ထိုင်းနိုင်ငံမှာလည်း မြန်မာနိုင်ငံရဲ့ သင်္ကြန်ပွဲတော်လိုပဲ ရေပက် ဆော့ကစားတဲ့ ဆုန်ခရန်ပွဲတော် ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ဆုန်ခရန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ဆုန်ခရန်ပွဲတော်ကိုတော့ ထိုင်းနိုင်ငံရဲ့ မြို့တော်၊ ဘန်ကောက်မြို့မှာသာမက အခြားမြို့တွေမှာပါ စည်စည်ကားကား ကျင်းပလေ့ ရှိပါတယ်။ ဆုန်ခရန်ပွဲတော်ဟာ နိုင်ငံတကာ ခရီးသွားတွေအတွက် ဆွဲဆောင်မှု တခုဖြစ်သလို ပွဲတော်ကာလမှာ အခြား ဖျော်ဖြေရေး ပွဲတော်တွေလည်း ထိုင်းနိုင်ငံရဲ့ လမ်းတိုင်းလိုလိုမှာ ရှိနေတတ်ပါတယ်။
Suphan Buri ပြည်နယ်နဲ့ Ang Thong ပြည်နယ်အတွင်းမှာဆိုရင် ဆုန်ခရန်ပွဲတော်ကို ရိုးရာထုံးတမ်းစဉ်လာနဲ့ အညီ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပြည်နယ်အတွင်းက အဓိကကျတဲ့ မြို့ ကြီးတွေမှာဆိုရင်လည်း ဆုန်ခရန်ပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမှာ ဖြစ်ပါတယ်။
ဧပြီ ၁၃ ရက်နေ ၁၅ ရက်နေ့အထိ Suphan Buri ရဲ့ Artiwara လမ်းမတလျှောက်နဲ့ Ang Thong ရဲ့ Khao Suk လမ်းမတလျှောက်မှာဆိုရင် ကြီးမားတဲ့ မဏ္ဍပ်တွေ ထိုးပြီး ဆုန်ခရန်ပွဲတော်ကို ကျင်းပမှာပါ။
Photharam ခရိုင်ရဲ့ မြို့တော်တွေအတွင်းမှာဆိုရင်လည်း ဆုန်ခရန်ပွဲတော်ကို အကြီးအကျယ် ကျင်းပပါလိမ့်မယ်။ Wat Khanon ကျောင်းတော်မှာဆိုရင်လည်း ဧပြီ ၁၃ ကနေ ၁၄ ရက်နေ့အထိ ဆုန်ခရန်ပွဲတော်ကို ကျင်းပမှာပါ။
ထိုင်းနိုင်ငံ ဆုန်ခရန်ပွဲတော်မှာ ထူးခြားတာ တခုက ရုပ်သေးပွဲပါ။ နိုင်ငံအတွင်းက ထင်ရှားတဲ့ ဘုန်းကြီးကျောင်းတွေမှာ ရုပ်သေးပွဲတော်တွေကို ကျင်းပလေ့ရှိသလို လာရောက် လည်ပတ်ကြတဲ့ ဧည့်သည်တွေအတွက်လည်း ဒေသအစားအသောက် အမျိုးမျိုးကို စားသောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။
Ref. bangkokpost