စပိန်နိုင်ငံမှာဆိုရင်တော့ လူတွေနဲ့ဆောက်တဲ့ မျှော်စင်ပွဲတော်ကို နှစ်စဉ်လိုလိုကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတော်တခုဖြစ်သလို စိတ်လှုပ်ရှားစရာလည်းကောင်းတဲ့ ပွဲ တော်တခုပါပဲ။ စိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်းကတော့ လူတယောက်ဟန်ချက်ပျက်တာနဲ့ ကျန်လူတွေအားလုံး ပြိုကျသွားနိုင်တဲ့အတွက်ပါပဲ။
ဒီပွဲတော်ကိုတော့ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Catalonia ဒေသမှာ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ကျင်းပတဲ့ကာလမှာဆိုရင်တော့ လူပေါင်းများစွာပါဝင်တဲ့ အဖွဲ့အသီးသီးတွေက ဝင်ရောက် ယှဉ်ပြိုင်လေ့ရှိကြပါတယ်။ အဖွဲ့ဝင်အချင်းချင်းတွေဟာ တယောက်အပေါ်တယောက် မတ်တပ် ရပ် ပြီး အမြင့်ဆုံးမျှော်စင်ကို ဆောက်လုပ်ကြပြီး ပြိုကျမသွားတဲ့အသင်းက အနိုင်ရလေ့ရှိပါတယ်။
အစတုန်းကတော့ ဒီပွဲတော်ကို ကျေးလက်ဒေသတွေမှာသာ ကျင်းပလေ့ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တော့ မြို့တွေမှာပါကျင်းပလာခဲ့ကြပါတယ်။ လူသားတွေနဲ့ဆောက်တဲ့ မျှော်စင်ပွဲတော်ဟာ လူငယ် တွေအတွက် သီးသန့်ရည်ရွယ်ကျင်းပတဲ့ ပွဲတော့မဟုတ်ပါဘူး။ ယောကျ်ား ၊ မိန်းမ ၊ လူကြီး ၊ လူငယ် အားလုံးအတွက် ရည်ရွယ်ကျင်းပတဲ့ ပွဲတပွဲပါ။
အရွယ်ငယ်တဲ့ကလေးတွေကတော့ အမြင့်ဆုံးအဆင့်ကို တက်လေ့ရှိကြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ Helmet ဆောင်းထားလေ့ရှိကြပါတယ်။
Ref:theatlantic&en.wikipedia