Culture

မတ်လမှာ ကျင်းပလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ ပွဲတော်များ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာမှာ ရဟန်းခံ ရှင်ပြုပွဲကိစ္စက အလွန်အရေးကြီးပါတယ်။ မကြာခင်မှာ ကျောင်းတွေလည်း ပိတ်တော့မှာဖြစ်တဲ့အတွက် မိဘတွေဟာ ကိုယ့်သားတွေကို ဘုန်းကြီးကျောင်းတွေပို့ပြီး ကိုရင် ရဟန်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို သင်ကြားစေသလို ဗုဒ္ဓရဲ့ ဓမ္မသဘောတရားတွေကိုလည်း သင်ကြားစေပါတယ်။

အဲဒီနောက်မှာတော့ ပရိက္ခရာ ၈ ပါးနဲ့ အတူ ရဟန်းခံရှင်ပြုစေပါတယ်။ ဒီအပြုအမူတွေဟာ ဗုဒ္ဓဘာသာ မိသားစုအတွင်းမှာတော့ အလွန်ကို အရေးကြီးတဲ့ အပြုအမူပဲ ဖြစ်ပါတယ်။ရဟန်းခံ ရှင်ပြုပွဲအပြင် မတ်လ(တပေါင်းလ)အတွင်းမှာ နောက်ထပ်ကျင်းပတဲ့ပွဲတော်တွေလည်း ရှိပါသေးတယ်။

အဲဒီပွဲတော်ကတော့ ရွှေနတ်တောင်ဘုရားပွဲပါ။ ဒီဘုရားပွဲကိုတော့ ရွှေတောင်မြို့မှာ ကျင်းပလေ့ရှိပါတယ်။ ဒီဘုရားပွဲတော်မှာဆိုရင်တော့ ဘုရားဖူးအများအပြားဟာ ကိုယ်ပိုင် လှည်းကလေးတွေနဲ့ ဘုရားပွဲကို လာလေ့ရှိပါတယ်။ အဲဒီဘုရားပွဲမှာဆိုရင်တော့ ကလေးကစားစရာပစ္စည်း အစုံအလင်အပြင် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းအမျိုးမျိုးကိုလည်း ဝယ်ယူရနိုင်ပါသေးတယ်။ ဒေသခံတွေကတော့ ရွှေနတ်တောင်ဘုရားကို ပျူခေတ်ကတည်ခဲ့လို့ ယူဆထားကြပါတယ်။

 

နောက်ထပ် အထင်ကရပွဲတော်ကြီးတခုကတော့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အင်းတော်ကြီးအိုင်၊ ရွှေမဉ္စူဘုရားပွဲတော်ပါ။ ဒီဘုရားပွဲတော်ကြီး ကျင်းပနေတဲ့အချိန်မှာဆိုရင်တော့ ဘုရားဖူး အများအပြား လာရောက်ပါတယ်။ အင်းတော်ကြီးအိုင်ဟာ အလျား ၁၆ မိုင် အနံ ၈ မိုင်လောက် ကျယ်ဝန်းပြီး အင်းတော်ကြီးအိုင်တဝိုက် မှာနေထိုင်ကြသူ အများစုက ရှမ်းလူမျိုးတွေပါ။ ဘုရားပွဲ ကျင်းပနေတဲ့အချိန်ဆိုရင်တော့ ဘုရားဆီသွားဖို့ လူသွားလမ်းကလေး တွေပေါ်လာတတ်ပြီး အဲဒီလမ်းတွေကိုတော့ နတ်တွေကခင်းပေးတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။

နောက်ထပ် ကျင်းပတဲ့ပွဲတော်ကတော့ သီပေါဘော်ကြိုဘုရားပွဲတော်ပါ။ ဒီဘုရားပွဲတော်ကိုတော့ ရှမ်းပြည်ကဘုရားဖူးတွေသာမက မြန်မာနိုင်ငံက ခရီးသွားတွေပါလာရောက်ကြပါတယ်။ ဒီပွဲတော် ကျင်းပနေတဲ့အချိန်အတွင်းမှာဆိုရင်တော့ ရှမ်းလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့ နေထိုင်မှုစနစ်တွေကိုပါ လေ့လာနိုင်သလို အရသာရှိတဲ့ရှမ်းအစားအသောက်တွေကိုလည်း စားသုံးနိုင်ပါသေးတယ်။

မြန်မာနိုင်ငံအရပ်ရပ်မှာ အခြားထင်ရှားတဲ့ တပေါင်းဘုရားပွဲတော်တွေလည်း ရှိကြပါသေးတယ်။ အဲဒါတွေကတော့ ဇလွန်ပြည်တော်ပြန်ဘုရားပွဲ ၊ ပင်းတယလိုဏ်ဂူဘုရားပွဲ ၊ ရွှေမျက်မှန်ဘုရားပွဲ စတာတွေပါပဲ။

Ref:gomyanmartours

Did you find apk for android? You can find new Free Android Games and apps.
Loading