“အမေများနေ့”မှာ မိခင်ဖြစ်သူကို လက်ဆောင်တွေပေးကြတဲ့ အလေ့အထဟာ မြန်မာပြည်ကို ရောက်လာတာ သိပ်မကြာသေးပါဘူး။ အမေရိကန်နိုင်ငံမှာတော့ အမေများနေ့မှာ သားသမီးတွေက မိခင်တွေကို ပန်း၊ ကဒ် နဲ့ လက်ဆောင်ပစ္စည်း အမျိုးမျိုးကို ပေးလေ့ရှိပြီး မိခင်မေတ္တာအတွက် ဂုဏ်ပြုလေ့ရှိကြပါတယ်။
ဒါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက အမေများနေ့ကို ဘယ်လို ကျင်းပကြလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) မက္ကဆီကို
မက္ကဆီကို နိုင်ငံမှာတော့ အမေများနေ့မှာ သီချင်းဆိုတဲ့ အဖွဲ့တွေကို ငှားပြီး သီချင်းဆိုခိုင်းလေ့ရှိပါတယ်။ အမေဖြစ်သူက နားထောင်ချင်တဲ့ သီချင်းတိုင်းကို သီချင်းဆိုတဲ့ အဖွဲ့က ဆိုပေးရပါတယ်။ Mariachi အဖွဲ့တွေကို အချိန်ပိုင်းနဲ့ ငှားရတာလည်း ဖြစ်ပါတယ်။ မက္ကဆီကို တောင်ပိုင်းမှာတော့ ကလေးတွေဟာ သီချင်းဆိုတဲ့ အဖွဲ့တွေနဲ့ အတူတူ သီချင်းလိုက်ပြီး ဆိုပြလေ့ရှိကြပါတယ်။
(၂) အင်္ဂလန်
Mothering Sunday ကို အမေများနေ့လို့ပဲ အင်္ဂလန်နိုင်ငံက သတ်မှတ်ထားပါတယ်။ အလယ်ခေတ်ကတည်းက ကျင်းပလာတဲ့ အမေများနေ့မှာ သားသမီးတွေဟာ မိခင်ဖြစ်သူကို အသီးအနှံတွေပါတဲ့ ကိတ်မုန့်လက်ဆောင် ပေးကြပါတယ်။ အမေတွေဟာ အကောင်ဆုံးတွေနဲ့ပဲ ထိုက်တန်တယ်လို့ ယူဆတာကြောင့် အကောင်းဆုံးဆိုတဲ့ ဂျုံတွေနဲ့ ပြုလုပ်ထားတဲ့ ကိတ်ကို ပေးလေ့ရှိတယ်လို့ သိရပါတယ်။
(၃) အစ္စရေး
၁၉၈၀ ပြည့်နှစ်က စတင်ပြီး အစ္စရေး နိုင်ငံမှာ အမေများနေ့ကို မိသားစုနေ့ဆိုပြီး ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ စစ်အတွင်းမှာ ဒုက္ခရောက်ခဲ့တဲ့ မိသားစုဝင်တွေကို အောက်မေ့တဲ့ နေ့ဖြစ်ပြီး မိသားစုဝင်တိုင်းက ပါဝင်ဆင်နွှဲရတဲ့ နေ့လည်း ဖြစ်ပါတယ်။
(၄) ထိုင်း
ထိုင်းနိုင်ငံမှာတော့ အမေများနေ့ကို ကျောင်းတွေမှာ အဓိက ကျင်းပကြပါတယ်။ ကလေးတွေဟာ မိခင်တွေကို ဖျော်ဖြေလေ့ရှိပြီး မိခင်ကို ကန်တော့တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
Ref;Rd
You may also like these stories:
ဂျိုလီရဲ့ “Maleficent 2” ရုပ်ရှင်မှာ ကလေးနှစ်ဦးကို ပါဝင်သရုပ်ဆောင်ခွင့် မပြုတဲ့ ဘရက်ပစ်
လည်ပင်း အကြောဆန့်လိုက်ရာမှ ရုတ်တရက် လေဖြတ်သွားခဲ့တဲ့ အမျိုးသမီး
ရာသီခွင်အလိုက် စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်းကောင်းများ
သင့်ကလေး အိပ်ရာပေါ် အပေါ့သွားတာကို ဘယ်လို တားဆီးမလဲ
လမ်းပေါ်က ကောင်လေး တယောက်အကြောင်း (သို့မဟုတ်) Gully Boy (2019)