံး ဒါမှမဟုတ် တရပ်ကွက်လုံး မီးလောင်သွားလေ့ ရှိပါတယ်။ ဒီအခါမှာ မီးလောင်တဲ့အိမ်တွေထဲက ချမ်းသာတဲ့ အိမ်တွေကိုရွေးပြီး မီးငြိမ်းတာတွေ ပြုလုပ်တဲ့အတွက် မီးအာမခံသဘောနဲ့ ဇာမဏီ ငှက်တံဆိပ်ကို အိမ်တွေမှာ ကပ်ကြတာပဲ ဖြစ်ပါတယ်။
Ref; brightside