ကမ္ဘာတဝှမ်းက နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ မတူညီတဲ့ ဓလေ့ထုံးစံတွေကိုယ်စီ ရှိတတ်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာလှည့်ခရီးသည်တွေ သွားလာလည်ပတ်မှုများတဲ့ နိုင်ငံတွေထဲက တခုဖြစ်တဲ့ တရုတ်နိုင်ငံမှာသာ မြင်တွေ့နိုင်မယ့် ထူးထူးဆန်းဆန်း ဓလေ့ထုံးစံတွေပဲ ဖြစ်ပါတယ်။
(၁) တရုတ်နိုင်ငံရဲ့ ဒေသတချို့မှာ မှုခင်းစစ်ဆေးရှာဖွေတဲ့အခါ အနံ့ခံခွေးတွေအစား ဘဲငန်းတွေကိုသာ အသုံးပြကြပါတယ်။ ဘဲငန်းတွေဟာ ခွေးတွေထက် အမြင်အာရုံ ပိုမိုကောင်းမွန်ကြတဲ့အပြင် လူတွေနဲ့ ယဉ်ပါးလွယ်ပြီး အသံကျယ်ကျယ်လောင်လောင် ပြုတတ်ကြတာကြောင့် အနံ့ခံခွေးတွေအစား ဘဲငန်းတွေကိုသာ အသုံးပြုကြတာ ဖြစ်ပါတယ်။
(၂) ကမ်းခြေတွေမှာ ရေကူးတဲ့အခါ ဝတ်ဆင်လေ့ရှိကြတဲ့ Bikini တွေလိုမျိုးကိုပဲ မျက်နှာမှာ ဝတ်ဆင်လို့ရတဲ့ Face-kini တွေကို ၂၀၀၄ ခုနှစ်လောက်တည်းက တရုတ်နိုင်ငံမှာ တီထွင်အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။ ရေကူးတဲ့အခါ မျက်နှာအသားအရေကို နေမလောင်စေဖို့နဲ့ ရေသတ္တဝါတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အသုံးပြု ဝတ်ဆင်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။
(၃) တရုတ်စားသောက်ဆိုင်အများစုမှာ အသားတွေထက် တိရစ္ဆာန်တွေရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက ပိုမို ဈေးကြီးတတ်ကြပါတယ်။ နွားအစာအိမ်၊ ငါးမျက်လုံး၊ ဖားအဆုတ် စသဖြင့် တိရစ္ဆာန်တွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို အထူးဟင်းလျာတွေ အနေနဲ့ ချက်ပြုတ်ရောင်းချလေ့ ရှိကြပါတယ်။
(၄) တရုတ်နိုင်ငံမှာ လက်ဆောင်ပေးကြတဲ့အခါ ပေးပေးချင်းကို ယူလေ့မရှိကြပါဘူး။ သုံးကြိမ်တိုင်တိုင် ငြင်းဆိုပြီးမှ လက်ဆောင်ကို လက်ခံလေ့ ရှိကြပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ မိမိကိုယ်ကို နှိမ့်ချရာရောက်တဲ့အပြင် တဖက်လူကို လေးစားချစ်ခင်တဲ့ အမူအရာအဖြစ် ပြသတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။
(၅) အရေအတွက်တွေကို လက်ညှိုးထိုးပြီး ရေတွက်တဲ့ အပြုအမူဟာ တရုတ်နိုင်ငံမှာတော့ အင်မတန်မှ ရိုင်းစိုင်းတဲ့ အပြုအမူအဖြစ် သတ်မှတ်ထားကြပါတယ်။
(၆) အသက် ၁၀ နှစ်အောက် ငယ်ရွယ်နုပျိုတဲ့ လူပျိုငယ်လေးတွေရဲ့ ကျင်ငယ်ရည်နဲ့ စိမ်ထားတဲ့ ကြက်ဥကို စားသုံးခြင်းဟာ တရုတ်နိုင်ငံမှာ ရေပန်းစားလှတဲ့ ထုံးစံတခုပဲ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်အောက် လူပျိုငယ်လေးတွေရဲ့ ကျင်ငယ်ရည်ကို ရရှိဖို့အတွက် ကျောင်းအိမ်သာတွေကနေတဆင့် ရယူပြီး အသုံးချပြုလုပ်ကြတာလည်း ဖြစ်ပါတယ်။
(၇) တရုတ်နိုင်ငံရဲ့ အသားငါးရောင်းတဲ့ ဆိုင်ကြီးတွေမှာ အသားငါးတွေကို ခုတ်ထစ် ရောင်းချလေ့ မရှိကြဘဲ အကောင်လိုက်ကိုသာ ရောင်းချကြပြီး မိချောင်း၊ ငါးမန်းနဲ့ တခြားသော တိရစ္ဆာန်တွေကို အကောင်လိုက် ရေခဲရိုက်ရောင်းချကြတာပဲ ဖြစ်ပါတယ်။
Ref : www.storypick.com